Wednesday, 22 April 2020 11:15

666666.jpg

 

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့မှ ရထားအချို့နှင့် မန္တလေး-ပုဂံ၊ မန္တလေး-လားရှိုး၊ မန္တလေး-မုံရွာ၊ မန္တလေး-ခင်ဦး၊ မန္တလေး-မတ္တရာနှင့် မန္တလေး-နဘားလမ်းပိုင်းတို့မှ ရထားခရီးစဉ်များကို ဧပြီလ ၃၀ ရက်ထိ ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

“ မဖြစ်မနေသွားလာရမည့် ဒေသခံပြည်သူများအတွက် မန္တလေး-ရန်ကုန်အတွက် ၁၁ အဆန်၊ ၁၂ အစုန်၊ မန္တလေး-မြစ်ကြီးနားအတွက် ၄၁ အဆန်၊ ၄၂ အစုန် ခွဲပေးပါတယ်။ မန္တလေး-မြစ်ကြီးနား ၁ အဆန်ကို ညနေ ၅ နာရီခွဲ ထွက်ပါတယ်။ ခရီးသည် ၈၀ ဝန်းကျင် စီးနင်းပါတယ်၊ မန္တလေး-ရန်ကုန်ရထားမှာ ညနေ ၄ နာရီခွဲ ထွက်ပါတယ်၊ ခရီးသည် ၇၀ ဝန်းကျင်စီးပါတယ် " ဟု မြန်မာ့မီးရထားမှ မန္တလေးဘူတာရုံပိုင်ချုပ် ဦးမြင့်သိန်းက ပြောသည်။

သင်္ကြန်အပြီးကာလတွင် မန္တလေးတိုင်းဒေသကြီးတွင် ညမထွက်ရ သတ်မှတ်ထားသည့်အတွက် ညပိုင်းရထား ဝင်ရောက်မှုမရှိအောင် ဧပြီ ၁၉ ရက်မှ စတင်ပြီး နံနက် ၅ နာရီထွက်သည့် ၁၂ အစုန်ရထား၊ ရန်ကုန်မှ ဝင်ရောက်လာမည့် ၁၁ အဆန်ရထားသည် ည ၁၁ နာရီ ရောက်မည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါရထားကို အစီအစဉ်သစ်အနေဖြင့် ညနေ ၄ နာရီခွဲတွင် အမှတ် ၄ အစုန်ထွက်သည့် အရှေ့တွင် စီစဉ်ပေးထားပြီး အမှတ် ၄ အစုန်ရထားသည် အမှတ် ၁၂ အစုန် ရပ်တန့်သည့် ဘူတာတိုင်းတွင် ရပ်တန့်မည်ဖြစ်ကြောင်း ဆက်လက် ပြောပြသည်။

ယခုအခါ မန္တလေး-ရန်ကုန်ရထားကို ညနေ ၄ နာရီခွဲတွင် ရိုးရိုးတန်း ခုနစ်တွဲ အထက်တန်း လေးတွဲပါသည့် အမှတ် ၄ အစုန်ရထားနှင့် မန္တလေး-မြစ်ကြီးနား ရထားကို ညနေ ၅ နာရီခွဲတွင် အမှတ် ၄၁အဆန်ရထားဖြင့် မန္တလေးဘူတာကြီးမှ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

==============================

မႏၲေလးဘူတာမွ ထြက္ခြာမည့္ ရထားခရီးစဥ္ ( ၈ ) ခုကို လကုန္ထိ ရပ္နားမည္

ျမန္မာ့မီးရထားမွ ေျပးဆြဲေနသည့္ မႏၲေလး-ရန္ကုန္၊ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းတို႔မွ ရထားအခ်ိဳ႕ႏွင့္ မႏၲေလး-ပုဂံ၊ မႏၲေလး-လားရႈိး၊ မႏၲေလး-မုံ႐ြာ၊ မႏၲေလး-ခင္ဦး၊ မႏၲေလး-မတၱရာႏွင့္ မႏၲေလး-နဘားလမ္းပိုင္းတို႔မွ ရထားခရီးစဥ္မ်ားကို ဧၿပီလ ၃၀ ရက္ထိ ယာယီရပ္နားထားမည္ ျဖစ္ေၾကာင္း သိရသည္။

“ မျဖစ္မေနသြားလာရမည့္ ေဒသခံျပည္သူမ်ားအတြက္ မႏၲေလး-ရန္ကုန္အတြက္ ၁၁ အဆန္၊ ၁၂ အစုန္၊ မႏၲေလး-ျမစ္ႀကီးနားအတြက္ ၄၁ အဆန္၊ ၄၂ အစုန္ ခြဲေပးပါတယ္။ မႏၲေလး-ျမစ္ႀကီးနား ၁ အဆန္ကို ညေန ၅ နာရီခြဲ ထြက္ပါတယ္။ ခရီးသည္ ၈၀ ဝန္းက်င္ စီးနင္းပါတယ္၊ မႏၲေလး-ရန္ကုန္ရထားမွာ ညေန ၄ နာရီခြဲ ထြက္ပါတယ္၊ ခရီးသည္ ၇၀ ဝန္းက်င္စီးပါတယ္ " ဟု ျမန္မာ့မီးရထားမွ မႏၲေလးဘူတာ႐ုံပိုင္ခ်ဳပ္ ဦးျမင့္သိန္းက ေျပာသည္။

သၾကၤန္အၿပီးကာလတြင္ မႏၲေလးတိုင္းေဒသႀကီးတြင္ ညမထြက္ရ သတ္မွတ္ထားသည့္အတြက္ ညပိုင္းရထား ဝင္ေရာက္မႈမရွိေအာင္ ဧၿပီ ၁၉ ရက္မွ စတင္ၿပီး နံနက္ ၅ နာရီထြက္သည့္ ၁၂ အစုန္ရထား၊ ရန္ကုန္မွ ဝင္ေရာက္လာမည့္ ၁၁ အဆန္ရထားသည္ ည ၁၁ နာရီ ေရာက္မည္ ျဖစ္သည္။

ထို႔ေၾကာင့္ အဆိုပါရထားကို အစီအစဥ္သစ္အေနျဖင့္ ညေန ၄ နာရီခြဲတြင္ အမွတ္ ၄ အစုန္ထြက္သည့္ အေရွ႕တြင္ စီစဥ္ေပးထားၿပီး အမွတ္ ၄ အစုန္ရထားသည္ အမွတ္ ၁၂ အစုန္ ရပ္တန႔္သည့္ ဘူတာတိုင္းတြင္ ရပ္တန႔္မည္ျဖစ္ေၾကာင္း ဆက္လက္ ေျပာျပသည္။

ယခုအခါ မႏၲေလး-ရန္ကုန္ရထားကို ညေန ၄ နာရီခြဲတြင္ ႐ိုး႐ိုးတန္း ခုနစ္တြဲ အထက္တန္း ေလးတြဲပါသည့္ အမွတ္ ၄ အစုန္ရထားႏွင့္ မႏၲေလး-ျမစ္ႀကီးနား ရထားကို ညေန ၅ နာရီခြဲတြင္ အမွတ္ ၄၁အဆန္ရထားျဖင့္ မႏၲေလးဘူတာႀကီးမွ ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

Source: Millor


Read 447 times Last modified on Wednesday, 22 April 2020 11:52
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.