Tuesday, 24 March 2020 09:43

90202337_3270367669659182_7475015877151162368_n_1.jpg

 

( Unicode )

ကို႐ိုနာေရာဂါ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ႏိုင္ရန္အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ Covid-19 ၏ အဓိကလကၡဏာမ်ား၊ ေရာဂါကူးစက္ပုံႏွင့္ ေရာဂါကာကြယ္ႏိုင္မည့္ နည္းလမ္းမ်ားကို ထုတ္ျပန္ ေၾကညာထားပါသည္။

အထူးသျဖင့္…
- တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕သို႔ လြန္ခဲ့သည့္ (၁၄) ရက္အတြင္း ခရီးသြားခဲ့ျခင္း
- လြန္ခဲ့သည့္ (၁၄) ရက္အတြင္း Covid-19 ျဖစ္ပြားသည္ဟု သံသယရွိသူ သို႔ အတည္ျပဳျခင္းခံရသူႏွင့္ အတူေနထိုင္ခဲ့ျခင္း၊
- ဖ်ားျခင္း ( အပူခ်ိန္ ၃၈°C ႏွင့္ အထက္ရွိျခင္း )
- ေခ်ာင္းဆိုးျခင္း၊
- အသက္ရႉရ ခက္ခဲျခင္း၊
- အားအင္ကုန္ခမ္းျခင္း စသည့္ လကၡဏာမ်ား ေပၚေပါက္လာပါက Covid-19 သံသယလူနာဟု သတ္မွတ္ႏိုင္မည္ ျဖစ္သည္။

အဆိုပါေရာဂါ ကူးစက္ပုံအား အတိအက် အတည္ျပဳႏိုင္ျခင္း မရွိေသးေသာ္လည္း ယခင္အလားတူ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးမ်ား၏ ကူးစက္ပုံမ်ားအရ...
- ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္းမွတစ္ဆင့္ တုပ္ေကြးေရာဂါဗိုင္းရပ္စ္ပိုး (Influenza Virus) မ်ား အပါအဝင္ အျခားေရာဂါပိုးမ်ား ေလထဲသို႔ ေရာက္ရွိၿပီး အသက္ရႉလမ္းေၾကာင္းမွတစ္ဆင့္ တိုက္႐ိုက္ ကူးစက္ပ်ံ႕ႏွံ႔ေစျခင္း
- အရာဝတၳဳမ်ား၌ ထိကပ္ေနေသာ ေရာဂါပိုးမ်ားအား လက္ႏွင့္ ကိုင္တြယ္ ထိေတြ႕ရာမွတစ္ဆင့္ ကူးစက္ပ်ံ႕ႏွံ႔ေစျခင္းမ်ား ျဖစ္ႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကို႐ိုနာေရာဂါ ကူးစက္ ျဖစ္ပြားျခင္းမွ ကာကြယ္ႏိုင္ရန္အတြက္…
- ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း စသည့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာ ခံစားေနရသူမ်ားႏွင့္ အနီးကပ္ေနထိုင္ျခင္းမွ ေရွာင္ၾကဥ္ပါ။
- လူထူထပ္ေသာေနရာမ်ားကို သြားလာျခင္းမွ ေရွာင္ၾကဥ္ပါ။
- လက္ကို စင္ၾကယ္ေအာင္ ဆပ္ျပာႏွင့္ ေရတို႔ကို အသုံးျပဳ၍ မၾကာခဏ ေဆးေၾကာပါ။
- ႏွာေခ်၊ ေခ်ာင္းဆိုးသည့္အခါ ႏွာေခါင္းႏွင့္ ပါးစပ္ လုံၿခဳံေအာင္ ဖုံးအုပ္ထားေသာ အဝတ္ ( သို႔ ) Mask အသုံးျပဳပါ။ အထူးသျဖင့္ ဘတ္စ္ကားစီးစဥ္ အျခားသူမ်ားထံသို႔ ေရာဂါ မကူးစက္ေစရန္ သတိျပဳပါ။
- ႏွာေခ်၊ ေခ်ာင္းဆိုးသည့္အခါ တစ္ရႉးအသုံးျပဳပါက အမႈိက္ပုံးထဲသို႔ ေသခ်ာစြာ လႊင့္ပစ္ပါ။
- တိရစာၦန္မ်ားႏွင့္ အကာအကြယ္ မရွိဘဲ တိုက္႐ိုက္ထိေတြ႕ျခင္းမွ ေရွာင္ၾကဥ္ပါ။
- အသား၊ ငါးမ်ားကို ေသခ်ာစြာ က်က္ေအာင္ စနစ္တက်ခ်က္ျပဳတ္ၿပီးမွ စားသုံးပါ။
- တစ္ကိုယ္ေရသန႔္ရွင္းမႈ ဂ႐ုျပဳေဆာင္႐ြက္ပါ။
- ေကာင္းစြာ အိပ္စက္အနားယူပါ။
- အာဟာရျပည့္ဝသည့္ အစားအစာမ်ား စားသုံးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ မွန္မွန္ျပဳလုပ္ပါ။

Su Mon Oo ( Mine )
Source - MOHS

 

( Zawgyi )

ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid-19 ၏ အဓိကလက္ခဏာများ၊ ရောဂါကူးစက်ပုံနှင့် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများကို ထုတ်ပြန် ကြေညာထားပါသည်။

အထူးသဖြင့်…
- တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ လွန်ခဲ့သည့် (၁၄) ရက်အတွင်း ခရီးသွားခဲ့ခြင်း
- လွန်ခဲ့သည့် (၁၄) ရက်အတွင်း Covid-19 ဖြစ်ပွားသည်ဟု သံသယရှိသူ သို့ အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်း၊
- ဖျားခြင်း ( အပူချိန် ၃၈°C နှင့် အထက်ရှိခြင်း )
- ချောင်းဆိုးခြင်း၊
- အသက်ရှူရ ခက်ခဲခြင်း၊
- အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက Covid-19 သံသယလူနာဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

အဆိုပါရောဂါ ကူးစက်ပုံအား အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယခင်အလားတူ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများ၏ ကူးစက်ပုံများအရ...
- ချောင်းဆိုးခြင်း၊ နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Influenza Virus) များ အပါအဝင် အခြားရောဂါပိုးများ လေထဲသို့ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် ကူးစက်ပျံ့နှံ့စေခြင်း
- အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေခြင်းများ ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ကိုရိုနာရောဂါ ကူးစက် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက်…
- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
- လူထူထပ်သောနေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။
- လက်ကို စင်ကြယ်အောင် ဆပ်ပြာနှင့် ရေတို့ကို အသုံးပြု၍ မကြာခဏ ဆေးကြောပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ် လုံခြုံအောင် ဖုံးအုပ်ထားသော အဝတ် ( သို့ ) Mask အသုံးပြုပါ။ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါ မကူးစက်စေရန် သတိပြုပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာ လွှင့်ပစ်ပါ။
- တိရစ္ဆာန်များနှင့် အကာအကွယ် မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- အသား၊ ငါးများကို သေချာစွာ ကျက်အောင် စနစ်တကျချက်ပြုတ်ပြီးမှ စားသုံးပါ။
- တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။
- ကောင်းစွာ အိပ်စက်အနားယူပါ။
- အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

Su Mon Oo ( Mine )
Source - MOHS


Read 397 times Last modified on Sunday, 05 April 2020 20:15
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.