Wednesday, 11 March 2020 18:09

18581856_1846421242273910_1599315208012590279_n_1.jpg

( Unicode )

ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ျပည္သူေတြအေနနဲ႔ မီးေလာင္မႈတစ္ခု ျဖစ္ေပၚလာတဲ့အခါ လြယ္ကူ လ်င္ျမန္စြာ သတင္းေပးပို႔ႏိုင္ဖို႔အတြက္ 191 Report ဆိုတဲ့ Mobile App ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလက Google Play Store နဲ႔ Apple Store ေတြမွာ Beta Version လႊင့္တင္ခဲ့ပါတယ္။

" ဒီ App ကေနတစ္ဆင့္ မိမိအိမ္ သို႔ မိမိအနီးအနားက မီးေလာင္မႈေတြကို ဓာတ္ပုံ႐ိုက္ၿပီး သတင္းေပးပို႔လို႔ ရပါတယ္။ တစ္ေယာက္ေယာက္က သတင္းေပးပို႔လာတဲ့အခါ ကြၽန္ေတာ္တို႔ဆီ Alert ျဖစ္တယ္။ ဓာတ္ပုံေပးပို႔႐ုံနဲ႔ ကြၽန္ေတာ္တို႔ Location ပါ သိရတယ္။ အဲဒီအတြက္ နီးစပ္ရာၿမိဳ႕နယ္ေတြက မီးသတ္တပ္ဖြဲ႕ေတြကို အျမန္ဆုံး လႊတ္ေပးပါတယ္ " လို႔ ဦးသိန္းထြန္းဦး ( ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ ဌာနခ်ဳပ္ ၫႊန္ၾကားေရးမႉး ) က ေျပာပါတယ္။

Mobile App အသုံးျပဳတဲ့သူေတြအေနနဲ႔ မီးေလာင္မႈ ျဖစ္ေပၚလာပါက ဓာတ္ပုံ႐ိုက္ သတင္းေပးပို႔ႏိုင္မွာ ျဖစ္တဲ့အျပင္ ျမန္မာတစ္ႏိုင္ငံလုံးက မီးေလာင္မႈသတင္းေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ဖတ္ရႈႏိုင္ၿပီး တိုင္းနဲ႔ျပည္နယ္ အသီးသီးမွာရွိတဲ့ မီးသတ္စခန္းေတြရဲ႕ လိပ္စာ၊ ဖုန္းနံပါတ္ေတြကိုပါ သိရွိႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ Application ကေနတဆင့္ မီးေလာင္မႈသာမကပဲ သဘာဝေဘးအႏၲရာယ္မ်ား၊ အျခား႐ုတ္တရက္ျဖစ္ပြားသည့္ ေဘးအႏၲရာယ္မ်ားႀကဳံေတြ႕ရသည့္အခါတြင္လည္း မီးသတ္ဦးစီးဌာနကို သတင္းေပးပို႔ အကူအညီေတာင္းခံႏိုင္တယ္လို႔ သိရပါတယ္။

ဦးသိန္းထြန္းဦးက " မီးေလာင္မႈ ေတာ္ေတာ္မ်ားမ်ားမွာ အေၾကာင္းၾကားမယ့္သူ မရွိတာက ျပႆနာျဖစ္တယ္။ 191 ကို ဖုန္းဆက္လို႔ ရသလို အခုဆိုရင္ App ကေနလည္း သတင္းေပးပို႔လို႔ ရတယ္။ မီးေလာင္ေၾကာင္း သိတာနဲ႔ မီးသတ္ယာဥ္ေတြ ခ်က္ခ်င္း လႊတ္ေပးႏိုင္မယ္ဆိုရင္ ထိခိုက္ နစ္နာမႈေတြ ပိုေလ်ာ့နည္းမွာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ျပည္သူေတြကို Awareness ပိုေပးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္ " လို႔ ဆိုပါတယ္။

လက္ရွိ သုံးလတာကာလအတြင္းမွာ အဆိုပါ Application ကို Register လုပ္ၿပီး အသုံးျပဳသူစု စုေပါင္း ( ၆,၀၀၀ ) ေက်ာ္ ရွိလာေပမဲ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ အသုံးျပဳသူ ေတာ္ေတာ္ေလး နည္းပါးေနပါေသးတယ္။

တစ္ႏိုင္ငံလုံးမွာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလက မီးေလာင္မႈ ၁၉၅ ႀကိမ္ ျဖစ္ၿပီး က်ပ္သန္းေပါင္း ၁,၁၈၆ သန္းေက်ာ္၊ ေဖေဖာ္ဝါရီလမွာဆိုရင္ ၃၀၃ ႀကိမ္ ျဖစ္ၿပီး က်ပ္သန္းေပါင္း ၄,၃၁၃ သန္းေက်ာ္၊ ယခုႏွစ္ ႏွစ္လတာအတြင္းမွာပဲ စုစုေပါင္း က်ပ္သန္းေပါင္း ၅,၀၀၀ ေက်ာ္ နစ္နာ ဆုံးရႈံးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ဟာ ၁၀ ႏွစ္တာကာလအတြင္း မီးေလာင္မႈ အႀကိမ္ေရ အမ်ားဆုံး ျဖစ္ပြားခဲ့ပါတယ္။ မီးေလာင္မႈေပါင္း ၂,၁၅၅ ႀကိမ္ ျဖစ္ခဲ့ၿပီး က်ပ္သန္းေပါင္း ၃,၀၀၀ ေက်ာ္ ဆုံးရႈံးခဲ့ရပါတယ္။

 

( Zawgyi )

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချပေးနိုင်မယ့် 191 Report App

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြည်သူတွေအနေနဲ့ မီးလောင်မှုတစ်ခု ဖြစ်ပေါ်လာတဲ့အခါ လွယ်ကူ လျင်မြန်စွာ သတင်းပေးပို့နိုင်ဖို့အတွက် 191 Report ဆိုတဲ့ Mobile App ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက Google Play Store နဲ့ Apple Store တွေမှာ Beta Version လွှင့်တင်ခဲ့ပါတယ်။

" ဒီ App ကနေတစ်ဆင့် မိမိအိမ် သို့ မိမိအနီးအနားက မီးလောင်မှုတွေကို ဓာတ်ပုံရိုက်ပြီး သတင်းပေးပို့လို့ ရပါတယ်။ တစ်ယောက်ယောက်က သတင်းပေးပို့လာတဲ့အခါ ကျွန်တော်တို့ဆီ Alert ဖြစ်တယ်။ ဓာတ်ပုံပေးပို့ရုံနဲ့ ကျွန်တော်တို့ Location ပါ သိရတယ်။ အဲဒီအတွက် နီးစပ်ရာမြို့နယ်တွေက မီးသတ်တပ်ဖွဲ့တွေကို အမြန်ဆုံး လွှတ်ပေးပါတယ် " လို့ ဦးသိန်းထွန်းဦး ( မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ညွှန်ကြားရေးမှူး ) က ပြောပါတယ်။

Mobile App အသုံးပြုတဲ့သူတွေအနေနဲ့ မီးလောင်မှု ဖြစ်ပေါ်လာပါက ဓာတ်ပုံရိုက် သတင်းပေးပို့နိုင်မှာ ဖြစ်တဲ့အပြင် မြန်မာတစ်နိုင်ငံလုံးက မီးလောင်မှုသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုနိုင်ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ မီးသတ်စခန်းတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Application ကနေတဆင့် မီးလောင်မှုသာမကပဲ သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များကြုံတွေ့ရသည့်အခါတွင်လည်း မီးသတ်ဦးစီးဌာနကို သတင်းပေးပို့ အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

ဦးသိန်းထွန်းဦးက " မီးလောင်မှု တော်တော်များများမှာ အကြောင်းကြားမယ့်သူ မရှိတာက ပြဿနာဖြစ်တယ်။ 191 ကို ဖုန်းဆက်လို့ ရသလို အခုဆိုရင် App ကနေလည်း သတင်းပေးပို့လို့ ရတယ်။ မီးလောင်ကြောင်း သိတာနဲ့ မီးသတ်ယာဉ်တွေ ချက်ချင်း လွှတ်ပေးနိုင်မယ်ဆိုရင် ထိခိုက် နစ်နာမှုတွေ ပိုလျော့နည်းမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေကို Awareness ပိုပေးနိုင်အောင် ကြိုးစားနေပါတယ် " လို့ ဆိုပါတယ်။

လက်ရှိ သုံးလတာကာလအတွင်းမှာ အဆိုပါ Application ကို Register လုပ်ပြီး အသုံးပြုသူစု စုပေါင်း ( ၆,၀၀၀ ) ကျော် ရှိလာပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အသုံးပြုသူ တော်တော်လေး နည်းပါးနေပါသေးတယ်။

တစ်နိုင်ငံလုံးမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက မီးလောင်မှု ၁၉၅ ကြိမ် ဖြစ်ပြီး ကျပ်သန်းပေါင်း ၁,၁၈၆ သန်းကျော်၊ ဖေဖော်ဝါရီလမှာဆိုရင် ၃၀၃ ကြိမ် ဖြစ်ပြီး ကျပ်သန်းပေါင်း ၄,၃၁၃ သန်းကျော်၊ ယခုနှစ် နှစ်လတာအတွင်းမှာပဲ စုစုပေါင်း ကျပ်သန်းပေါင်း ၅,၀၀၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဟာ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှု အကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုပေါင်း ၂,၁၅၅ ကြိမ် ဖြစ်ခဲ့ပြီး ကျပ်သန်းပေါင်း ၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။

Su Mon Oo ( Mine )


Read 281 times Last modified on Thursday, 12 March 2020 11:24
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.