Published in About Mandalay

မန္တလေးမြို့တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲ၊ တပေါင်းလအထိ ပွဲလမ်းတွေ ဆက်နေသည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံးအနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ဇာတ်ပွဲသဘင်တွေ ထည့်ကြပါသည်။


ဆောင်းဒါး ရက်ကန်းကျောင်းသည် မြန်မာပြည်တွင် ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော ရက်ကန်းကျောင်းဖြစ်ပြီး အမရပူရမြို့(တောင်မြို့)ရှိ စစ်ကိုင်း-မန္တလေးလမ်းမပေါ်တွင် တည်ရှိပါတယ်။

Published in About Mandalay

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးသည် မန္တလေးတောင်ခြေက "မဟာလောကမာရဇိန်"လို့ ဘွဲ့တပ်ထားတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်ဘုရားကြီးထဲမှာ ရှိပါတယ်။

Published in About Mandalay

ရွှေခြည်ထိုးပညာသည် အလောင်းဘုရားလက်ထက်ကစ၍ ထွန်းကားခဲ့ပြီး အသုံးအဆောင်၊ အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည်၊ ရွှေကြယ်၊ ငွေကြယ်တို့ဖြင့် ပုံဖော်၍ ထိုးသည့်လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်ပါတယ်။


မန္တလေး၏ ခေတ်အမှီဆုံးနှင့် အလှပဆုံး မန်းသီတာဥယျာဉ် မန်းသီတာဥယျာဉ်မှာ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးအကြားရှိ မြေကွက်လပ်တွင် တည်ရှိသော ဥယျာဉ်တစ်ခုဖြစ်ပြီး ယခင်က မန္တလေး၏ ခေတ်အမှီဆုံးနှင့် အလှပဆုံးဥယျာဉ်လည်း ဖြစ်ခဲ့ပါတယ်။

Published in About Mandalay

ယနေ့ခေတ်လူငယ်အများစုထဲမှာ မန္တလေးရဲ့ အသည်းနှလုံး ဖြစ်တဲ့ မူလဈေးချို အစစ်အကြောင်းကို သိရှိသူနည်းပါးလှပါတယ်။ ဒါကြောင့် မန္တလေးမြို့တော်ကြီးရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ စျေးချိုကြီးရဲ့ သမိုင်းကြောင်းကို ဗဟုသုတရရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

Published in About Mandalay

ဈေးချို​တော်သည် မန္တ​လေးမြို့ရှိ ၈၄လမ်းနှင့် ၂၆ဘီလမ်း​ထောင့်တွင် တည်ရှိပြီး သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံး​ဈေးလည်းဖြစ်ပါတယ်။


မန္တလေးမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော ရတနာ့ဂူပွဲကို တောင်ပြုန်းပွဲတော်ကြီးအပြီး နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။


ကျောက်တော်ကြီးဘုရားသည် မန္တလေးမြို့မြောက်ဘက်၊ မန္တလေးတောင်ခြေအနီးတွင် တည်ရှိပြီး အကြီးဆုံးသော သလင်းကျောက်သားဆင်းတုတော် ဖြစ်ပါတယ်။


  ကိုယ်က မန္တလေးမြို့ကို အလည်အပတ်သွားနေတယ်။ ဒါပေမယ့် အပြန်လက်ဆောင်ဝယ်ဖို့ ခေါင်းစားနေရပါသလား။

Page 4 of 116