Wednesday, 09 November 2016 10:47

Not Hin

နို့ဟင်းမလိုင်သည် ကလေးသူငယ်များပါမက လူကြီးများအထိပါ ကြိုက်နှစ်သက်သော အာဟာရ အစားအစာတစ်မျိုးဖြစ်သည်။ နို့ဟင်းမလိုင်ကို အချို့က ကားလေးဖြင့်၊ အချို့လည်း လက်တွန်းလှည်းလေးများဖြင့် ရောင်းချလျက် ရှိကြသည်ကို တွေ့မြင်ရပါသည်။

အချို့ဆိုင်လေးများက နို့ဟင်းမလိုင်တစ်မျိုးတည်းသာ သီးသန့်ရောင်းချလေ့ရှိပြီး အချိုက ဒိန်ချဉ် အအေး စသဖြင့်လည်း တွဲစပ် ရောင်းချလေ့ရှိကြပါသည်။ ပန်းကန်လုံးလေးနှင့်ထည့်ထားသော နို့ဟင်းမလိုင် တစ်ပွဲကို သုံးရာမှ ငါးရာအထိ ရောင်းချကြပါသည်။

တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းအား တူညီမှု ကွဲပြားတတ်သလို အချို့ဆိုင်များသည် ဆိုင်တွင်ထိုင်၍ သုံးဆောင်သော စားသုံးသူများသကဲ့သို့ အချို့ဆိုင်များကမူ ပါဆယ် ဝယ်ယူ အားပေးသော ဖောက်သည် စားသုံးသူ ပိုကဲနေတတ်သည်ကို တွေ့ရှိရသည်။

မန္တလေးမြို့ပေါ်တွင် နို့ဟင်းမလိုင်ရောင်းသော ဆိုင်လေးများ နေရာအနှံ့အပြားရှိသော်လည်း စားသုံးနေကျ သူများအတွက် မည်သည့်နေရာတွင် နို့ဟင်းမလိုင် ရောင်းချသည်ကို သိရှိသော်လည်း တစ်ခါတစ်ရံ စိတ်အာသီသ ရှိ၍ သုံးဆောင်ချင်သူများအတွက်မူ မည်သည့်နေရာတွင် နို့ဟင်းမလိုင် ရောင်းတဲ့ ဆိုင်ကလေး များ ရှိမလဲ စဉ်းစားပေမယ့် ရုတ်တရက် ပေါ်မလာဘဲ ရှိနေတတ်ပါသည်။

အချို့ဆိုင်လေးတွေက ညနေပိုင်းမှာ ခပ်စောစော ဖွင့်လေ့ရှိပြီး များသောအားဖြင့်

ညနေ (၅) နာရီမှ (၉)နာရီ ဝန်းကျင်အထိသာ ရောင်းချလေ့ ရှိပါသည်

အောင်တော်မူဘုရားတောင်ဘက် ၂၉-၆၃လမ်းထောင့်

၁၉-လမ်း၊ ၈၆-၈၇လမ်းကြား ရွှေပြည်ဓမ္မာရုံအနီး

၂၆-လမ်း၊ ၇၈-၇၉လမ်းကြား

၁၁-၁၂လမ်းကြား၊ လမ်း ၈၀

၆၂-လမ်း၊ မနော်ဟရီလမ်းမြောက်ဘက်---တို့မှာ နို့ဟင်းမလိုင် ရောင်းချသော ဆိုင်လေးများကို သိရှိရသလောက် တင်ပြပေးလိုက်ပါတယ်၊ ထပ်မံပြီးလည်းဖြည့်စွပ်တင်ပြပေးသွားပါမည်။


Read 720 times Last modified on Wednesday, 09 November 2016 13:26
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.