Saturday, 29 October 2016 15:18

rakhine foods 03 copy

Arakan-အာရကန် (ရခိုင်အစားအစာ)

ခုရက်ပိုင်း နာမည်ကြီးနေပြီး ရခိုင် အရသာ ချဉ်ချဉ်စပ်စပ် ကြိုက်နှစ်သက်သူတွေအဖို့ ဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါရစေ။

အာရကန်လို့ နာမည်ပေးထားတဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။ ၈၅ လမ်း ၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြားထဲက ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။ သွားရောက် စားသောက်ဖို့ အခက်အခဲ ရှိသူတွေ အနေဖြင့်လည်း Delivery ဖြင့် မှာယူ စားသောက်နိုင်ပါတယ်။ Delivery service ဝန်ဆောင်မှု အတွက်ဆိုလျှင် Ph-09777222048 ၊ 09787827122 သို့ မှာယူ နိုင်ပါတယ်။

အဆိုပါ ဆိုင်လေးရဲ့ Hit item တွေဆိုရင် အာလူးကတ်တလိပ်ကြော်နှင့် ကြက်ခြေထောက် သုပ်ကို လူကြိုက်များကြကြောင်းသိရပါတယ်။ ဈေးနှုန်းများမှာ ၈၀၀ ကျပ်မှ အများဆုံး ၇၀၀၀ ကျပ် ထိဖြစ်ပါတယ်။ စားသုံးနိုင်သည့် menu များအနေဖြင့် -

အသုပ်များထဲတွင် ဝက်အူမကြီးသုပ် ၊ ဝက်အူလိမ်သုပ် -2000 ၊ ဝက်လျှာသုပ် ၊ ပုဇွန်သုပ် ၊ ပြည်ကြီးငါးသုပ် ၊ သနပ်သုပ် ၊ ရခိုင် သဘောင်္သီးသုပ် ၊ ငါးနီတူသုပ် ၊ ရခိုင် သခွါးခြစ်သုပ် ၊ ကျောက်ပွင့်သုပ် တို့ အား ရရှိနိုင်ပြီး

ကြက်သောက်ဆမ်း ၊ ကကတစ်သောက်ဆမ်း ၊ ငါးမြင်းဆီပြန်ချက် ၊ ဝက်နံကင် ၊ ကကတစ်ငါးအချောင်းကြော် ၊ ကြက်ခြေထောက်သုပ် တို့အား လည်း လူကြိုက်များကြကြောင်း သိရှိရပါတယ်။

ရခိုင်အစားအစာရဲ့ နာမည်ကြီးအာပူလျှာပူ လည်း ရရှိပါသေးတယ်။


Read 1195 times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.