Thursday, 29 September 2016 12:29

roast chicken dinner copy

D & G (Foods and Drinks)

၈၄ လမ်း ၊ ၃၂ နှင့် ၃၃ လမ်းထောင့်ရှိ D & G လို့ ဆိုလိုက်လျှင် မန္တလေးမှ အစားအသောက် ချစ်သူတို့ ရင်းနှီးထားပြီးသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ သင့်တင့်သော မျှတသော ဈေးနှုန်း နှင့် အရသာ ၊ သပ်ရပ်သော ဆိုင်အပြင်အဆင်ဖြင့် စားသုံးသူများအား ဆွဲဆောင်လျက်ရှိသည်။

ဆိုင်၏ လူကြိုက်အများဆုံး စားဖွယ်များ အနေဖြင့် ၊ ဝက်ချဉ်စပ် ထမင်း ၊ D & G ထမင်းကြော် နှင့် ရေခဲမုန့် ဖြစ်သည်။

D & G ၏ ရေခဲမုန့် သည် သဘာဝ သစ်သီးများ ဖြင့် အထူး ပြုလုပ်ထားခြင်းကြောင့် အနံ အရသာ မှာ သဘာဝ သစ်သီးများ၏ အရသာအား အပြည့်အဝ ရရှိစေမည် ဖြစ်၍ လာရောက်စားသုံးသူတိုင်း နှစ်ခြိုက်ကြလေ့ ရှိသည်။ ဒူးရင်းသီး ရေခဲမုန့်မှာ စားသုံးသူများ အကြိုက်အတွေ့ဆုံး ရေခဲမုန့် တစ်ခုဖြစ်သည်။ သီးစုံရေခဲမုန့် ၊ ဒိန်ချဉ်ရေခဲမုန့် နှင့် ပေါင်မုန့် ရေခဲညှပ် တို့ကိုလည်း မှာယူ သုံးဆောင်နိုင်သည်။

ဖျော်ရည်များထဲတွင် ခါကြက်ဥ ဖျော်ရည်နှင့် ပန်းသီး ဖျော်ရည်တို့အားမှာယူ မှု များပြားသည်။

အကြော် အလှော်များတွင် ခေါက်ဆွဲ ကြွပ်ကြော်မှာ လူစားများ၍ ၊ ကြက်ခြောက်ကြွပ်ကြော် ၊ အာလူးကတ်သလိပ်ကြော် တို့ကိုလည်း မှာယူ သုံးဆောင်နိုင်သည်။ ထမင်းနှင့် ဟင်းတွဲလျက် ဟင်းပွဲများအားလည်း မှာယူ သုံးဆောင်နိုင်သည်။

European foods နှစ်သက်သူများအဖို့ ကြက်သားရိုစ့် အား မြည်းစမ်းနိုင်၍ ၊ အသားစုံကင် ၊ မြေအိုးထမင်းပေါင်း၊ ဂျုံကြေးအိုးဆီချက်၊ ဟမ်ဘာဂါ နှင့် omelette ထမင်းကြော်များလည်း ရရှိသည်။


Read 569 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.