Friday, 08 July 2016 13:29

8851018 orig copy

Detox Salad for Good Health

Mexican ပြောင်းဖူးသုပ်

လိုအပ်သော ပစ္စည်းများ - White wine vinegar ၊ ဆား အနည်းငယ် ၊ ငရုပ်ကောင်းမှုန့် ၊ သံလွင်ဆီ ၊ ပြောင်းဖူး ၊ ခရမ်းချဉ်သီး၊ဒိန်ခဲ၊ ကြက်သွန်မြိတ် ၊ ပင်စိမ်းရွက် ၊ နံနံပင်

ပန်းကန်လုံးတစ်ခု ထဲမှာ vinegar ဆား (စားပွဲတင်ဇွန်း ၂ ဇွန်း) နှင့် ငရုတ်ကောင်း အနည်းငယ် ရောနယ်ထားပါ။ အရောအနှောထဲသို့ သံလွင်ဆီ ဖြည်းဖြည်းခြင်း လောင်းထည့်၍ မွှေပါ။

ပြောင်းဖူးတွေကို လှီးထားပါ။ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ဒိန်ခဲ ၊ ကြက်သွန်မြိတ် တို့နှင့် ရောနှောပါ။ အပေါ်မှာ ပြုလုပ်ထားသော vinegar အရောအနှောများ လောင်းထည့်ပါ။ ၁၅ မိနစ်ခန့် ထားပြီးနောက် ၊ salad အပေါ်မှ ပင်စိမ်းရွက် နှင့် နံနံပင် အနည်းငယ် အုပ်၍ စားသုံးနိုင်ပါပြီ။

refreshing watermelon summer salad feta cheese mint leaves watermelons summer ice cold organic healthy onions copy

ဖရဲသီး Salad

လိုအပ်သော ပစ္စည်းများ - ဖရဲသီး အနီ ၊ အဝါ ၊ ကြက်သွန်နီ ၊ red wine vinegar ၊ ဆား ၊ ငရုတ်ကောင်း ၊ သံလွင်ဆီ ၊ဒိန်ခဲ ၊ ပင်စိမ်း

ဖရဲသီး များအား အတုံးလေးများ တုံးထားပါ။ အစေ့များအား တစ်ခါတည်း ဖယ်ထားပါ။ ကြက်သွန်နီအား အကွင်းလိုက် လှီးထားပါ။ ဒိန်ခဲများအား ချေ ထားပါ။

ပန်းကန်လုံး ခပ်သေးသေးတွင် vinegar ၊ ဆား ၊ ငရုတ်ကောင်း များအား ရောနှောပါ။ ဆားများ vinegar အရည်ထဲတွင် လုံးလုံးပျော်ဝင်သွားသည့် အထိ မွှေပါ။ သံလွင်ဆီ လောင်းထည့်ပါ။ ပါးပါးလှီးထားသော ပင်စိမ်းများပါ ထည့်ပါ။ မွှေပါ။ မြည်းစမ်းကြည့်ပါ။ လိုအပ်သည့် အရသာများအား ဖြည့်ပါ။

ပန်းကန် ခပ်ကြီးကြီးတွင် ပြင်ဆင်ထားသော ဖရဲသီး နှင့် ကြက်သွန်နီ နှင့် ဒိန်ခဲများအား ရောထည့်ပါ။ အပေါ်မှာ ပြင်ဆင်ထားသော vinegar အရောအနှောကို လောင်းထည့်ပါ။ သမ သွားသည် အထိ မွှေပေးပါ။ ယင်းနောက် အပေါ်မှ ပင်စိမ်းရွက် များ ခြွေထည့်၍ စားသုံးနိုင်ပါပြီ။

European အစားအစာနှစ်သက်သူများအဖို့…….  click here


Read 563 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.