Thursday, 07 July 2016 11:22

bimbad 01 copy

Korea Restaurant

Korea Restaurant ဟာ ယင်းရဲ့ ဈေးနှုန်းချိုသာမှုနှင့် service စောင့်စား ရချိန် နှောင့်နှေးကြန့်ကြာမှု မရှိခြင်းတို့ကြောင့် လူအများ သွားရောက်စားလေ့ ရှိသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

Korea Restaurant မှာ ရရှိနိုင်သော အစားအစာများဆိုလျှင် ကြက်သား ဂျင်ဆင်းပြုတ် ၊ ငါးခူ ဟင်းချို ၊ ပြည်ကြီးငါး ပုစွန်ဟင်း ၊ ကိုးရီးယား ဝက်ချိုချဉ်ကြော် ၊ ကိုးရီးယား ကြက်ချိုချဉ်ကြော်၊ပြည်ကြီးငါး ထမင်း၊ ကိုးရီးယား ပုစွန်ထမင်းကြော်၊ကိုးရီးယား ထမင်းသုပ်၊ ဝက်နံရိုးပေါင်း၊ကင်မ်ချီဟင်းချို ၊ ကိုးရီးယား စတိုင်(လ်) စားပွဲ တို့ ရရှိနိုင်ပါတယ်။

4000 ကျပ်ကျသင့်မည့် ပြည်ကြီးငါး ပုစွန်ဟင်းကို မှာယူမည် ဆိုလျင် အရံဟင်း ၈ မျိုး ရရှိမည် ဖြစ်ပြီး ၊ ချဉ်ချဉ်စပ်စပ် ကင်မ်ချီ ဟင်းချိုသော်လည်းကောင်း ၊ ငါးခူ ဟင်းချိုသော်လည်းကောင်း မှာယူမည်ဆိုလျှင် အရံဟင်း ၆ မျိုးခန့် ရရှိမည် ဖြစ်ရာ ၊ ဟင်းပွဲများ မြောက်မြားစွာ မှာယူရန် မလိုအပ်ပေ။

Korea Restaurant – 76 လမ်း ၊ 28 လမ်း နှင့် 29 လမ်း။


Read 515 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.