Friday, 24 June 2016 16:59

sticky rice04 inside

Sam Norm (Foods and Drinks)

စံနောမ်း ဆိုတဲ့ နာမည်ကြားရုံနဲ့ ရှမ်း အစားအစာ ရောင်းတဲ့ ဆိုင်ဆိုတာ ပြောစရာမလိုပဲ သိရှိနိုင်ပါတယ်။ စံနောမ်းမှာ Menu ကို သုံးမျိုးခွဲ ပြီး ပြသထားပါတယ်။ နံနက်ပိုင်း အတွက် Menu တစ်မျိုး ၊ နေ့လည်ပိုင်း နှင့် ညနေပိုင်း အတွက် Menu ဆိုပြီး ဖြစ်ပါတယ်။

နံနက်ပိုင်း Menu ထဲက အစားအစားမျာကို နံနက်ပိုင်း၌သာ သုံးဆောင်နိုင်မည် ဖြစ်ပါတယ်။ နံနက်ပိုင်း အတွက်ဆိုရင် ခေါပုတ်အစာသွပ် ၊ ရှမ်းထမင်းကြော် ၊ ကောက်ညှင်းပေါင်း နှင့် ငါးကြော် (သို့) တိုဖူး နှစ်ပြန်ကြော်တို့မှာ လူစားများသော အစားအစာများ ဖြစ်ကြပြီး ၊ အခြား ရွေးချယ်စရာများအနေဖြင့် ကြာဇံ ဟင်းခါး ၊ ကြက်ဥ ပေါင်မုန့်ကပ်ကြော် ၊ အားလူးထောင်းကြော်တို့ သုံးဆောင်နိုင်ပါတယ်။ နံနက်ပိုင်း စားဖွယ်များ အနေဖြင့် ငွေကျပ် 800 ဝန်းကျင် မျှသာ ရှိခြင်းကြောင့် ဈေးနှုန်း ချိုသာ ဆိုင်တစ်ဆိုင် အဖြစ်မှတ်ယူနိုင်ပါတယ်။

နေ့လည်ပိုင်း Menu ကို ကြည့်မည်ဆိုလျှင် ရွေးချယ်စရာ ပိုမို များပြားလာတာကို တွေ့ရမှာပါ။ ဈေးနှုန်းဆိုလျှင် 2500 ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ပုဇွန်တန်ပူရာ နှင့် သီးစုံတန်ပူရာ တို့အား လူစား များသည်ကို တွေ့ရှိရပြီး ကြာဇံကြော် ၊ ထမင်းကြော် ၊ ရန်ကုန်ထမင်းပေါင်း စသည်တို့အပြင် ၊ ထမင်းဖြူနှင့် တွဲဖက်စားသုံးနိုင်သော ဟင်းတွဲများလည်း မှာယူ သုံးဆောင်နိုင်ပါတယ်။

ညနေပိုင်း Menu ကို ကြည့်မည် ဆိုလျှင် အမျိုးအမည်နည်းပေမယ့် စိတ်ဝင်စားစရာကောင်းတာကို တွေ့ရမှာပါ။ ညနေပိုင်းမှာ ရရှိနိုင်တာတွေကတော့ ကြေးအိုး ၊ ဖက်ထုပ်ကြော် နှင့် ကိုးရီးယား ထမင်းလိပ်တို့ဖြစ်ပါတယ်။ ကြေးအိုး သောက်သုံးသူများအနေဖြင့် 2500 ကျပ် ကျသင့်မည် ဖြစ်ပြီး ၊ မေတ္တာလက်ဆောင် အုန်းသီးတစ်လုံး တုံ့ပြန်မည် ဖြစ်ပါတယ်။

စံနောမ်းရဲ့ ဟင်းထုပ်မှာလည်း လူသိများသော Item တစ်ခုဖြစ်ပါတယ်။ တနလာင်္နေ့တိုင်းမှာ အထူး ဟင်းထုပ် Menu ရောင်းချလေ့ ရှိပါတယ်။ ဟင်းထုပ် နှစ်သက်သူများအဖို့ ဝက်သား ဟင်းထုပ် ၊ သက်သက်လွတ်ဟင်းထုပ် တို့အား သုံးဆောင်နိုင်မည် ဖြစ်ပါတယ်။

ရာသီပေါ်ဖျော်ရည် များ အနေဖြင့် သရက်သီး၊ ထောပတ်သီး အပါအဝင် နာနတ်သီး ၊ စတော်ဘယ်ရီ ၊ ကီဝီသီး တို့ ရရှိမည်ဖြစ်ပြီး ၊ အခြား milk shake များ နှင့် ဖျော်ရည်များအားလည်း သုံးဆောင်နိုင်ပါသည်။ သစ်သီးစုံ တစ်ပွဲလျှင် 2000 ကျပ် ဖြင့်လည်း မှာယူနိုင်ပါတယ်။

နံနက် (၆) နာရီမှ ည (၈း၃၀) နာရီ အထိ ဖွင့်လှစ်ထားပြီး ၊ 79 လမ်း ၊ 31 လမ်း နှင့် 32 လမ်းကြားသို့ သွားရောက်သုံးဆောင်နိုင်ပါတယ်။


Read 451 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.