Thursday, 23 June 2016 10:04

noodle inside

ရွှေဘ မာလာခေါက်ဆွဲ

စီချွမ်းအစားအစာ နှစ်သက်တဲ့သူတွေ အတွက် ရွှေဘ လာပါပြီ။ ရူးရူးရှဲရှဲ နှစ်သက်သူတွေ အဖို့လည်း ရွှေဘ လာပါပြီ။ ရွှေဘမှာ နာမည်ကြီးအစားအစာ တစ်ခုကို လက်ညှိုးထိုးပြပါဆို စီချွမ်းအရသာ မာလာ ခေါက်ဆွဲကို ပြရမှာပါပဲ။ မာလာ ခေါက်ဆွဲတစ်မျိုးတည်းလား ဆိုရင်တော့ …..

ရွှေဘမှာ ဘာတွေရပါသလဲ။

အသည်စွဲ နံရိုးခေါက်ဆွဲဆိုလျှင် ရွှေဘရဲ့ hit အစားအစာတစ်ခုပါပဲ။ အခြား menu များအနေနဲ့ဆိုရင် ဝက်အူ မာလာခေါက်ဆွဲ ၊ မှိုမွေးကြက်ပေါင်း ခေါက်ဆွဲ ၊ မတ်ပဲ မာလာခေါက်ဆွဲ ၊ အမဲသားမာလာ ခေါက်ဆွဲ ၊ ကြက်ချဉ်စပ် ခေါက်ဆွဲ ၊ ဝက်ခြေထောက်ခေါက်ဆွဲ နှင့် ငါးကြံမဆိုင်ခေါက်ဆွဲ တို့ သုံးဆောင်နိုင်ပါတယ်။

ဝက်သားပေါင်းခေါက်ဆွဲ နဲ့  မာလာတုတ်ထိုး ခေါက်ဆွဲ တို့ကို နောက်တိုး menu ထဲမှာ တွေ့နိုင်ပါတယ်။

ရွှေဘရဲ့ ဂျုံ ခေါက်ဆွဲမှာ ထူးထူးခြားခြား နာမည်ရပြီး ၊ ဆန်စေး နှင့် ရှမ်း ဆိုပြီး သုံးမျိုးရွေးချယ်စားသုံးနိုင်ပါတယ်။ ဂျူံ ခေါက်ဆွဲမှာ ကျန်ခေါက်ဆွဲ နှစ်မျိုးဖြစ်သည့် ရှမ်းခေါက်ဆွဲ နှင့် ဆန်စေးခေါက်ဆွဲ ထက် အနည်းငယ် ဈေးပိုပါတယ်။

မာလာအကင်အားလည်း ကိုယ်တိုင်ရွေးချယ် စားသုံးနိုင်ပြီး ၊ တစ်ကင်လျှင် ၂၀၀ ကျပ် ဖြစ်သည်။

သွားရောက်သုံးဆောင်လိုသူများအနေဖြင့် 83 လမ်း ၊ 33 လမ်း နှင့် 34 လမ်းကြားတွင် သွားရောက်သုံးဆောင်နိုင်ပါသည်။


Read 578 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.