Tuesday, 25 August 2015 13:33

oriental inside

မန္တလေးကဆိုရင်တော့ Oreintal House ကို မသိတဲ့သူ နည်းပါတယ်။ အရသာရှိတဲ့ Dim Sum တွေကို တစ်ပွဲလျှင် ၅၀၀ ကျပ်နဲ့ မီနူး ၅၀ ကျော် ရရှိနိုင်ပြီး ကြက်သား၊ ၀က်သား၊ ပင်လယ်စာတို့နဲ့ သုံးဆောင်နိုင်ပါ တယ်။

 

စနေ၊တနင်္ဂနွေလိုအားလပ်ရက်မှာ မိသားစုလိုက် လာရောက်သုံးဆောင်နိုင်ပြီး မနက် ၇ နာရီကနေ ၉နာရီခွဲ အထိ လာရောက်နိုင်ပါတယ်။ Dim Sum ဆိုရင် တခြားဆိုင်တွေလည်း ရှိပေမယ့် အစွဲကြီးတဲ့ မန္တလေးကတော့ Oreintal House ကိုပဲ လာကြာ များပါတယ်။

 

ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေအပြင် တရုတ်ထမင်း၊ဟင်းပါ ရရှိနိုင်ပြီး ထမင်းဟင်းကို ည ၉နာရီခွဲအထိ ရရှိနိုင်တယ်လို့ သိရပါတယ်။မင်္ဂလာပွဲတွေ၊ ညစာစားပွဲတွေ၊ ကုမ္ပဏီအခမ်းအနားတွေ ပါ ပြုလုပ်လေ့ရှိပြီး မှာတဲ့အရေအတွက်ပေါ်မူတည်ပြီး အစားအသောက်စီစဉ်ပေးကာ ၁၀ ယောက်တစ်ဝိုင်းအနေနဲ့ ပြုလုပ်ပေးပါတယ်။ ရန်ကုန်မှာလည်း Oreintal House ဆိုင်ရှိပေမယ့် ဖွင့်လှစ်ခဲ့တာ ၁၅ နှစ်ကျော် ရှိပြီဖြစ်တဲ့ မန္တလေးဆိုင်က လူသိပိုများပါတယ်။

No.8, Corner of 64 St & 27 St, Aung Taw Muu Ward, Mandalay

Ph: +952 30008, 61143, 74447


Read 3479 times Last modified on Monday, 27 June 2016 14:44
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.