Wednesday, 19 August 2015 16:14

 

 

 

မြန်မာို့းရာထမင်းဆိုင်ဖြစ်ပြီး Yangon Food Villa ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်ပါတယ်။

 

မြန်မာထမင်းဟင်းကိုးရာဟင်းနဲ့မှ စားချင်သူတွေအတွက် ဟင်းအမျိုးသုံးဆယ်လောက် ရရှိနိုင်ပြီး ကြက်ကာလသားချက်၊ကြက်ဂွေး  တောက်၊ ၀က်သားနီချက်၊ ၀က်ပုန်းရည်၊ ၀က်သားလက်ဖက်ဟင်း၊ ၀က်သားဒညင်းသီးချက်တွေအပြင် ရှယ် ငါးပိထောင်းတွေပါ ရနိုင်ပါသေးတယ်။

 

နံနက် ၁၀ နာရီကနေ ည ၈နာရီအထိ ကြက်၊ ၀က်၊ ငါး၊ ဆိတ်၊ ဘဲသား၊ အမဲ၊ ဘဲဥ၊ ငါးဖယ်ဟင်းတွေကို ရနိုင်ပြီး ကြက်သားဟင်းအမယ် ငါးမျိုး၊ ၀က် ငါးမျိုး၊ ငါးခေါင်းရခိုင်ချက်အပါအ၀င် ခုနှစ်မျိုး၊ အမဲ သုံးမျိုး၊ ဆိတ်သားနီချက်၊ ဆိတ်ဦးနှောက်အပါအ၀င် လေး မျိုး၊ ဘဲသားဆီပြန်၊ ဘဲပေါင်း၊ ငါးပိအမိုက်စား ဟင်းပွဲတွေကို မှာယူစားသုံးနိုင်ပါတယ်။ခရမ်းသီးသနပ်၊ မရမ်းသီးသုပ်တွေအပြင် ၀က်သားမရမ်းပြားချဉ်စပ်ချက်လိုမျိုး ဟင်းအမယ်တွေလည်း ထပ်တိုး ထားပါတယ်။

 

ဒါ့အပြင် မြန်မာဆန်ဆန် ကြမ်းပြင်မှာ စားပွဲဝိုင်းခင်းပြီးထိုင်စားလို့ရတဲ့ အပြင်အဆင်လည်း ရှိပါသေးတယ်။ သဘာဝမန်ကျည်းဖျော်ရည်လို အရသာမျိုးတွေ ၊တစ်ခြားမြန်မိာုးရာအချိုပွဲမုန့်တွေဖြစ်တဲ့ မုန့်ဖက်ထုပ်၊ ထားဝယ် မုန့်လုံးကြီးဆီစိမ်၊ မုန့်လုံးရေပေါ်နဲ့ အခြားမုန့်တွေကိုလည်း သုံးဆောင်လို့ရပါတယ်။

 

Myanmar Food Villa

74 Street, Between 27 & 28th Streets, Mandalay

09 254112558

10:00 am to 8:00 pm


Read 3382 times Last modified on Wednesday, 19 August 2015 16:22
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.