Friday, 07 August 2015 12:55

စိုးစံကဖေး( Soe San Cafe)

 

 

 

ဘုရားကြီးမြောက်ဖက်မုခ်မှာပဲ စိုးစံဆိုတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိပါသေးတယ်။ ဒီဆိုင်ဖွင့်တာ ဆယ်နှစ်နီးပါးရှိပြီလို့ ဆိုင်ပိုင်ရှင်က ပြောရင်း စိုးစံဆိုတဲ့နာမည်ကို ကြိုက်လို့ ဒီနာမည်ပေးဖြစ်တာပါ လို့ ပြောပါတယ်။

 

“တစ်ခါတလေ လူပါးတယ်။ နေ့ခင်းထက် ည ပိုစည်တယ်။ညဖက်ဆို  ဘောလုံးပွဲတွေ ပြပေးတယ် ။ စလောင်းလည်း တပ်ထားတယ်” လို့ ဆိုရင်း လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ဘလက်ခ်ကော်ဖီအပြင် တွဲဖက် စားသုံးလို့ရတဲ့ မုန့်အမယ်မျိုးစုံရရှိပါတယ်။ မနက်စာထမင်းကြော်အပြင် မုန့်ဟင်းခါး၊ မုန့်တီ၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ခရမ်းချဉ်သီးသုပ်တွေအပြင် ကြက်သားပေါက်စီ၊ ၀က်သားပေါက်စီ၊ ပဲ၊အုန်း၊ သကြား ပေါက်စီ ၊နံပြား၊ ပဲနံပြား၊ နံပြားထောပတ်၊နံပြားမလိုင်၊ နံပြားနို့ဆမ်း၊ ပေါင်မုန့်နို့ဆမ်း၊ အီကြာကွေးနို့ဆမ်း၊ အီကြာကွေးမလိုင်၊ အာဟာရ၊ စမူဆာ၊ ထမင်းဆီဆမ်း၊ ထမင်းထောပတ်ဆီဆမ်း၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်၊ ဆန်ပြား တို့ပါ ရရှိနိုင်ပါတယ်။

 

လက်ဖက်ရည် တစ်ခွက် ကျပ် ၂၀၀ နဲ့ သောက်သုံးနိုင်ပြီး ကိတ်မုန့်နဲ့အချို့စားစရာတွေ ကိုတော့  ရွှေကျီးမုန့်လုပ်ငန်းက မှာတာလို့ သိရပါတယ်။ မိသားစုလုပ်ငန်းဖြစ်ပြီး အရင်က မနလေးစက်မှုမြို့သစ်မှာ ‘ဝေလှိုင်း ’ ဆိုတဲ့နာမည်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ကာ ဒီလုပ်ငန်းလုပ်တာ ၂၅ နှစ် ရှိပြီ လို့ သိရပါတယ်။


Read 593 times Last modified on Friday, 07 August 2015 13:31
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.