Tuesday, 04 August 2015 13:25

သျှမ်းလက်ရာစားသောက်ဆိုင် ( Shan Let Yar Restaurant )

 

မနလေးမြို့ရဲ့ စည်ကားသောလမ်းဆုံလမ်းခွမှ အရသာကောင်း၊ လက်ရာကောင်း ကို နှစ်သက်ပြီး စားသုံးလိုသူများအတွက် လမ်းညွှန်လိုပါပါတယ်။ ဆိုင်ရဲ့နာမည်ကျော် မာလာဟင်း၊ မာလာပေါင်း၊ အကင်မျိုးစုံ နဲ့ ဟင်းမျိုးစုံ ရနိုင်သောဆိုင်ဖြစ်ပြီး ရှမ်းလူမျိုးတို့ကိုယ် တိုင် ပြုလုပ်သော ဟင်းလျာကို တည်ခင်းတာ ဖြစ်ပါ တယ်။ Menu တွင် ကြက်၊ ၀က်၊ ပုစွန်တို့နဲ့ နှစ်သက်ရာ တရုတ်ဟင်းမျိုးစုံကိုလည်း မှာယူနိုင်ကာ ကြက်၊၀က် အခြောက်ကြော် ၊အရွက်သုပ်မျိုးစုံမှာလည်း လူကြိုက်များပါတယ်။

 

အမည်ပေးပုံထူးခြားတဲ့ ဒေါ်လှကြည်ဟင်းကတော့ အသားကို ငရုတ်ဆီ ထည့်ကြော် ထားတဲ့ ဟင်း အမယ်ဖြစ်ပြီး ပုစွန်ဟင်းတစ်ပွဲလျှင် ကျပ် ၄,၅၀၀ ၊ ကျန်ဟင်း ပွဲတွေကတော့ ကျပ် ၁,၅၀၀မှ ၃,၀၀၀ ၀န်းကျင်ခန့် ရှိပါတယ်။ ဆိုင်အပေါ်ထပ်တွင် Special Room ထားရှိပြီး ဒီအတွက် ဟင်းတစ်ပွဲစီတွင် ကျပ် ၃၀၀ အပိုဆောင်း ပေးရပါတယ်။ လာရောက်စားသုံးသူတွေက ညနေခင်းတွင် ဆိုင်ရဲ့ နာမည်ကျော် မာလာဟင်းနှင့် မာလာ ငါးပေါင်းကို လာရောက်စားသုံးကြပြီး ရာသီထွက်သစ်သီးဖျော်ရည်တွေလည်း ရနိုင်ပါတယ်။

Starting Date : 2014

Opening Hours: 10:30 am – 9:30 pm

Address: Corner of 22 and 82 St, Mandalay

Ph: 09-2050690


Read 1174 times Last modified on Tuesday, 04 August 2015 14:51
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.