Thursday, 09 July 2015 18:00

Ko’s Kitchen (Thai Restaurant)

ထိုင်းအစားအစာတစ်မျိုးတည်းကို အထူးတလည်ရနိုင်ပြီး မန္တလေးကျုံးကို မြင်ရတဲ့ ရှုခင်းကြောင့်ဆိုင်နေရာအနေအထားက နှစ်သက်စရာဖြစ်ပါတယ်။ ဆိုဖာတပ် ကြိမ်ကုလားထိုင်အလှတွေနဲ့ အလှပန်းအိုး သေးသေးလေးတွေတင်ထား တဲ့  လေးထောင့်စားပွဲတွေ ထားရှိပါတယ်။ မြေညီထပ်တွင် လူ ၅၀ ဆန့်ပြီး အပေါ်ထပ်တွင် လူ ၁၀၀ ခန့် စားသောက်နိုင်ပါတယ်။ အပေါ်ထပ်တွင် အခန်းကျယ် ၄ ခန်းနဲ့ လူ ၁၀ ယောက်ဆန့် အခန်း ၃ ခန်း ထားရှိကာ ဒီအတွက်အခန်းခ ပေးစရာမလိုပါဘူး။ နံရံပေါ်မှာ ပန်းချီကားများ၊ သီပေါမင်း ဓါတ်ပုံတွေ ထားရှိပြီး Today Special Menu ကို
ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်လိုပါ ဖော်ပြပေးထား ပါတယ်။ ကြက်၊ ၀က်၊ အမဲသားနဲ့ ပင်လယ်စာ အစရှိတဲ့ ဟင်းအမယ်ပေါင်း ၈၀ ခန့်ကို ထိုင်းလူမျိုးစားဖိုမှူးက စီမံချက်ပြုတ်ပေးနေကာ ဟင်းတစ်ပွဲလျှင် ကျပ်ငွေ ၃,၀၀၀ မှ ၆,၀၀၀အတွင်းသာ ရှိပါတယ်။ သီဟိုဠ်စေ့လှော်၊ သရက်သီး စိမ်းမွှာ သို့မဟုတ် ကျွဲကောသီးမွှာတို့နဲ့ စီမံထားတဲ့ ငါးခူကြွပ်ကြော်၊ ငါးခူ မွကြော်အစပ်သုပ်ကို လူကြိုက်များကြပြီး ကျပ် ၅,၀၀၀ ခန့် ကျသင့်ပါတယ်။

Opening Hrs: 11 am – 2:30 pm
5:30pm – 9:30 pm

Address: No. 282, Corner of 19th & 80 th Streets,
Maygagiri Quarter, Mandalay.

Tel/Fax: (952) 69576
(959) 91024600


Read 1037 times Last modified on Tuesday, 14 July 2015 13:17
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.