Thursday, 25 June 2015 16:29
IMG 20150518 141019   IMG 20150518 141129 IMG 20150518 141257 

 

မန်းရွှေမြို့မှာ တရုတ်အစားအစာဆိုတာ သိပ်တော့ မစိမ်းပါဘူး ။ ဒါပေမယ့် ရန်ကုန်မြို့ကနေ လာဖွင့်လှစ်ထား ပြီး ပီကင်းဘဲကင်  ၀က်ကလေးကင်နဲ့ တရုတ်၊ကွမ်တုံက အရသာအတိုင်း ဟင်းလျာတွေကို ရရှိနိုင်တဲ့ “ Western Park Royal  ” က ၂၈ လမ်းနဲ့ ၈၄ လမ်းထောင့်၊ မန်းမြန်မာပလာဇာ၊ ၅ လွှာ၊ ဈေးချိုမှာ တည်ရှိ ပါတယ်။
မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ထားပြီး ကျပ် ၁၉,၅၀၀ ခန့်ဝန်းကျင်နဲ့ အရသာရှိစွာ သုံးဆောင်နိုင်ကာ နေရာပတ်ဝန်းကျင် ကျယ်ဝန်းသန့်ရှင်းပါတယ်။ စစ်ကိုင်းတောင်ကို ကြည့်ရှုနိုင်ပြီး လတ်ဆတ်တဲ့လေကို ခံစားရင်း သုံးဆောင်ရတာဖြစ်လို့ စိတ်ကို ကြည်နူးစေပါတယ်။
တရုတ်လူမျိုး (ကွမ်တုံ) စားဖိုမှူးအပြင် မြန်မာစာဖိုမှူးတွေရဲ့လက်ရာကို မိသားစုလိုက် ၊ မိတ်ဆွေ အပေါင်းသင်းတွေနဲ့ လာရောက်သုံးဆောင်နိုင်ပြီး “ မန္တလေးမြို့ဈေးကွက်ကို ချဲ့ထွင်လိုသဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်တယ်” လို့ အသက် ၆၀ ခန့်ရှိ ဆိုင်ပိုင်ရှင် ဦးမြင့်သိန်းက ပြောပါတယ်။
ဆိုင်ရဲ့ ၀န်ဆောင်မှုအနေနဲ့ မန္တလေးမြို့တွင်းဧရိယာကို အနည်းဆုံး ကျပ် ၅၀,၀၀၀ ဖိုး ၀ယ်ယူပါက အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေကာ မှာယူမယ်ဆိုရင်တော့ ဖုန်း - ၀၉ ၇၉၂၉၅၉၆၄၉၊ ၀၉ ၄၀၀၀၀၄၁၊ ၀၉ ၄၀၀၀၀၄၂ သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။ မင်္ဂလာအခမ်းအနားတွေကိုလည်း “ Western Park Royal  ” မှာ ဆောင်ရွက်နိုင်တယ်ဆိုတာပါ အသိပေးလိုက်ချင်ပါတယ်။


Read 2496 times Last modified on Thursday, 25 June 2015 16:48
Rate :
(2 votes)

1 comment

  • Zoofast
    Comment Link

    Skvělé informace. Mnoho informací, ale jsem postrádal podrobnosti. Jen tak dál

    Wednesday, 07 December 2016 04:03 posted by Zoofast
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.