Friday, 11 September 2020 17:22
cocktails.jpg
By Thant''
ကိုယ့်စိတ်ကြိုက် Cocktail ကို အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူပြုလုပ်လို့ ရအောင် အလွယ်ဆုံး Cocktail Receipe လေးတွေကို ပြောပြပေးလိုက်ပါတယ်။ 
 
(၁) Vietnamese Mojito 
 
ပါဝင်ပစ္စည်း 
 
ဂျင်အရက်  - (၁၀၀) မီလီလီတာခန့် 
တလည်းသီး အရည် - တစ်လုံးစာ 
ဘယ်ရီသီး - အနည်းငယ် 
လီမွန်သီး - တစ်စိတ်စာ 
သကြားရည် - အနည်းငယ် 
 
အရင်ဆုံး ခွက်တစ်ခွက်ထဲမှာ တလည်းသီးကို အရည်သီးသန့် ဖယ်ထုတ်ပြီး ထည့်ထားပါ။ ပြီးရင် ဘယ်ရီသီး အနည်းငယ်ကို ထည့်ပါ။ ဒါပြီးရင်တော့ လီမွန်သီးကို အရည်အနည်းငယ် ထည့်ပြီး သကြားရည် နည်းနည်းထည့်ပါ။ 
 
အားလုံးပြီးသွားပြီဆိုရင်တော့ ရေခဲသတ္တာထဲထည့်ပြီး အအေးခံထားပါ။ မိမိသောက်မယ့် ခွက်ထဲကို ဂျင်အရက် မိမိနှစ်သက်သလောက် ပမာဏထည့်ပါ။ ပြီးမှ အအေးခံထားတဲ့ အသီးအရည်ကို ထည်လိုက်ပါ။ ရောစပ်ပြီးနောက် ရေခဲအနည်းငယ် ထည့်ပြီးတာနဲ့ အရသာရှိတဲ့ Homemade Vietnamese Mojito ကို သောက်သုံးနိုင်ပါပြီ။ 
 
(၂) Vodka Martini 
 
ပါဝင်ပစ္စည်း 
 
Vodka - (၆၀) မီလီလီတာ 
Martini - (၁၀) မီလီလီတာ ခန့် 
လီမွန်သီးအခွံ့ - တစ်ခု 
 
ဒီ Receipe ကတော့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါ။ Vodka အနည်းငယ်ကို Martini နဲ့ အချိုးကျ ရောစပ်ပြီး ရေခဲအနည်းငယ် ထည့်ပါ။ ရေခဲ မထည့်ချင်ဘူး ဆိုရင်လည်း အဆင်ပြေပါတယ်။ ပြီးရင်တော့ Cocktail တစ်ခွက်ရဲ့ အရသာကို ပေါ်လွင်စေဖို့အတွက် လီမွန်သီးခွံကို ထည့်ပေးလိုက်ရင် ကိုယ့်စိတ်ကြိုက် Vodka Martini တစ်ခွက်ကို ရရှိပါပြီ။ 
 
(၃) Long Island Iced Tea 
 
ပါဝင်ပစ္စည်း 
ဂျင်အရက် - (၅၀) မီလီလီတာ 
Vodka - (၄၀) မီလီလီတာခန့် 
Tequila - (၂၀) မီလီလီတာ 
သံပုရာရည် - (၃၀) မီလီလီတာခန့် 
Coca Cola - (၆၀) မီလီလီတာ
 
ယခု Cocktail ကိုတော့ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ ဂျင်အရက်၊ Vodka၊ Tequila၊ သံပုရာရည် နဲ့ Coca Cola တို့ ရောနှောပြီး ရေခဲအနည်းငယ် ထည့်လိုက်တာနဲ့ အရသာရှိပြီး လွယ်ကူတဲ့ Cocktail တစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
 
(၄) Mulled Wine Cocktail 
 
ပါဝင်ပစ္စည်း
Cointreau - (၁၅၀) မီလီလီတာ 
လိမ္မော်သီး - (၄) စိတ် 
Red wine - (၁၀၀) မီလီလီတာခန့်
ရေသန့် - (၁၀၀) မီလီခန့် (သို့ ) မိမိ နှစ်သက်သလောက် 
 
ပထမဦးဆုံး အနေနဲ့ Cointreau (၁၅၀) မီလီလီတာခန့်ကို အရင်ထည့်ပြီး လိမ္မော်သီး (၄) စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးရင်တော့ Red Wines နဲ့ ရေသန့်ကို ရောလိုက်ပြီး ရေခဲအနည်းငယ် ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ 
 
(၅) Mojito Recipe 
 
ပါဝင်ပစ္စည်း 
သံပုရာရည် - အနည်းငယ် 
ပူစီနံ - အနည်းငယ် ‘
ရမ်အရက် - (၅၀) မီလီလီတာခန့် 
ဆိုဒါ - (၆၀) မီလီလီတာခန့် 
 
ဒီ Receipe ကတော့ ရမ်အရက်ကို ဆိုဒါ အနည်းငယ်နဲ့ ရောထည့်ပြီး သံပုရာရည်ကို မိမိကြိုက်နှစ်သက် သလောက် အနည်းငယ် ရောစပ်လိုက်ပါ။ ပြီးမှ ပူစီနံ အနည်းငယ်ကို ထည့်လိုက်ပြီး နောက်ဆုံးအနေနဲ့ ရေခဲထည့်လိုက်ရင် အရသာရှိတဲ့ Mojito တစ်ခွက်ကို ရရှိပါပြီ။ 
=======================
By Thant''
ကိုယ့္စိတ္ႀကိဳက္ Cocktail ကို အိမ္မွာရွိတဲ့ ပစၥည္းေတြနဲ႔ပဲ အလြယ္တကူျပဳလုပ္လို႔ ရေအာင္ အလြယ္ဆုံး Cocktail Recipes ေလးေတြကို ေျပာျပေပးလိုက္ပါတယ္။ 
 
(၁) Vietnamese Mojito 
 
ပါဝင္ပစၥည္း 
 
ဂ်င္အရက္  - (၁၀၀) မီလီလီတာခန႔္ 
တလည္းသီး အရည္ - တစ္လုံးစာ 
ဘယ္ရီသီး - အနည္းငယ္ 
လီမြန္သီး - တစ္စိတ္စာ 
သၾကားရည္ - အနည္းငယ္ 
 
အရင္ဆုံး ခြက္တစ္ခြက္ထဲမွာ တလည္းသီးကို အရည္သီးသန႔္ ဖယ္ထုတ္ၿပီး ထည့္ထားပါ။ ၿပီးရင္ ဘယ္ရီသီး အနည္းငယ္ကို ထည့္ပါ။ ဒါၿပီးရင္ေတာ့ လီမြန္သီးကို အရည္အနည္းငယ္ ထည့္ၿပီး သၾကားရည္ နည္းနည္းထည့္ပါ။ 
 
အားလုံးၿပီးသြားၿပီဆိုရင္ေတာ့ ေရခဲသတၱာထဲထည့္ၿပီး အေအးခံထားပါ။ မိမိေသာက္မယ့္ ခြက္ထဲကို ဂ်င္အရက္ မိမိႏွစ္သက္သေလာက္ ပမာဏထည့္ပါ။ ၿပီးမွ အေအးခံထားတဲ့ အသီးအရည္ကို ထည္လိုက္ပါ။ ေရာစပ္ၿပီးေနာက္ ေရခဲအနည္းငယ္ ထည့္ၿပီးတာနဲ႔ အရသာရွိတဲ့ Homemade Vietnamese Mojito ကို ေသာက္သုံးႏိုင္ပါၿပီ။ 
 
(၂) Vodka Martini 
 
ပါဝင္ပစၥည္း 
 
Vodka - (၆၀) မီလီလီတာ 
Martini - (၁၀) မီလီလီတာ ခန႔္ 
လီမြန္သီးအခြံ႕ - တစ္ခု 
 
ဒီ Recipe ကေတာ့ အလြယ္ကူဆုံး နည္းလမ္းတစ္ခုပါ။ Vodka အနည္းငယ္ကို Martini နဲ႔ အခ်ိဳးက် ေရာစပ္ၿပီး ေရခဲအနည္းငယ္ ထည့္ပါ။ ေရခဲ မထည့္ခ်င္ဘူး ဆိုရင္လည္း အဆင္ေျပပါတယ္။ ၿပီးရင္ေတာ့ Cocktail တစ္ခြက္ရဲ႕ အရသာကို ေပၚလြင္ေစဖို႔အတြက္ လီမြန္သီးခြံကို ထည့္ေပးလိုက္ရင္ ကိုယ့္စိတ္ႀကိဳက္ Vodka Martini တစ္ခြက္ကို ရရွိပါၿပီ။ 
 
(၃) Long Island Iced Tea 
 
ပါဝင္ပစၥည္း 
ဂ်င္အရက္ - (၅၀) မီလီလီတာ 
Vodka - (၄၀) မီလီလီတာခန႔္ 
Tequila - (၂၀) မီလီလီတာ 
သံပုရာရည္ - (၃၀) မီလီလီတာခန႔္ 
Coca Cola - (၆၀) မီလီလီတာ
 
ယခု Cocktail ကိုေတာ့ ပါဝင္ပစၥည္းေတြ ျဖစ္တဲ့ ဂ်င္အရက္၊ Vodka၊ Tequila၊ သံပုရာရည္ နဲ႔ Coca Cola တို႔ ေရာေႏွာၿပီး ေရခဲအနည္းငယ္ ထည့္လိုက္တာနဲ႔ အရသာရွိၿပီး လြယ္ကူတဲ့ Cocktail တစ္ခြက္ကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။ 
 
(၄) Mulled Wine Cocktail 
 
ပါဝင္ပစၥည္း
Cointreau - (၁၅၀) မီလီလီတာ 
လိေမၼာ္သီး - (၄) စိတ္ 
Red wine - (၁၀၀) မီလီလီတာခန႔္
ေရသန႔္ - (၁၀၀) မီလီခန႔္ (သို႔ ) မိမိ ႏွစ္သက္သေလာက္ 
 
ပထမဦးဆုံး အေနနဲ႔ Cointreau (၁၅၀) မီလီလီတာခန႔္ကို အရင္ထည့္ၿပီး လိေမၼာ္သီး (၄) စိတ္ကို အရည္ညႇစ္ထည့္ပါ။ ၿပီးရင္ေတာ့ Red Wines နဲ႔ ေရသန႔္ကို ေရာလိုက္ၿပီး ေရခဲအနည္းငယ္ ထည့္ကာ သုံးေဆာင္ႏိုင္ပါၿပီ။ 
 
(၅) Mojito Recipe 
 
ပါဝင္ပစၥည္း 
သံပုရာရည္ - အနည္းငယ္ 
ပူစီနံ - အနည္းငယ္ ‘
ရမ္အရက္ - (၅၀) မီလီလီတာခန႔္ 
ဆိုဒါ - (၆၀) မီလီလီတာခန႔္ 
 
ဒီ Recipe ကေတာ့ ရမ္အရက္ကို ဆိုဒါ အနည္းငယ္နဲ႔ ေရာထည့္ၿပီး သံပုရာရည္ကို မိမိႀကိဳက္ႏွစ္သက္ သေလာက္ အနည္းငယ္ ေရာစပ္လိုက္ပါ။ ၿပီးမွ ပူစီနံ အနည္းငယ္ကို ထည့္လိုက္ၿပီး ေနာက္ဆုံးအေနနဲ႔ ေရခဲထည့္လိုက္ရင္ အရသာရွိတဲ့ Mojito တစ္ခြက္ကို ရရွိပါၿပီ။ 
 

Read 47 times Last modified on Friday, 11 September 2020 17:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.