Monday, 07 September 2020 16:13

istockphoto-1155436887-170667a.jpg

by Win May May Htay

၂၀၁၈ နှစ်လောက်က စပြီး ခေတ်စားလာခဲ့တဲ့ Bubble Tea ကို မြန်မာလူငယ်တော်တော်များများ ကြိုက်ကြမည် ထင်ပါတယ်။ အခုဆိုရင် လူငယ်တွေသာမက လူလတ်ပိုင်းတွေ ကြားမှာပါ ရေပန်းစားလာပြီး " Bubble Tea က မင်းဝယ်တိုက်မှ အရသာရှိတာမျိုး " လို့ ပြောစမှတ်တွင်စရာတွေ ဖြစ်လာတဲ့ အထိပါပဲနော်။


ဝယ်တိုက်မယ့်သူမရှိတဲ့ FA လေးတွေအတွက်ရော၊ ဝယ်မသောက်ချင်သူများအတွက်တော့ Bubble Tea ကို ကိုယ်တိုင်ဖျော်စပ်သောက်သုံးလို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
Bubble Tea ပြုလုပ်ဖို့အတွက် ပါဝင်တဲ့ ပစ္စည်းနဲ့ ပမာဏတွေက ...

  • ရေ - 300 ml
  • Thai Tea - ဟင်းစားဇွန်း ၂ ဇွန်း
  • ပုလဲသီး - ဟင်းစားဇွန်း ၃ ဇွန်း
  • နို့ဆီ - ဟင်းစားဇွန်း ၂ ဇွန်း သို့မဟုတ် ၃ ဇွန်း
  • နို့စိမ်း - ဟင်းစားဇွန်း ၄ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
  • သကြား - ဟင်းစားဇွန်း ၁ ဇွန်း
  • ရေသန့်ရေခဲ - ၄ တုံး (လိုအပ်သလောက် ထည့်နိုင်ပါတယ်)

Thazin-NweSilk-Wear_0202.png

ပထမဦးဆုံး ပုလဲသီးတွေကို ပြုတ်ထားပါမယ်။ ဇောက်နက်တဲ့ အိုးတစ်ခုထဲမှာ ရေများများထည့်ပြီး ရေဆူလာရင် ပုလဲသီးတွေကို ထည့်ပါ။ ပုံမှန်အနေအထား ကြိုက်သူတွေက ၄၅ မိနစ်ခန့် ပြုတ်ရင် ရပါပြီ။ ခပ်ပျောပျော့ အနေအထားကို ကြိုက်ရင်တော့ ၁ နာရီခန့် ပြုတ်ပေးပါနော်။
တစ်ခုသတိထားရမှာက ပုလဲသီးတွေက ပြုတ်နေတဲ့အချိန်မှာ ပျော့လာသယောင် ရှိတတ်ပေမယ့် အအေးထဲ ထည့်လိုက်တဲ့အချိန်မှာ ပြန်မာလာတတ်တာမို့ အပျော့ကြိုက်တဲ့သူတွေက စိတ်ရှည်ရှည်ထားပြီး ကြာကြာပြုတ်ပေးပါ။
ပြုတ်နေချိန်မှာ မကြာခဏ မွှေပေးပါ။ ရေနည်းရင် အိုးရဲ့ အောက်ခြေမှာ ပုလဲသီးတွေ ကပ်သွားတတ်တာမို့ သတိလေး ထားပါနော်။ လိုချင်တဲ့ အနေအထားမျိုးရောက်ရင် ရေအေးနဲ့ ဆေးပြီး ရေစိမ်ထားပေးပါ။

Tike-ThitBiriani_0397.png

ဒုတိယအဆင့်အနေနဲ့ Thai Tea ကို ဖျော်စပ်ပါမယ်။ Thai Tea ၁ ခွက်စာအတွက် ရေ ၃၀၀ မီလီလီတာကို ဆူအောင်တည်ပါမယ်။ ရေဆူလာရင် ဆားအနည်းငယ် ထည့်ပြီး Thai Tea ထည့်ပါမယ်။ ၃ မိနစ်ခန့် တည်ပြီးရင် အမှုန်အမွှားများကို အဝတ်စစ်ဇကာနဲ့ စစ်ထုတ်ပြီး သကြား၊ နို့ဆီ၊ နို့စိမ်း ထည့်မွှေပါ။
လိုချင်တဲ့အနေအထား ရောက်ပြီဆိုရင် အအေးခံပြီး ပုလဲသီးနဲ့ ရေခဲကို လိုသလောက်ထည့်၍ သုံးဆောင်နိုင်ပါပြီ။ ချိုချိုဆိမ့်ဆိမ့် ကြိုက်တတ်သူတွေက နို့ဆီ၊ နို့စိမ်း များများထည့်ပါ။ ရေခဲအများကြီးထည့်မိရင် ကြာလာတဲ့အခါ အရသာပေါ့သွားတာမို့ လေးလေးပင်ပင် အရသာကြိုက်သူများက ရေခဲလျှော့ထည့်ပေးပါ။ ရေခဲလုံးဝမထည့်ဘဲ ရေခဲသေတ္တာထဲမှာ အအေးခံပြီးတော့လည်း သောက်သုံးလို့ ရပါတယ်နော်။
Bubble Tea ကုန်ကြမ်းနဲ့ ဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူရရှိနိုင်မယ့် ဆိုင်များကိုလည်း ပြောပြပေးချင်ပါတယ်။

အသင့်သောက်သုံးချင်သူတွေအတွက်လည်း ဝယ်ယူလို့ရမယ့် ဆိုင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

Shwe-Yi-WinPress--Printers-Offset_0320.png
=============================

၂၀၁၈ ႏွစ္ေလာက္က စၿပီး ေခတ္စားလာခဲ့တဲ့ Bubble Tea ကို ျမန္မာလူငယ္ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကမည္ ထင္ပါတယ္။ အခုဆိုရင္ လူငယ္ေတြသာမက လူလတ္ပိုင္းေတြ ၾကားမွာပါ ေရပန္းစားလာၿပီး " Bubble Tea က မင္းဝယ္တိုက္မွ အရသာရွိတာမ်ိဳး " လို႔ ေျပာစမွတ္တြင္စရာေတြ ျဖစ္လာတဲ့ အထိပါပဲေနာ္။
ဝယ္တိုက္မယ့္သူမရွိတဲ့ FA ေလးေတြအတြက္ေရာ၊ ဝယ္မေသာက္ခ်င္သူမ်ားအတြက္ေတာ့ Bubble Tea ကို ကိုယ္တိုင္ေဖ်ာ္စပ္ေသာက္သုံးလို႔ရမယ့္ နည္းလမ္းေလးေတြ ေျပာျပေပးခ်င္ပါတယ္။
Bubble Tea ျပဳလုပ္ဖို႔အတြက္ ပါဝင္တဲ့ ပစၥည္းနဲ႔ ပမာဏေတြက ...

  • ေရ - 300 ml
  • Thai Tea - ဟင္းစားဇြန္း ၂ ဇြန္း
  • ပုလဲသီး - ဟင္းစားဇြန္း ၃ ဇြန္း
  • ႏို႔ဆီ - ဟင္းစားဇြန္း ၂ ဇြန္း သို႔မဟုတ္ ၃ ဇြန္း
  • ႏို႔စိမ္း - ဟင္းစားဇြန္း ၄ ဇြန္း
  • ဆား - လက္ဖက္ရည္ဇြန္း ၄ ပုံ ၁ပုံ
  • သၾကား - ဟင္းစားဇြန္း ၁ ဇြန္း
  • ေရသန႔္ေရခဲ - ၄ တုံး (လိုအပ္သေလာက္ ထည့္ႏိုင္ပါတယ္)

Thazin-NweSilk-Wear_0202.png

ပထမဦးဆုံး ပုလဲသီးေတြကို ျပဳတ္ထားပါမယ္။ ေဇာက္နက္တဲ့ အိုးတစ္ခုထဲမွာ ေရမ်ားမ်ားထည့္ၿပီး ေရဆူလာရင္ ပုလဲသီးေတြကို ထည့္ပါ။ ပုံမွန္အေနအထား ႀကိဳက္သူေတြက ၄၅ မိနစ္ခန႔္ ျပဳတ္ရင္ ရပါၿပီ။ ခပ္ေပ်ာေပ်ာ့ အေနအထားကို ႀကိဳက္ရင္ေတာ့ ၁ နာရီခန႔္ ျပဳတ္ေပးပါေနာ္။
တစ္ခုသတိထားရမွာက ပုလဲသီးေတြက ျပဳတ္ေနတဲ့အခ်ိန္မွာ ေပ်ာ့လာသေယာင္ ရွိတတ္ေပမယ့္ အေအးထဲ ထည့္လိုက္တဲ့အခ်ိန္မွာ ျပန္မာလာတတ္တာမို႔ အေပ်ာ့ႀကိဳက္တဲ့သူေတြက စိတ္ရွည္ရွည္ထားၿပီး ၾကာၾကာျပဳတ္ေပးပါ။
ျပဳတ္ေနခ်ိန္မွာ မၾကာခဏ ေမႊေပးပါ။ ေရနည္းရင္ အိုးရဲ႕ ေအာက္ေျခမွာ ပုလဲသီးေတြ ကပ္သြားတတ္တာမို႔ သတိေလး ထားပါေနာ္။ လိုခ်င္တဲ့ အေနအထားမ်ိဳးေရာက္ရင္ ေရေအးနဲ႔ ေဆးၿပီး ေရစိမ္ထားေပးပါ။

Tike-ThitBiriani_0397.png

ဒုတိယအဆင့္အေနနဲ႔ Thai Tea ကို ေဖ်ာ္စပ္ပါမယ္။ Thai Tea ၁ ခြက္စာအတြက္ ေရ ၃၀၀ မီလီလီတာကို ဆူေအာင္တည္ပါမယ္။ ေရဆူလာရင္ ဆားအနည္းငယ္ ထည့္ၿပီး Thai Tea ထည့္ပါမယ္။ ၃ မိနစ္ခန႔္ တည္ၿပီးရင္ အမႈန္အမႊားမ်ားကို အဝတ္စစ္ဇကာနဲ႔ စစ္ထုတ္ၿပီး သၾကား၊ ႏို႔ဆီ၊ ႏို႔စိမ္း ထည့္ေမႊပါ။
လိုခ်င္တဲ့အေနအထား ေရာက္ၿပီဆိုရင္ အေအးခံၿပီး ပုလဲသီးနဲ႔ ေရခဲကို လိုသေလာက္ထည့္၍ သုံးေဆာင္ႏိုင္ပါၿပီ။ ခ်ိဳခ်ိဳဆိမ့္ဆိမ့္ ႀကိဳက္တတ္သူေတြက ႏို႔ဆီ၊ ႏို႔စိမ္း မ်ားမ်ားထည့္ပါ။ ေရခဲအမ်ားႀကီးထည့္မိရင္ ၾကာလာတဲ့အခါ အရသာေပါ့သြားတာမို႔ ေလးေလးပင္ပင္ အရသာႀကိဳက္သူမ်ားက ေရခဲေလွ်ာ့ထည့္ေပးပါ။ ေရခဲလုံးဝမထည့္ဘဲ ေရခဲေသတၱာထဲမွာ အေအးခံၿပီးေတာ့လည္း ေသာက္သုံးလို႔ ရပါတယ္ေနာ္။Bubble Tea ကုန္ၾကမ္းနဲ႔ ေဖ်ာ္စပ္ဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြ ဝယ္ယူရရွိႏိုင္မယ့္ ဆိုင္မ်ားကိုလည္း ေျပာျပေပးခ်င္ပါတယ္။

အသင့္ေသာက္သုံးခ်င္သူေတြအတြက္လည္း ဝယ္ယူလို႔ရမယ့္ ဆိုင္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္

Shwe-Yi-WinPress--Printers-Offset_0320.png


Read 243 times Last modified on Monday, 07 September 2020 17:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.