Saturday, 05 September 2020 13:31

caa862e333a09c447ff69f249b2cf566.jpg

By Thant''

မြန့်မာ့ရိုးရာဘိန်းမုန့်ကို ပြုလုပ်မယ်ဆိုရင် နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ အဲ့ဒီနည်းနှစ်မျိုးကတော့ ဆန်နဲ့ ပြုလုပ်တဲ့ နည်းလမ်းရယ်၊ ပွဆေးကို အသုံးပြုတဲ့ နည်းလမ်းရယ်ပါ။ ဆန်နဲ့ပြုလုပ်တဲ့နည်းလမ်းက ပြုလုပ်ပုံ အဆင့်များတာကြောင့် အလွယ်ကူဆုံးဖြစ်တဲ့ ပွဆေးအသုံးပြုတဲ့ နည်းလမ်းကို ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်းများ

  • ဘိန်း​စေ့ - အနည်းငယ် ( မိမိနှစ်သက်သလို )
  • ​မြေပဲ​လှော် - အနည်းငယ် ( မိမိနှစ်သက်သလို )
  • အုန်းခြစ် - အနည်းငယ် ( မိမိနှစ်သက်သလို )
  • ဆန်အစိမ်းမူန့် - ၃၀၀ ဂရမ်
  • ဆော်ဒါမူန့် - လက်ဖက်ဇွန်းတဝက်
  • ပွဆေး - အနည်းငယ်
  • ကြက်ဥ - ၂ လုံး
  • ထန်းလျက်ရည်ကျို ( ပျစ်ပျစ် )
  • ရေ - ၄၀၀ ဂရမ်
  • ဆား - အနည်းငယ် ( မိမိနှစ်သက်သလို )

Summer-LifeAir-Conditioning-Equipment-Sales--Repair_0384_1.png

ပထမဦးဆုံး အနေနဲ့ ဆော်ဒါမူန့်၊ ထန်းလျက်ရည်ကျိုပျစ်ပျစ်၊ ရေနဲ့ ဆား အနည်းငယ် တို့ကို ရောပြီး ဖျော်ပါ။ ကြက်ဥ (၂) လုံးကို ခေါက်ပြီး ဖျော်ထားတဲ့ မုန့်နှစ်ရည်ထဲကို ထည့်ပြီး ရောမွှေရပါမယ်။ ပြီးရင် ၁ နာရီ အနည်းဆုံး ရေခဲသေတ္တာထဲထည့်ပြီး နှပ်ထားပေးရပါမယ်။

အနှစ်ကို နှပ်ပြီးတာနဲ့ ဒယ်အိုးအဝိုင်းကို အသုံးပြုပြီး ဘိန်းမုန့် ပြုလုပ်ရပါမယ်။ ဒယ်အိုးထဲကို ထောပတ်ဆီ (သို့) ပဲဆီမွှေး ထည့်ပါ။ မကျက်တကျက် အခြေအနေလေး ဖြစ်လာပြီဆိုရင် ​မြေပဲ​လှော်၊ ဘိန်းစေ့လေးတွေနဲ့ အုန်းသီးတို့ကို အပေါ်မှ ဖြူးပါ။ မီးကို တတ်နိုင်သမျှ လျှော့ထားပါ။

Sun-LightInterior-Decoration-Materials--Services_0945.png

ဒယ်အိုးကို အဖုံးအုပ်ပြီး ၃ မိနစ်ခန့် ထားပါ။ ပြီးရင် တခြားတစ်ဖက်ကိုလှန်ပြီး (၃) မိနစ်ခန့်လောက် ထပ်ထားရပါမယ်။ ဘိန်းမုန့်အရောင်တက်လာပြီး ထောပတ်အနံ့လေး ရလာပြီဆိုရင် မီးကိုပိတ်၊ အိုးကို ချပြီး စားလို့ရပါပြီ။

အရသာရှိတဲ့ မြန့်မာ့ရိုးရာဘိန်းမုန့်ကို ပြုလုပ်မယ်ဆိုရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်ယူနိုင်မယ့ အရောင်းဆိုင်ပေါင်း (၅၀) ကို အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
>>> https://bit.ly/2F5cuVh 

Phyu-PyarBottles-Used--Used-Items_0367.png

===============================
By Thant''
ျမန႔္မာ့႐ိုးရာဘိန္းမုန႔္ကို ျပဳလုပ္မယ္ဆိုရင္ နည္းလမ္းကေတာ့ ႏွစ္မ်ိဳးရွိပါတယ္။ အဲ့ဒီနည္းႏွစ္မ်ိဳးကေတာ့ ဆန္နဲ႔ ျပဳလုပ္တဲ့ နည္းလမ္းရယ္၊ ပြေဆးကို အသုံးျပဳတဲ့ နည္းလမ္းရယ္ပါ။ ဆန္နဲ႔ျပဳလုပ္တဲ့နည္းလမ္းက ျပဳလုပ္ပုံ အဆင့္မ်ားတာေၾကာင့္ အလြယ္ကူဆုံးျဖစ္တဲ့ ပြေဆးအသုံးျပဳတဲ့ နည္းလမ္းကို ေျပာျပေပးပါမယ္။

ပါဝင္ပစၥည္းမ်ား

  • ဘိန္း​ေစ့ - အနည္းငယ္ ( မိမိႏွစ္သက္သလို )
  • ​ေျမပဲ​ေလွာ္ - အနည္းငယ္ ( မိမိႏွစ္သက္သလို )
  • အုန္းျခစ္ - အနည္းငယ္ ( မိမိႏွစ္သက္သလို )
  • ဆန္အစိမ္းမူန္႔ - ၃၀၀ ဂရမ္
  • ေဆာ္ဒါမူန႔္ - လက္ဖက္ဇြန္းတဝက္
  • ပြေဆး - အနည္းငယ္
  • ၾကက္ဥ - ၂ လုံး
  • ထန္းလ်က္ရည္က်ိဳ ( ပ်စ္ပ်စ္ )
  • ေရ - ၄၀၀ ဂရမ္
  • ဆား - အနည္းငယ္ ( မိမိႏွစ္သက္သလို )

Summer-LifeAir-Conditioning-Equipment-Sales--Repair_0384_1.png

ပထမဦးဆုံး အေနနဲ႔ ေဆာ္ဒါမူန႔္၊ ထန္းလ်က္ရည္က်ိဳပ်စ္ပ်စ္၊ ေရနဲ႔ ဆား အနည္းငယ္ တို႔ကို ေရာၿပီး ေဖ်ာ္ပါ။ ၾကက္ဥ (၂) လုံးကို ေခါက္ၿပီး ေဖ်ာ္ထားတဲ့ မုန႔္ႏွစ္ရည္ထဲကို ထည့္ၿပီး ေရာေမႊရပါမယ္။ ၿပီးရင္ ၁ နာရီ အနည္းဆုံး ေရခဲေသတၱာထဲထည့္ၿပီး ႏွပ္ထားေပးရပါမယ္။

အႏွစ္ကို ႏွပ္ၿပီးတာနဲ႔ ဒယ္အိုးအဝိုင္းကို အသုံးျပဳၿပီး ဘိန္းမုန႔္ ျပဳလုပ္ရပါမယ္။ ဒယ္အိုးထဲကို ေထာပတ္ဆီ (သို႔) ပဲဆီေမႊး ထည့္ပါ။ မက်က္တက်က္ အေျခအေနေလး ျဖစ္လာၿပီဆိုရင္ ​ေျမပဲ​ေလွာ္၊ ဘိန္းေစ့ေလးေတြနဲ႔ အုန္းသီးတို႔ကို အေပၚမွ ျဖဴးပါ။ မီးကို တတ္ႏိုင္သမွ် ေလွ်ာ့ထားပါ။

Sun-LightInterior-Decoration-Materials--Services_0945.png

ဒယ္အိုးကို အဖုံးအုပ္ၿပီး ၃ မိနစ္ခန႔္ ထားပါ။ ၿပီးရင္ တျခားတစ္ဖက္ကိုလွန္ၿပီး (၃) မိနစ္ခန႔္ေလာက္ ထပ္ထားရပါမယ္။ ဘိန္းမုန႔္အေရာင္တက္လာၿပီး ေထာပတ္အနံ႔ေလး ရလာၿပီဆိုရင္ မီးကိုပိတ္၊ အိုးကို ခ်ၿပီး စားလို႔ရပါၿပီ။

အရသာရွိတဲ့ ျမန႔္မာ့႐ိုးရာဘိန္းမုန႔္ကို ျပဳလုပ္မယ္ဆိုရင္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကို ဝယ္ယူႏိုင္မယ့ အေရာင္းဆိုင္ေပါင္း (၅၀) ကို ေအာက္ပါလင့္တြင္ ဝင္ေရာက္ ၾကည့္ရႈႏိုင္ပါတယ္။
>>> https://bit.ly/2F5cuVh 

Phyu-PyarBottles-Used--Used-Items_0367.png

 


Read 72 times Last modified on Sunday, 06 September 2020 01:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.