Saturday, 15 August 2020 19:55
_၁.jpg

 

 

Photo Credit from Wutyee Food House 

BY WMMH (Mizzy)
 
ပိတ္ရက္ေတြကို ခ်စ္ရတဲ့ အစားအေသာက္ေတြနဲ႔ အတူတူ ကုန္ဆုံးၾကမယ္ေလ။
ဒီတစ္ပတ္မွာေတာ့ အစားအေသာက္ခ်စ္သူတိုင္း အႀကိဳက္ေတြ႕ေစမယ့္ ႐ိုးရွင္းလြယ္ကူတဲ့ ၿမိတ္ကပ္ေၾကးကိုက္ ျပဳလုပ္နည္းကို ေျပာျပေပးခ်င္ပါတယ္။ 
 
ပါဝင္ပစၥည္း​ေလး​ေတြက​ေတာ့ ...
 
- ညႇပ္ေခါက္ဆြဲ
- ပုဇြန္ ၊ ျပည္ႀကီးငါး
- ၾကက္သား
- ပဲျပဳတ္
- ပဲပင္ေပါက္
- ကန္စြန္း႐ြက္
​- ေနၾကာဆီ
- ရွာလကာရည္
- ငံျပာရည္
- ပဲငံျပာရည္၊ ၾကာညႇိဳ႕
- သၾကား၊ ၾကက္သားမႈန႔္
- င႐ုတ္သီး​မႈန္႔ ႏွင့္ အေတာင့္
- ၾကက္ဥ
 
ပါဝင္ပစၥည္းေတြ စုထားၿပီးၿပီ ဆိုရင္ေတာ့ ျပဳလုပ္ပုံ ျပဳလုပ္နည္း အဆင့္ဆင့္ကို ေျပာျပေပးသြားခ်င္ပါတယ္။ 
  • ပထမဆုံးအေနနဲ႔ ညႇပ္ေခါက္ဆြဲကို ဖြထားၿပီး ငံျပာရည္၊ ပဲငံျပာရည္၊ ၾကာညႇိဳ႕၊ ၾကက္သားမႈန႔္၊ သၾကား၊ ရွာလကာရည္တို႔နဲ႔ နယ္ထားေပးပါ။
  • ပုဇြန္ကို အခြံခြၽတ္၊ ေခ်းခြၽတ္သန႔္စင္ပါ။ ျပည္ႀကီးငါး၊ ၾကက္သား စတာေတြကို ခပ္ေသးေသးအ႐ြယ္ အတုံးေလးေတြ တုံးေပးထားပါ။ 
  • ၾကက္ဥ ၂လုံးခန႔္ကို ေမႊထားၿပီး ဒယ္အိုးထဲမွာ ဆီပူလာတာနဲ႔ ခေလာက္ထားတဲ့ ၾကက္ဥကို ေမႊၿပီးေၾကာ္ေပးပါ။ ၿပီးရင္ေတာ့ ဒယ္အိုးထဲကေန ဆယ္ထားပါ။ 
  • ဒယ္အိုးထဲမွာ က်န္ေနတဲ့ဆီကို င႐ုတ္သီးမႈန႔္နဲ႔ င႐ုတ္သီး​ေတာင့္ ေရာၿပီး ဆီသပ္ေပးပါ။ ဆီသပ္ၿပီး ေမႊးလာရင္ ၾကက္သားကို ထည့္ေၾကာ္ၿပီး အနည္းငယ္ ေျခာက္သြားတဲ့အခါ ပင္လယ္စာေတြကို ထည့္ေၾကာ္လိုက္ပါ။ 
  • ေၾကာ္ေနတုန္းမွာ ပဲငံျပာရည္ ထမင္းစားဇြန္းနဲ႔ (၁) ဇြန္းထည့္ၿပီး ေမႊေပးပါ။ 
  • အသားေတြ က်က္လာၿပီဆိုရင္ ညႇပ္ေခါက္ဆြဲဖတ္ေတြကို ထည့္ၿပီး ေၾကာ္ပါ။  
  • ေခါက္ဆြဲဖတ္ေတြ ႏွံ႔ေအာင္ေၾကာ္ၿပီးရင္ေတာ့ ပဲျပဳတ္၊ ကန္စြန္း႐ြက္၊ ပဲပင္ေပါက္နဲ႔ ေမႊေၾကာ္ထားတဲ့ ၾကက္ဥေၾကာ္တို႔ကို ထည့္ၿပီး (၂) မိနစ္ေလာက္ ထပ္ေမႊေပးလိုက္ပါ။
  • ဒါၿပီးရင္ေတာ့ ပန္းကန္လွလွေလးထဲ ထည့္ၿပီး အနံ႔ေမႊးေမႊး အရသာရွိတဲ့ ၿမိတ္ကပ္ေၾကးကိုက္ကို စတင္ သုံးေဆာင္ႏိုင္ပါၿပီ။ 
 
မႏၲေလးၿမိဳ႕မွာရွိတဲ့ ၿမိတ္ကပ္ေၾကးကိုက္နဲ႔ တစ္ျခားေသာ စားေသာက္ဆိုင္ေတြကို ရွာေဖြခ်င္တယ္ဆိုရင္ေတာ့ ေအာက္ပါလင့္ခ္မွာ ဝင္ေရာက္ရွာေဖြလို႔ ရပါတယ္ေနာ္။ 
================
 
ပိတ်ရက်တွေကို ချစ်ရတဲ့ အစားအသောက်တွေနဲ့ အတူတူ ကုန်ဆုံးကြမယ်လေ။ ဒီတစ်ပတ်မှာတော့ အစားအသောက်ချစ်သူတိုင်း အကြိုက်တွေ့စေမယ့် ရိုးရှင်းလွယ်ကူတဲ့ မြိတ်ကပ်ကြေးကိုက် ပြုလုပ်နည်းကို ပြောပြပေးချင်ပါတယ်။ 
 
ပါဝင်ပစ္စည်း​လေး​တွေက​တော့ ...
 
- ညှပ်ခေါက်ဆွဲ
- ပုဇွန် ၊ ပြည်ကြီးငါး
- ကြက်သား
- ပဲပြုတ်
- ပဲပင်ပေါက်
- ကန်စွန်းရွက်
​- နေကြာဆီ
- ရှာလကာရည်
- ငံပြာရည်
- ပဲငံပြာရည်၊ ကြာညှို့
- သကြား၊ ကြက်သားမှုန့်
- ငရုတ်သီး​မှုန့် နှင့် အတောင့်
- ကြက်ဥ
 
ပါဝင်ပစ္စည်းတွေ စုထားပြီးပြီ ဆိုရင်တော့ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပေးသွားချင်ပါတယ်။ 
  • ပထမဆုံးအနေနဲ့ ညှပ်ခေါက်ဆွဲကို ဖွထားပြီး ငံပြာရည်၊ ပဲငံပြာရည်၊ ကြာညှို့၊ ကြက်သားမှုန့်၊ သကြား၊ ရှာလကာရည်တို့နဲ့ နယ်ထားပေးပါ။
  • ပုဇွန်ကို အခွံချွတ်၊ ချေးချွတ်သန့်စင်ပါ။ ပြည်ကြီးငါး၊ ကြက်သား စတာတွေကို ခပ်သေးသေးအရွယ် အတုံးလေးတွေ တုံးပေးထားပါ။ 
  • ကြက်ဥ ၂လုံးခန့်ကို မွှေထားပြီး ဒယ်အိုးထဲမှာ ဆီပူလာတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကို မွှေပြီးကြော်ပေးပါ။ ပြီးရင်တော့ ဒယ်အိုးထဲကနေ ဆယ်ထားပါ။ 
  • ဒယ်အိုးထဲမှာ ကျန်နေတဲ့ဆီကို ငရုတ်သီးမှုန့်နဲ့ ငရုတ်သီး​တောင့် ရောပြီး ဆီသပ်ပေးပါ။ ဆီသပ်ပြီး မွှေးလာရင် ကြက်သားကို ထည့်ကြော်ပြီး အနည်းငယ် ခြောက်သွားတဲ့အခါ ပင်လယ်စာတွေကို ထည့်ကြော်လိုက်ပါ။ 
  • ကြော်နေတုန်းမှာ ပဲငံပြာရည် ထမင်းစားဇွန်းနဲ့ (၁) ဇွန်းထည့်ပြီး မွှေပေးပါ။ 
  • အသားတွေ ကျက်လာပြီဆိုရင် ညှပ်ခေါက်ဆွဲဖတ်တွေကို ထည့်ပြီး ကြော်ပါ။  
  • ခေါက်ဆွဲဖတ်တွေ နှံ့အောင်ကြော်ပြီးရင်တော့ ပဲပြုတ်၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်နဲ့ မွှေကြော်ထားတဲ့ ကြက်ဥကြော်တို့ကို ထည့်ပြီး (၂) မိနစ်လောက် ထပ်မွှေပေးလိုက်ပါ။
  • ဒါပြီးရင်တော့ ပန်းကန်လှလှလေးထဲ ထည့်ပြီး အနံ့မွှေးမွှေး အရသာရှိတဲ့ မြိတ်ကပ်ကြေးကိုက်ကို စတင် သုံးဆောင်နိုင်ပါပြီ။ 
 
မန္တလေးမြို့မှာရှိတဲ့ မြိတ်ကပ်ကြေးကိုက်နဲ့ တစ်ခြားသော စားသောက်ဆိုင်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်နော်။ 
 
 

Read 146 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.