Friday, 14 August 2020 18:02
 dos_and_dont_3.png
 
BY WMMH (Mizzy)
 
TGIF ဆိုေတာ့ ေဘာ္ဒါေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ဘားထိုင္ရင္း Chillဖို႔ ႀကံစည္ေနၾကၿပီလား?
အားလပ္ခ်ိန္ေလးမွာ ကိုယ့္အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေတြ႕ဆုံဖို႔ ခ်ိန္းၾကေပမယ့္ အလိုက္မသိတဲ့ ေဘာ္ဒါတစ္ခ်ိဳ႕ေၾကာင့္ ဘားထိုင္ရင္ စိတ္အေႏွာက္အယွက္ ျဖစ္ရတာမ်ိဳး လူတိုင္း ႀကံဖူးၾကမယ္ ထင္ပါတယ္။ 
ဒါေၾကာင့္ ဘားထိုင္ရင္ အတူတူ ထိုင္တဲ့သူေတြ စိတ္အေႏွာက္အယွက္ မျဖစ္ရေလေအာင္ ေရွာင္သင့္တဲ့ အခ်က္ေလးေတြကို ဒီကေန႔မွာ ေျပာျပေပးသြားခ်င္ပါတယ္။ 
 
၁။ ဖုန္းမသုံးပါနဲ႔။
တစ္ခါတစ္ေလေလး ေဘာ္ဒါေတြနဲ႔ ဆုံတုန္းမွာ ကိုယ္က တစ္ေယာက္ထဲ ဖုန္းသုံးၿပီး၊ ေျပာေနတဲ့စကားဝိုင္းထဲ မပါဝင္ႏိုင္တဲ့အခါ ေဘးလူေတြက ကသိကေအာက္ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဘားထိုင္တဲ့အခါ ဖုန္းကို အိတ္ထဲထည့္ထားလိုက္ပါ။
 
၂။ ဂ်ီးမမ်ားပါနဲ႔။
ဘားထိုင္ၿပီး ေသာက္စရာေတြ ေ႐ြးၾကတဲ့အခါ လူတစ္ေယာက္ အႀကိဳက္တစ္မ်ိဳး ျဖစ္တတ္တာ မွန္ပါတယ္။ ဒါေပမယ့္ အမ်ားနဲ႔ စုေပါင္းၿပီး ေဘရွင္းတာမ်ိဳးဆို ကိုယ္တစ္ေယာက္ထဲ ႀကိဳက္တာေတြခ်ည္း ေ႐ြးမွာမယ့္အစား ညႇိႏႈိင္းတိုင္ပင္ၿပီး အားလုံးအဆင္ေျပဖို႔ စဥ္းစားသင့္ပါတယ္။
 
၃။ အျမည္းအမ်ားႀကီး မစားပါနဲ႔။
ေတာ္ေတာ္မ်ားမ်ားက ဘားထိုင္ရင္ ေသာက္ခ်င္လို႔ လာၾကတာ မ်ားပါတယ္။ ဒါေၾကာင့္ ေသာက္စရာကို မ်ားမ်ားမွာၿပီး စားစရာ အျမည္းကို အနည္းငယ္ပဲ မွာတတ္ၾကတာ သဘာဝပါ။ ဒီလိုအခ်ိန္မွာ ကိုယ္က သူမ်ားနည္းတူ ေသာက္ရမယ့္အစား အျမည္းေတြခ်ည္း လွိမ့္စားေနမယ္ဆို အဆင္မေျပပါဘူးေနာ္။
 
၄။ ဖုန္းမေျပာပါနဲ႔။
အားလုံးက ခြက္ခ်င္းတိုက္ Chill ေနၾကတဲ့အခ်ိန္မွာ ကိုယ္က ခ်စ္သူနဲ႔ျဖစ္ျဖစ္၊ အလုပ္ကိစၥပဲျဖစ္ျဖစ္ ဖုန္းေတြအၾကာႀကီး ေျပာေနတာမ်ိဳးက ကိုယ့္ေဘာ္ဒါေတြ ကိုယ့္အေပၚ စိတ္ညိဳညင္စရာ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ဘားထိုင္တဲ့အခါ အရမ္းအေရးႀကီးတဲ့ ကိစၥကလြဲရင္ ဖုန္းအၾကာႀကီး မေျပာသင့္ပါဘူးေနာ္။
 
၅။ အိမ္ကို ႀကိဳေျပာထားဖို႔ မေမ့ပါနဲ႔။
အရက္ေတာင္ ေသာက္တတ္ၿပီဆိုမွေတာ့ အိမ္လည္း ပိုင္သင့္ပါၿပီေနာ္။ ဒါေၾကာင့္ ကိုယ္က ဘားထိုင္ဖို႔ အစီအစဥ္ရွိတယ္ဆိုရင္ ညဘက္ အိမ္ျပန္ေနာက္က်မယ့္အေၾကာင္း ကိုယ့္အိမ္ကို ေျပာထားသင့္ပါတယ္။ အိမ္ေထာင္ဖက္ရွိတယ္ဆိုလည္း ႀကိဳေျပာျပထားလိုက္ေတာ့ ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး အရစ္ခံရတဲ့ ဒုကၡ မရွိေတာ့ဘူးေပါ့။
 
၆။ လူပိုေခၚမလာပါနဲ႔။
Social က်တာ ေကာင္းေပမယ့္၊ Social ေရာတာေတာ့ မေကာင္းပါဘူး။ ကိုယ္က တစ္ဖြဲ႕နဲ႔ ခ်ိန္းၿပီးသားဆို အဲ့တစ္ဖြဲ႕က အားလုံးသိတဲ့သူေလာက္ပဲ ေခၚလာတာ ေကာင္းပါတယ္။ ဘယ္သူမွ မသိတဲ့သူစိမ္းတစ္ေယာက္ကို ေခၚလာတာက ဝိုင္းထဲကလူေတြအတြက္ ကသိကေအာက္ ျဖစ္ႏိုင္သလို ေခၚခံရတဲ့ လူအတြက္လည္း အဆင္မေျပ ျဖစ္ႏိုင္ပါတယ္။
 
၇။ မေသာက္ဘဲ မေနပါနဲ႔။
ဘားထိုင္ၿပီး ဘာမွမေသာက္ရင္ ရန္သူပါပဲေနာ္။ ကိုယ္က ေသာက္ခ်င္စိတ္ မရွိဘူးဆိုရင္ေတာင္ ဟန္ျပ တစ္ခြက္ေလာက္ေတာ့ မွာထားသင့္ပါတယ္။ ကိုယ္က အရက္နဲ႔ အလက္ဂ်စ္ရွိတယ္ဆိုလည္း အတူထိုင္မယ့္သူေတြကို ပြင့္ပြင့္လင္းလင္း ႀကိဳေျပာျပထားတာ အေကာင္းဆုံးပါ။
 
၈။ Limit မေက်ာ္ပါေစနဲ႔။
ေသာက္တတ္သူ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ Limit ကို သိထားသင့္ပါတယ္။ အားလုံးက ေပ်ာ္ခ်င္လို႔ လာၾကတဲ့အခ်ိန္မွာ ကိုယ္က မူးေနလို႔ ကိုယ့္ကို ျပဳစုေပးေနရတာမ်ိဳးဆို စိတ္ကသိကေအာက္ ျဖစ္စရာ ေကာင္းပါတယ္ေနာ္။
 
၉။ ပိုက္ဆံရွင္းတဲ့အခ်ိန္ မသိခ်င္ေယာင္ မေဆာင္ပါနဲ႔။ 
အကုန္လုံးက ေသာက္ခ်င္လို႔ လာေသာက္ၾကတဲ့ သူေတြခ်ည္းပါပဲ။ ကိုယ့္အတြက္ကိုကလြဲရင္ ဘယ္သူကမွ သူမ်ားအတြက္ ပိုက္ဆံအပို ပါလာၾကမွာ မဟုတ္ပါဘူး။ ကိုယ္က ေသာက္ဖို႔အတြက္ ပိုက္ဆံအမ်ားႀကီး မရွိဘူးဆိုရင္ မထိုင္ခင္ကတည္းက ႀကိဳေျပာထားသင့္ပါတယ္ေနာ္။ 
 
ကဲ ေဘာ္ဒါေတြနဲ႔ ဘားထိုင္တဲ့အခါ ေရွာင္သင့္တဲ့အခ်က္ ေတာ္ေတာ္မ်ားမ်ားကို သိသြားၿပီဆိုေတာ့ ကိုယ့္သူငယ္ခ်င္းေတြထဲက အလိုက္မသိတတ္တဲ့ ေဘာ္ဒါေတြကို ဒီစာေလး လက္တို႔ၿပီး ေခၚျပလိုက္ဦးေနာ္။ 
 
မႏၲေလးၿမိဳ႕မွာရွိတဲ့ Bars နဲ႔ စားေသာက္ဆိုင္ေတြကိုေတာ့ ေအာက္ပါလင့္ခ္မွာ ဝင္ေရာက္ရွာေဖြလို႔ ရပါတယ္။ 
==================
TGIF ဆိုတော့ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ဘားထိုင်ရင်း Chillဖို့ ကြံစည်နေကြပြီလား? အားလပ်ချိန်လေးမှာ ကိုယ့်အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံဖို့ ချိန်းကြပေမယ့် အလိုက်မသိတဲ့ ဘော်ဒါတစ်ချို့ကြောင့် ဘားထိုင်ရင် စိတ်အနှောက်အယှက် ဖြစ်ရတာမျိုး လူတိုင်း ကြံဖူးကြမယ် ထင်ပါတယ်။ 
ဒါကြောင့် ဘားထိုင်ရင် အတူတူ ထိုင်တဲ့သူတွေ စိတ်အနှောက်အယှက် မဖြစ်ရလေအောင် ရှောင်သင့်တဲ့ အချက်လေးတွေကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။
 
၁။ ဖုန်းမသုံးပါနဲ့။
တစ်ခါတစ်လေလေး ဘော်ဒါတွေနဲ့ ဆုံတုန်းမှာ ကိုယ်က တစ်ယောက်ထဲ ဖုန်းသုံးပြီး၊ ပြောနေတဲ့စကားဝိုင်းထဲ မပါဝင်နိုင်တဲ့အခါ ဘေးလူတွေက ကသိကအောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘားထိုင်တဲ့အခါ ဖုန်းကို အိတ်ထဲထည့်ထားလိုက်ပါ။
 
၂။ ဂျီးမများပါနဲ့။
ဘားထိုင်ပြီး သောက်စရာတွေ ရွေးကြတဲ့အခါ လူတစ်ယောက် အကြိုက်တစ်မျိုး ဖြစ်တတ်တာ မှန်ပါတယ်။ ဒါပေမယ့် အများနဲ့ စုပေါင်းပြီး ဘေရှင်းတာမျိုးဆို ကိုယ်တစ်ယောက်ထဲ ကြိုက်တာတွေချည်း ရွေးမှာမယ့်အစား ညှိနှိုင်းတိုင်ပင်ပြီး အားလုံးအဆင်ပြေဖို့ စဥ်းစားသင့်ပါတယ်။
 
၃။ အမြည်းအများကြီး မစားပါနဲ့။
တော်တော်များများက ဘားထိုင်ရင် သောက်ချင်လို့ လာကြတာ များပါတယ်။ ဒါကြောင့် သောက်စရာကို များများမှာပြီး စားစရာ အမြည်းကို အနည်းငယ်ပဲ မှာတတ်ကြတာ သဘာဝပါ။ ဒီလိုအချိန်မှာ ကိုယ်က သူများနည်းတူ သောက်ရမယ့်အစား အမြည်းတွေချည်း လှိမ့်စားနေမယ်ဆို အဆင်မပြေပါဘူးနော်။
 
၄။ ဖုန်းမပြောပါနဲ့။
အားလုံးက ခွက်ချင်းတိုက် Chill နေကြတဲ့အချိန်မှာ ကိုယ်က ချစ်သူနဲ့ဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲဖြစ်ဖြစ် ဖုန်းတွေအကြာကြီး ပြောနေတာမျိုးက ကိုယ့်ဘော်ဒါတွေ ကိုယ့်အပေါ် စိတ်ညိုညင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘားထိုင်တဲ့အခါ အရမ်းအရေးကြီးတဲ့ ကိစ္စကလွဲရင် ဖုန်းအကြာကြီး မပြောသင့်ပါဘူးနော်။
 
၅။ အိမ်ကို ကြိုပြောထားဖို့ မမေ့ပါနဲ့။
အရက်တောင် သောက်တတ်ပြီဆိုမှတော့ အိမ်လည်း ပိုင်သင့်ပါပြီနော်။ ဒါကြောင့် ကိုယ်က ဘားထိုင်ဖို့ အစီအစဥ်ရှိတယ်ဆိုရင် ညဘက် အိမ်ပြန်နောက်ကျမယ့်အကြောင်း ကိုယ့်အိမ်ကို ပြောထားသင့်ပါတယ်။ အိမ်ထောင်ဖက်ရှိတယ်ဆိုလည်း ကြိုပြောပြထားလိုက်တော့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အရစ်ခံရတဲ့ ဒုက္ခ မရှိတော့ဘူးပေါ့။
 
၆။ လူပိုခေါ်မလာပါနဲ့။
Social ကျတာ ကောင်းပေမယ့်၊ Social ရောတာတော့ မကောင်းပါဘူး။ ကိုယ်က တစ်ဖွဲ့နဲ့ ချိန်းပြီးသားဆို အဲ့တစ်ဖွဲ့က အားလုံးသိတဲ့သူလောက်ပဲ ခေါ်လာတာ ကောင်းပါတယ်။ ဘယ်သူမှ မသိတဲ့သူစိမ်းတစ်ယောက်ကို ခေါ်လာတာက ဝိုင်းထဲကလူတွေအတွက် ကသိကအောက် ဖြစ်နိုင်သလို ခေါ်ခံရတဲ့ လူအတွက်လည်း အဆင်မပြေ ဖြစ်နိုင်ပါတယ်။
 
၇။ မသောက်ဘဲ မနေပါနဲ့။
ဘားထိုင်ပြီး ဘာမှမသောက်ရင် ရန်သူပါပဲနော်။ ကိုယ်က သောက်ချင်စိတ် မရှိဘူးဆိုရင်တောင် ဟန်ပြ တစ်ခွက်လောက်တော့ မှာထားသင့်ပါတယ်။ ကိုယ်က အရက်နဲ့ အလက်ဂျစ်ရှိတယ်ဆိုလည်း အတူထိုင်မယ့်သူတွေကို ပွင့်ပွင့်လင်းလင်း ကြိုပြောပြထားတာ အကောင်းဆုံးပါ။
 
၈။ Limit မကျော်ပါစေနဲ့။
သောက်တတ်သူ တော်တော်များများက ကိုယ့် Limit ကို သိထားသင့်ပါတယ်။ အားလုံးက ပျော်ချင်လို့ လာကြတဲ့အချိန်မှာ ကိုယ်က မူးနေလို့ ကိုယ့်ကို ပြုစုပေးနေရတာမျိုးဆို စိတ်ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်နော်။
 
၉။ ပိုက်ဆံရှင်းတဲ့အချိန် မသိချင်ယောင် မဆောင်ပါနဲ့။ 
အကုန်လုံးက သောက်ချင်လို့ လာသောက်ကြတဲ့ သူတွေချည်းပါပဲ။ ကိုယ့်အတွက်ကိုကလွဲရင် ဘယ်သူကမှ သူများအတွက် ပိုက်ဆံအပို ပါလာကြမှာ မဟုတ်ပါဘူး။ ကိုယ်က သောက်ဖို့အတွက် ပိုက်ဆံအများကြီး မရှိဘူးဆိုရင် မထိုင်ခင်ကတည်းက ကြိုပြောထားသင့်ပါတယ်နော်။ 
 
ကဲ ဘော်ဒါတွေနဲ့ ဘားထိုင်တဲ့အခါ ရှောင်သင့်တဲ့အချက် တော်တော်များများကို သိသွားပြီဆိုတော့ ကိုယ့်သူငယ်ချင်းတွေထဲက အလိုက်မသိတတ်တဲ့ ဘော်ဒါတွေကို ဒီစာလေး လက်တို့ပြီး ခေါ်ပြလိုက်ဦးနော်။ 
 
မန္တလေးမြို့မှာရှိတဲ့ Bars နဲ့ စားသောက်ဆိုင်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။ 
 
 

Read 111 times Last modified on Friday, 14 August 2020 18:23
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.