Tuesday, 21 July 2020 13:22

Chicken_Skin.jpg

 

By - WMMH (Mizzy)

လူတော်တော်များများက ကြက်ကြော်၊ ကြက်ကင်၊ ကြက်သားဟင်းတွေ စားကြတဲ့အခါ အသားတွေကို စားကြပေမယ့် အရေခွံကိုတော့ ဖယ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ကြက်သားဟင်းတွေ ဆိုရင်ပေါ့။

တစ်ချို့ကလည်း ကြက်အရေခွံစားရင် ဝိတ်တတ်တယ်၊ ကျန်းမာရေးနဲ့ မညီညွှတ်ဘူး၊ အဆီတအားများလို့ မစားချင်ဘူးလို့ ဆိုကာ ငြင်းလေ့ရှိကြပါတယ်။

တစ်ကယ်တော့ ကြက်အရေခွံဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး နှလုံးအတွက် အင်မတန်ကောင်းမွန်စေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာဆိုရင် ကြက်အရေခွံမှာ  ပါဝင်တဲ့ အဆီအများစုဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အဟာရဓာတ်များစွာ ပါဝင်ပြီး တစ်ချို့လူတွေ စိုးရိမ်နေကြသလိုမျိုး အရေခွံမှာ ပါဝင်တဲ့ အဆီကြောင့် နှလုံးရောဂါနဲ့ အဝလွန်ခြင်း ဖြစ်မှာကိုလည်း ပူစရာမလိုပါဘူးနော်။ 

ကြက်အရေခွံမှာ ပါရှိတဲ့ အဆီဟာ ကိုလက်စထော (Cholesterol) နဲ့ သွေးဖိအား (Blood Pressure) ကို ထိန်းညှိပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် ပိုလို့တောင် သင့်တော်ပါသေးတယ် ။ ဒါ့အပြင် ကြက်အရေခွံက ကြက်သားရဲ့ အရသာကို ပိုတိုးအောင် လုပ်ပေးတာမို့လို့ ဟင်းချက်တဲ့အခါ ဆား၊ အချိုမှုန့် အများကြီး ထည့်စရာမလိုဘဲ ကြက်သားရဲ့ နဂိုမူလအချိုဓာတ်က ပြည့်ဝပြီးသား ဖြစ်နေမှာပါ။

ဒါ့အပြင် ကြက်သားကြော်၊ ကြက်သားဆီပြန် စသဖြင့် ချက်ပြုတ်တဲ့ အခါမှာလည်း ကြက်သားထဲ ဆီတွေ စိမ့်ဝင်သွားတာမျိုး မဖြစ်အောင် အရေခွံကို လုံးဝ မဖယ်သင့်ပါဘူးနော်။ 

ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုသလိုပဲ ကြက်သားနဲ့ ကြက်အရေခွံမှာ ခန္ဓာကိုယ် ရောင်ရမ်းမှုကို ဖြစ်စေတဲ့ Omega-6 ပါဝင်တာကြောင့် အလွန်အကျွံစားမိရင်တော့ ဘေးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အများကြီး မစားမိအောင် သတိလေးထားပြီး စားသုံးသင့်ပါတယ်နော်။ 

 

Source from www.insider.com

============================
[Zawgyi Version]
လူေတာ္ေတာ္မ်ားမ်ားက ၾကက္ေၾကာ္၊ ၾကက္ကင္၊ ၾကက္သားဟင္းေတြ စားၾကတဲ့အခါ အသားေတြကို စားၾကေပမယ့္ အေရခြံကိုေတာ့ ဖယ္ေလ့ရွိၾကပါတယ္။ အထူးသျဖင့္ ၾကက္သားဟင္းေတြ ဆိုရင္ေပါ့။ တစ္ခ်ိဳ႕ကလည္း ၾကက္အေရခြံစားရင္ ဝိတ္တတ္တယ္၊ က်န္းမာေရးနဲ႔ မညီၫႊတ္ဘူး၊ အဆီတအားမ်ားလို႔ မစားခ်င္ဘူးလို႔ ဆိုကာ ျငင္းေလ့ရွိၾကပါတယ္။
တစ္ကယ္ေတာ့ ၾကက္အေရခြံဟာ က်န္းမာေရးနဲ႔ ညီၫႊတ္ၿပီး ႏွလုံးအတြက္ အင္မတန္ေကာင္းမြန္ေစတဲ့ အစားအစာတစ္ခု ျဖစ္ပါတယ္။ ဟားဗတ္တကၠသိုလ္ရဲ႕ ေတြ႕ရွိခ်က္မွာဆိုရင္ ၾကက္အေရခြံမွာ  ပါဝင္တဲ့ အဆီအမ်ားစုဟာ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တဲ့ အဟာရဓာတ္မ်ားစြာ ပါဝင္ၿပီး တစ္ခ်ိဳ႕လူေတြ စိုးရိမ္ေနၾကသလိုမ်ိဳး အေရခြံမွာ ပါဝင္တဲ့ အဆီေၾကာင့္ ႏွလုံးေရာဂါနဲ႔ အဝလြန္ျခင္း ျဖစ္မွာကိုလည္း ပူစရာမလိုပါဘူးေနာ္။ 
ၾကက္အေရခြံမွာ ပါရွိတဲ့ အဆီဟာ ကိုလက္စေထာ (Cholesterol) နဲ႔ ေသြးဖိအား (Blood Pressure) ကို ထိန္းညႇိေပးႏိုင္တဲ့အတြက္ က်န္းမာေရးအတြက္ ပိုလို႔ေတာင္ သင့္ေတာ္ပါေသးတယ္ ။ ဒါ့အျပင္ ၾကက္အေရခြံက ၾကက္သားရဲ႕ အရသာကို ပိုတိုးေအာင္ လုပ္ေပးတာမို႔လို႔ ဟင္းခ်က္တဲ့အခါ ဆား၊ အခ်ိဳမႈန္႔ အမ်ားႀကီး ထည့္စရာမလိုဘဲ ၾကက္သားရဲ႕ နဂိုမူလအခ်ိဳဓာတ္က ျပည့္ဝၿပီးသား ျဖစ္ေနမွာပါ။
ဒါ့အျပင္ ၾကက္သားေၾကာ္၊ ၾကက္သားဆီျပန္ စသျဖင့္ ခ်က္ျပဳတ္တဲ့ အခါမွာလည္း ၾကက္သားထဲ ဆီေတြ စိမ့္ဝင္သြားတာမ်ိဳး မျဖစ္ေအာင္ အေရခြံကို လုံးဝ မဖယ္သင့္ပါဘူးေနာ္။ 
ဒါေပမဲ့ တန္ေဆးလြန္ေဘး ဆိုသလိုပဲ ၾကက္သားနဲ႔ ၾကက္အေရခြံမွာ ခႏၶာကိုယ္ ေရာင္ရမ္းမႈကို ျဖစ္ေစတဲ့ Omega-6 ပါဝင္တာေၾကာင့္ အလြန္အကြၽံစားမိရင္ေတာ့ ေဘးျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမ်ားႀကီး မစားမိေအာင္ သတိေလးထားၿပီး စားသုံးသင့္ပါတယ္ေနာ္။ 
 
Source from www.insider.com
 

Read 122 times Last modified on Tuesday, 21 July 2020 17:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.