Print this page
Sunday, 05 April 2020 21:21

85081563_2584661771821920_8297239404070567936_n.jpg

 

စားသောက်ဆိုင်များနှင့် ဟိုတယ်စားသောက်ခန်းများတွင် Covid-19 ရောဂါအတွက် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန MOHS မှ ထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ငန်းခွင်မဝင်မီ ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်အမြဲစစ်ဆေးပါ။ ခန္ဓာကိုယ်အပူချိန်တိုင်း ကိရိယာ (Non-contact Thermometer)ဖြင့် တိုင်းတာပြီး ကိုယ်အပူချိန် ၃၈ံ C/၁၀၀.၄ံ F အောက်တွင်ရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်စေပါ။

၂။ လုပ်ငန်းခွင်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းများနှင့် အားအင်ကုန်ခန်းခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့၍ ဆေးကုသမှုခံယူစေပါ။ လုပ်ငန်းခွင်မှ အနားယးပါ။

၃။ အစားအသောက်ပြင်ဆင်ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့် ရေနှင့် ဆပ်ပြာ အသုံးပြု၍ လက်ကို မကြာခဏ စနစ်တကျဆေးကြောပါ။

၎။ အသား၊ ငါး၊ ဥ အမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ကျက်အောင်ချက်ပြုပြီးမှ စားသုံးသူများထံ ရောင်းချပါ။

၅။ စားသုံးသူများအား ကိုယ်ခန္ဓာအပူချိန်တိုင်းတာပြီး ကိုယ်အပူချိန် ၃၈ံ C/၁၀၀.၄ံ F အောက်တွင်ရှိမှသာ ဆိုင်သို့ ဝင်ရောက်စေပါ။

၆။ ရေ၊ ဆပ်ပြာနှင့် လက်သန့်စင်ဆေးရည်တို့ကို ထားရှိရန်နှင့် လက်ဆေးရန်နေရာများ လုံလောက်အောင် ထားရှိပေးပါ။

၇။ ဧည့်သည်များကို တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှ ၃ ပေအကွာ ခွဲခြားထိုင်စေပါ။

၈။ လူစုလူဝေးဖြင့် ရောင်းချခြင်းထက် အိမ်သို့ ဝယ်ယူသွားစေခြင်း (Hand-carry) အနေဖြင့်သာ ဦးစားပေးရောင်းချပါ။

၉။ ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် လိုအပ်ပါက အသုံးပြုနိုင်ရန် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) များထားရှိပေးပါ။

၁၀။ ကိုရိုနာဗိုင်းရပ်စ်ပိုးများသည် အရာဝတ္တုများ မျက်နှာပြင်များတွင် ရှင်သန်နိုင်၍ လူအများနှင့် ထိတွေ့လေ့ရှိသောနေရာများ (ဥပမာ- တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ငွေရှင်းကောင်တာ၊ စားပွဲများ။ ထိုင်ခုံများနှင့် အသုံးအဆောင်ပစ္စည်းများ)ကို အယ်ကိုဟော ၇၀ % အထက်ပါသော ပိုးသန့်ဆေးရည်(သို့) ဆပ်ပြာရည်ဖြင့် မကြာခဏ စနစ်တကျ သန့်ရှင်းရေးပြုလုပ်ပါ။

၁၁။ စွန့်ပစ်တစ်ရှူးနှင့် အခြားအမှိုက်များ သိမ်းဆည်းရာတွင် အထူးဂရုပြု၍ လက်အိတ်ဝတ်ဆင်ပြီး အရိုးရှည်တပ် တံမြက်စည်း၊ ဂေါ်ပြားနှင့် အမှိုက်ညှပ်အသုံးပြု၍ စနစ်တကျ သိမ်းဆည်းပါ။

၁၂။ အမှိုက်များအား အမှိုက်အိတ်ထဲသို့ထည့်၍ လုံအောင်ပတ်ပြီးမှ စနစ်တကျစွန့်ပစ်ပါ။

၁၃။ အမှိုက်နှင့် အညစ်အကြေးများ ကိုင်တွယ်ပြီးလျှင် ဆပ်ပြာနှင့် ရေတို့ကို အသုံးပြု၍ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။

Su Mon Oo ( Mine )


Read 335 times
Rate :
(4 votes)

Related items