Tuesday, 31 March 2020 15:43

alltime-04_1.jpg

 





ပူစီနံ
ဂြူးမွစျ
မွပေဲကွောျ
ပဲပွားကွောျ
ကွကျဥကွောျ
ငါးဖယျကွောျ

Read More>>>Coronavirus ကို ခုခံနိုင်စေဖို့အတွက် စားသောက်ပေးသင့်တဲ့ အစားအစာများ





My Mandalay

 

Zawgyi 

 

Covid 19 ရောဂါကြောင့် အိမ်အပြင်မထွက်ကြဖို့ အားလုံးက သတိပေးနှိုးဆော်ထားကြပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ တက်နိုင်သလောက် အိမ်ထဲမှာနေပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့လိုပါတယ်။ အိမ်တွင်းမှာနေရင်း မပျင်းရအောင် ကိုယ်တိုင်တစ်ခုခုချက်စားချင်တဲ့အခါ စားလို့လဲကောင်း ရိုးရာလဲမပျက်မယ့် မန္တလေးထမင်းသုပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့


ထမင်း
ပဲကြာဇံ
ကြက်သွန်နီဆီချက်
ပဲပုပ်ထောင်း
ပဲမှုန့်
ဆား
ကြက်သားမှုန့်
ငါးငံပြာရည်
ဆီချက်အနီရောင်
ပူစီနံ
ဂျူးမြစ်
မြေပဲကြော်
ပဲပြားကြော်
ကြက်ဥကြော်
ငါးဖယ်ကြော်

ပြုလုပ်နည်း

အရင်ဆုံး ပဲကြာဇံကို ရေစိမ်ထားရပါမယ်။ ပြီးရင် ကြက်သွန်နီကို ဆီသပ်ထားပါ။ အဲဒါပြီးရင်တော့ ပဲပုပ်ကို မီးကင်ပြီး အမှုန့်ဖြစ်အောင် ချေထားရပါမယ်။ အနီရောင်ဆီချက်အတွက် ငရုပ်သီးအစိမ်းမှုန့်ကို ဆီပူပူလောင်းထည့်ပြီး ပြင်ဆင်ထားပါ။

အဲဒါတေွ ပြီးတဲ့နောက်မှာတော့ ကြက်ဥ ၁ လုံး၊ ပဲပြား၊ ငါးဖယ်၊ မြေပဲ တို့ကို ကြော်ပြီး သပ်သပ်ဖယ်ထားလိုက်ပါ။ ကိုယ်စားချင်တဲ့ ထမင်းပမာဏကို နယ်မယ့်ဇလုံထဲ ထည့်လိုက်ပါ။ ကြက်သွန်နီဆီချက်အဖတ်၊ မန်ကျည်းနှစ်၊ အနီရောင်ဆီချက်၊ ပဲပုပ်ထောင်း၊ ပဲမှုန့်၊ အသားမှုန့်၊ ငါးငံပြာရည်၊ ဆား၊ ပဲပြားကြော်၊ ပဲကြာ ဇံ တို့ကိုထည့်ပြီး နှံ့အောင်နယ်လိုက်ပါ။

နယ်ပြီးတဲ့အခါမှာတော့ ထမင်းတွေကို ပန်းကန်ပြားထဲထည့်ပါ။ ပြီးရင် ကြက်ဥကြော်၊ ငါးဖယ်ကြော်၊ မြေပဲကြော်၊ ဂျူးမြစ်နဲ့ ပူစီနံတို့တွဲဖက်ပြီး အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။

My Mandalay


Read 226 times Last modified on Tuesday, 31 March 2020 17:26
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.