Monday, 30 March 2020 13:54

food.png

Coronavirus ကို ခုခံႏိုင္ေစဖို႔အတြက္ စားေသာက္ေပးသင့္တဲ့ အစားအစာမ်ား

Coronavirus အေနနဲ႔ စတင္ဝင္ေရာက္ေတာ့မယ္ဆိုရင္ ပါးစပ္၊ ႏွာေခါင္း၊ မ်က္စိ အစရွိတဲ့ ေနရာေတြကေနတစ္ဆင့္ အဆုတ္ထဲသို႔ ဝင္ေရာက္ၿပီး ဖ်က္ဆီးတဲ့အတြက္ အဆုတ္အားေကာင္းေနဖို႔ လိုအပ္တဲ့အျပင္ ေဆးလိပ္ေသာက္ျခင္းက သင့္ရဲ႕ အဆုတ္ကို ဒုကၡေပးေစႏိုင္တာေၾကာင့္ ေဆးလိပ္ကို အထူးေရွာင္က်ဥ္ဖို႔ လိုအပ္ပါတယ္။

စာဖတ္သူေတြအေနနဲ႔ အခုလို အေျခအေနမ်ိဳးမွာ တက္ႏိုင္သမွ် လူစုလူေဝးေတြကိုေရွာင္ရွားၿပီး အိမ္မွာပဲေနသင့္သလို လက္ကို မၾကာခဏ ေဆးသင့္ပါတယ္။ ဒါ့အျပင္ အဆုတ္ကို ပိုၿပီး က်န္းမာေစတဲ့ အစားအစာေတြကို စားသံုးေပးဖို႔ သင့္ပါတယ္။ အခ်ိဳ႕ေသာ သဘာဝအစားအစာေတြက သင့္ရဲ႕ အသက္ရွဴစနစ္နဲ႔ အဆုတ္ကို ပိုၿပီး က်န္းမာေစပါတယ္။ ဒါ့ေၾကာင့္ စာဖတ္သူေတြအေနနဲ႔ အလြယ္တကူ ဝယ္ယူစားသံုးႏိုင္ေသာ အဆုတ္အားေကာင္းေစတဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေရ

ေရက လူ႕ခႏၶာကိုယ္အတြက္ မရွိမျဖစ္တဲ့ အရာတစ္ခုပဲျဖစ္ပါတယ္။ အဆုတ္ကို ေရဓာတ္ျပည့္ဝေနေစဖို႔နဲ႔ ေလကို ရႈသြင္းရႈထုတ္လုပ္မယ့္ လုပ္ေဆာင္ခ်က္ေတြအတြက္အျပင္ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေရက မရွိမျဖစ္လိုအပ္ပါတယ္။ ေယဘုယ်အားျဖင့္ အရြယ္ေရာက္တဲ့ လူတစ္ေယာက္ဟာ ေရကို အနည္းဆံုး ၂ လီတာကေန ၄ လီတာအထိ ေသာက္သံုးသင့္ပါတယ္။ ။ အမ်ဳိးသားဆိုရင္ တစ္ေန႔မွာ ေရ ၁၃ ခြက္ ( ၃ လီတာ)၊ အမ်ဳိးသမီးဆိုရင္ တစ္ေန႔မွာ ေရ ၉ ခြက္ (၂ လီတာေက်ာ္) လိုအပ္ပါတယ္။

၂။ ပန္းေဂၚဖီႏြယ္ဝင္ အသီးအရြက္မ်ား

ေဂၚဖီအႏြယ္ဝင္ ဟင္းသီးဟင္းရြက္ေတြက antioxidants ေတြ ေပါမ်ားစြာ ပါဝင္တာေၾကာင့္ အဆုတ္ကို သန္႔စင္ေပးဖို႔ မရွိမျဖစ္လိုအပ္ပါတယ္။ ပန္းပြင့္စိမ္းက က်န္းမာေရးအတြက္ အေကာင္းဆံုးႏွင့္ အဆုတ္အားေကာင္းေစတဲ့ အသီးအရြက္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ေဂၚဖီနဲ႔ ေဂၚဖီပန္းပြင့္ေတြက က်န္းမာတဲ့အဆုတ္ျဖစ္ေစဖို႔အတြက္ အခုလိုအခ်ိန္မ်ိဳးမွာ ေရြးခ်ယ္စားေသာက္ေပးသင့္တဲ့အစားအစာပဲျဖစ္ပါတယ္။

Read More >>> ခႏၶာကုိယ္မွာ ေရဓာတ္ခမ္းေျခာက္မႈမခံစားရေအာင္ ဘယ္လုိကာကြယ္ၾကမလဲ

၃။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက အဆုတ္က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ကိုလက္စထေရာေတြ၊ ခႏၶာကိုယ္တြင္း ေယာင္ရမ္းျခင္းေတြ၊ ကူးစက္မႈေတြကို ဖယ္ရွားေပးတဲ့ အစားအစာတစ္မ်ိဳးပဲျဖစ္ပါတယ္။

၄။ ဘယ္ရီသီးမ်ား

ဘယ္ရီသီးမ်ားမွာ antioxidants နဲ႔ beta-carotene ဓာတ္ေတြ ပါဝင္တဲ့အျပင္ အျခား က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ ဓာတ္ေတြလည္း ပါဝင္ပါတယ္။ ဘယ္ရီသီးမ်ားမွာ ပါဝင္တဲ့ antioxidants က အဆုတ္ကင္ဆာျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္တဲ့အျပင္ အဆုတ္နဲ႔ပတ္သက္တဲ့ ေရာဂါေတာ္ေတာ္မ်ားမ်ားကိုလည္း ဘယ္ရီသီးအႏြယ္ဝင္အသီးေတြက တိုက္ဖ်က္ေပးႏိုင္ပါတယ္။

၅။ ပန္းသီး

အသက္ရႈလမ္းေၾကာင္းအတြက္နဲ႔ သင့္ခႏၶာကိုယ္အတြက္ ပန္းသီးက အက်ိဳးရွိေစပါတယ္။ အဆုတ္နဲ႔ပတ္သက္ၿပီး ျဖစ္တတ္တဲ့ ေရာဂါေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။

၆။ င႐ုတ္သီး

Capsaicin လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳးပါဝင္တဲ့ င႐ုတ္သီးက ခႏၶာကိုယ္တစ္ေလွ်ာက္ကို ေသြးေတြ လည္ပတ္မႈအားေကာင္းေစၿပီး ကူးစက္မႈေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ဒါ့အျပင္ င႐ုတ္သီးမွာ ပါဝင္တဲ့ ဓာတ္တစ္မ်ိဳးက အဆုတ္မွာ ကပ္ၿငိေနတတ္တဲ့ မေကာင္းေသာ အခၽြဲအက်ိေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ အဆုတ္ကို က်န္းမာေစၿပီး ေရာဂါပိုးေတြ မဝင္ႏိုင္ေအာင္ လည္း တားဆီးေပးပါတယ္။ ဒါေပမယ့္ အစာအိမ္ရွိသူမ်ားအေနနဲ႔ င႐ုတ္သီးကို စားသံုးဖို႔ မသင့္ေတာ္ပါဘူး။

၇။ ေရွာက္ခ်ဳိသီး ( Grapefruit)

ဗီတာမင္ႏွင့္ သတၱဳဓာတ္ေတြ ပါဝင္ေသာ ေရွာက္ခ်ဳိသီးရဲ႕ ခါးသက္သက္ဓာတ္က အသက္ရွဴလမ္းေၾကာင္းစနစ္အတြက္ ေကာင္းမြန္ေစပါတယ္။ Flavonoids ဓာတ္က အဆုတ္ကို သန္႔စင္ေပးဖို႔နဲ႔ အဆုတ္ကို အားေကာင္းေစတဲ့အတြက္ ေရွာက္ခ်ိဳသီးက အဆုတ္အားေကာင္းေစတဲ့ အစားအစာထဲမွာ ပါဝင္ပါတယ္။

၈။ မုန္လာဥနီ

ဥနီသီးမွာ မ်ားျပားတဲ့ ဗီတာမင္ဓာတ္ေတြပါဝင္ပါတယ္။ ဗီတာမင္ေအ ပါဝင္မႈေၾကာ္င့ အဆုတ္ေရာဂါေတြကို တိုက္ဖ်က္ဖို႔ ကူညီေပးႏိုင္ပါတယ္။ antioxidants နဲ႔ lycopene ဓာတ္ေတြ ပါဝင္မႈေၾကာင့္ အဆုတ္နဲ႔ ႏွလံုးေသြးေၾကာစနစ္ေတြကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။

၉။ မဂၢနီဆီယမ္ဓာတ္ ႂကြယ္ဝတဲ့ အစားအစာမ်ား

မဂၢနီဆီယမ္ဓာတ္ပါဝင္တဲ့ အစားအစာေတြက အဆုတ္ကို ပိုက်န္းမာေစဖို႔ ကူညီေပးႏိုင္တဲ့အျပင္ အဆုတ္ရဲ႕ လုပ္ေဆာင္ခ်က္ကို ပိုတိုးတက္ေစၿပီး ရပ္က်ပ္ေရာဂါကဲ့သို႔ ေရာဂါေတြကိုလည္း လည္း သက္သာေစႏိုင္ပါတယ္။ မဂၢနီဆီယမ္ဓာတ္ပါဝင္တဲ့ အစားအစာေတြကေတာ့ - ပဲအမ်ိဳးမ်ိဳး၊ အခြံမာသီး၊ အေစ့အဆံမ်ား၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား၊ Tea (Green Tea, Black Tea)၊ ပင္လယ္စာမ်ား၊ ဟင္းခတ္အေမႊးအႀကိဳင္မ်ားႏွင့္ တို႔ဟူး အစရွိသည္တို႔ပဲျဖစ္ပါတယ္။

အထက္မွာေဖာ္ျပေပးခဲ့တဲ့ အစားအစာေတြကေတာ့ အဆုတ္ကို အားေကာင္းေစတဲ့ အစားအစာေတြပဲျဖစ္ပါတယ္။

My Mandalay

## Unicode##

Coronavirus ကို ခုခံနိုင်စေဖို့အတွက် စားသောက်ပေးသင့်တဲ့ အစားအစာများ

Coronavirus အနေနဲ့ စတင်ဝင်ရောက်တော့မယ်ဆိုရင် ပါးစပ်၊ နှာခေါင်း၊ မျက်စိ အစရှိတဲ့ နေရာတွေကနေတစ်ဆင့် အဆုတ်ထဲသို့ ဝင်ရောက်ပြီး ဖျက်ဆီးတဲ့အတွက် အဆုတ်အားကောင်းနေဖို့ လိုအပ်တဲ့အပြင် ဆေးလိပ်သောက်ခြင်းက သင့်ရဲ့ အဆုတ်ကို ဒုက္ခပေးစေနိုင်တာကြောင့် ဆေးလိပ်ကို အထူးရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ အခုလို အခြေအနေမျိုးမှာ တက်နိုင်သမျှ လူစုလူဝေးတွေကိုရှောင်ရှားပြီး အိမ်မှာပဲနေသင့်သလို လက်ကို မကြာခဏ ဆေးသင့်ပါတယ်။ ဒါ့အပြင် အဆုတ်ကို ပိုပြီး ကျန်းမာစေတဲ့ အစားအစာတွေကို စားသုံးပေးဖို့ သင့်ပါတယ်။ အချို့သော သဘာဝအစားအစာတွေက သင့်ရဲ့ အသက်ရှူစနစ်နဲ့ အဆုတ်ကို ပိုပြီး ကျန်းမာစေပါတယ်။ ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့ အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အဆုတ်အားကောင်းစေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေ

ရေက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အဆုတ်ကို ရေဓာတ်ပြည့်ဝနေစေဖို့နဲ့ လေကို ရှုသွင်းရှုထုတ်လုပ်မယ့် လုပ်ဆောင်ချက်တွေအတွက်အပြင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် အရွယ်ရောက်တဲ့ လူတစ်ယောက်ဟာ ရေကို အနည်းဆုံး ၂ လီတာကနေ ၄ လီတာအထိ သောက်သုံးသင့်ပါတယ်။ ။ အမျိုးသားဆိုရင် တစ်နေ့မှာ ရေ ၁၃ ခွက် ( ၃ လီတာ)၊ အမျိုးသမီးဆိုရင် တစ်နေ့မှာ ရေ ၉ ခွက် (၂ လီတာကျော်) လိုအပ်ပါတယ်။

၂။ ပန်းဂေါ်ဖီနွယ်ဝင် အသီးအရွက်များ

ဂေါ်ဖီအနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက antioxidants တွေ ပေါများစွာ ပါဝင်တာကြောင့် အဆုတ်ကို သန့်စင်ပေးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ပန်းပွင့်စိမ်းက ကျန်းမာရေးအတွက် အကောင်းဆုံးနှင့် အဆုတ်အားကောင်းစေတဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဂေါ်ဖီနဲ့ ဂေါ်ဖီပန်းပွင့်တွေက ကျန်းမာတဲ့အဆုတ်ဖြစ်စေဖို့အတွက် အခုလိုအချိန်မျိုးမှာ ရွေးချယ်စားသောက်ပေးသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။

Read More >>> ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုမခံစားရအောင် ဘယ်လိုကာကွယ်ကြမလဲ

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကိုလက်စထရောတွေ၊ ခန္ဓာကိုယ်တွင်း ယောင်ရမ်းခြင်းတွေ၊ ကူးစက်မှုတွေကို ဖယ်ရှားပေးတဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

၄။ ဘယ်ရီသီးများ

ဘယ်ရီသီးများမှာ antioxidants နဲ့ beta-carotene ဓာတ်တွေ ပါဝင်တဲ့အပြင် အခြား ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဘယ်ရီသီးများမှာ ပါဝင်တဲ့ antioxidants က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတော်တော်များများကိုလည်း ဘယ်ရီသီးအနွယ်ဝင်အသီးတွေက တိုက်ဖျက်ပေးနိုင်ပါတယ်။

၅။ ပန်းသီး

အသက်ရှုလမ်းကြောင်းအတွက်နဲ့ သင့်ခန္ဓာကိုယ်အတွက် ပန်းသီးက အကျိုးရှိစေပါတယ်။ အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ ငရုတ်သီး

Capsaicin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့ ငရုတ်သီးက ခန္ဓာကိုယ်တစ်လျှောက်ကို သွေးတွေ လည်ပတ်မှုအားကောင်းစေပြီး ကူးစက်မှုတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ငရုတ်သီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းသော အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အဆုတ်ကို ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင် လည်း တားဆီးပေးပါတယ်။ ဒါပေမယ့် အစာအိမ်ရှိသူများအနေနဲ့ ငရုတ်သီးကို စားသုံးဖို့ မသင့်တော်ပါဘူး။

၇။ ရှောက်ချိုသီး ( Grapefruit)

ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်သော ရှောက်ချိုသီးရဲ့ ခါးသက်သက်ဓာတ်က အသက်ရှူလမ်းကြောင်းစနစ်အတွက် ကောင်းမွန်စေပါတယ်။ Flavonoids ဓာတ်က အဆုတ်ကို သန့်စင်ပေးဖို့နဲ့ အဆုတ်ကို အားကောင်းစေတဲ့အတွက် ရှောက်ချိုသီးက အဆုတ်အားကောင်းစေတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

၈။ မုန်လာဥနီ

ဥနီသီးမှာ များပြားတဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင်အေ ပါဝင်မှုကြော်င့ အဆုတ်ရောဂါတွေကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်ပါတယ်။ antioxidants နဲ့ lycopene ဓာတ်တွေ ပါဝင်မှုကြောင့် အဆုတ်နဲ့ နှလုံးသွေးကြောစနစ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

၉။ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ

မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့ အစားအစာတွေက အဆုတ်ကို ပိုကျန်းမာစေဖို့ ကူညီပေးနိုင်တဲ့အပြင် အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို ပိုတိုးတက်စေပြီး ရပ်ကျပ်ရောဂါကဲ့သို့ ရောဂါတွေကိုလည်း လည်း သက်သာစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ - ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆံများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ Tea (Green Tea, Black Tea)၊ ပင်လယ်စာများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် တို့ဟူး အစရှိသည်တို့ပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့ အစားအစာတွေကတော့ အဆုတ်ကို အားကောင်းစေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

My Mandalay


Read 231 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.