Thursday, 26 March 2020 14:36

jjm_1.jpg

 

ရံုးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြမွာ ကိုရိုနာဗုိင္းရပ္ေတြေၾကာင့္ အျပင္မထြက္ခ်င္ဘူး အိမ္ထဲမွာပ်င္းေနမယ့္အစား အကုန္က်နည္းနည္းနဲ႔ အလြယ္တကူလုပ္စားလုိ႔ရမယ့္ အားလူးကတ္သလိတ္ေက်ာ္နည္းေလးကို ေဖာ္ျပေပးလုိက္ပါတယ္။ ေက်ာ္နည္းေတြအမ်ားႀကီး ရွိတဲ့အထဲမွာမွ နံနံပင္နံ့ေမႊးေမႊးေလးနဲ႔ စားလို႔ေကာင္းမယ့္ နည္းလမ္းေလးကို ေျပာျပေပးလိုက္ပါတယ္။

လုိအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့

အားလူး - 500g

ေျပာင္းေကာ္မႈန႔္ - ထမင္းစားဇြန္း ၄ဇြန္း ေမာက္ေမာက္

ဆား - လက္ဖက္ရည္ဇြန္း သုံးပုံတစ္ပုံ

အရသာမႈန႔္ - လက္ဖက္ရည္ဇြန္း တဝက္

နႏြင္းမႈန႔္ - လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

နံနံပင္ - ၅ပင္

ဆီ - လိုသေလာက္

Read More>>>ခ်ိဳခ်ိဳအီအီေလးနဲ႔ အရသာရွိတဲ့ ငွက္ေပ်ာေရႊၾကည္ေလး ကုိယ္တုိင္လုပ္စားၾကမယ္

ျပဳလုပ္နည္း

ေျမနီအာလူး အာလူးအေစးသီးကို ေရစင္ေအာင္ေဆးၿပီး အခြံမခြာဘဲ ႏူးေနေအာင္ ျပဳပ္ေပးပါ။ မိုက္ခေဝ့ မီးဖိုႏွင့္ျပဳပ္ပါက ေရအနည္းငယ္ထည့္ၿပီး ၁၂ မိနစ္နစ္ခန႔္ ျပဳပ္ေပးပါ။ နံနံပင္ကို အေနေတာ္အရြယ္ လွီးထားေပးပါ။

အာလူးႏူးပါက အေအးခံၿပီး အခြံခြာပါ။ အခြံခြာၿပီးသား အာလူးကို စတီးဇလုံတစ္လုံးထဲထည့္ၿပီး ဆား အရသာမႈန႔္ ေျပာင္းေကာ္မႈန႔္ နႏြင္းမႈန႔္တို႔ထည့္ၿပီး အာလူးေက်ေအာင္ေခ်ကာ နယ္ေပးပါ။ အာလူးေက်သြားပါက င႐ုတ္က်ီေပြ႔နဲ႔ င႐ုတ္ဆုံမရွိက ဇလုံထဲမွာဘဲ ေစးပိုင္လာတဲ့ထိ ေထာင္းေပးပါ။

>>>စားေသာက္ဆိုင္မ်ား (2288)ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

အာလူးမ်ား ေစးပိုင္လာပါက နံနံပင္ထည့္နယ္ၿပီး ထမင္းစားဇြန္း တဇြန္းစာယူၿပီး လက္ႏွင့္ဆုတ္ေပးပါ။  အားလုံးဆုတ္ေပးၿပီးပါက လက္ဝါးႏွစ္ဖက္ၾကားထည့္ၿပီး ဝိုင္းသြားေအာင္ လုံးေပးပါ။ အာလူးမ်ား အဆင္သင့္ျဖစ္ပါက ဆီကိုဒယ္အိုးထဲထည့္ၿပီး အပူေပးပါ။

ဆီပူလာပါက အာလူးမထည့္ခင္ မီးကို အလယ္ေလာက္ထိ ေလ်ာ့ေပးပါ။ မီးေလ်ာ့ၿပီးမွ အာလူးလုံးမ်ားကို တလုံးျခင္းထည့္ၿပီး ေၾကာ္ေပးပါ။ တဖက္ေရႊဝါေရာင္ သန္းလာပါက ေနာက္တဖက္ကို လွန္ေပးပါ။ တလုံးလုံ ေရႊဝါေရာင္ သန္းလာပါက ဆယ္ၿပီး ဆီစစ္ေပးပါ။ ဆီစစ္သြားပါက နံနံပင္နံ႔ေမႊးေမႊးေလးနဲ႔ သတ္သတ္လြတ္ အာလူး ကတ္တလိတ္ေလးကို စားသုံးနိုင္မွာပဲျဖစ္ပါတယ္။

Source; Myo Thaw
My Mandalay

 

Zawgyi

 

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ကိုရိုနာဗိုင်းရပ်တွေကြောင့် အပြင်မထွက်ချင်ဘူး အိမ်ထဲမှာပျင်းနေမယ့်အစား အကုန်ကျနည်းနည်းနဲ့ အလွယ်တကူလုပ်စားလို့ရမယ့် အားလူးကတ်သလိတ်ကျော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကျော်နည်းတွေအများကြီး ရှိတဲ့အထဲမှာမှ နံနံပင်နံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းမယ့် နည်းလမ်းလေးကို ပြောပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

အားလူး - 500g

ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၄ဇွန်း မောက်မောက်

ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

နံနံပင် - ၅ပင်

ဆီ - လိုသလောက်

ပြုလုပ်နည်း

မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ။ မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေအနည်းငယ်ထည့်ပြီး ၁၂ မိနစ်နစ်ခန့် ပြုပ်ပေးပါ။ နံနံပင်ကို အနေတော်အရွယ် လှီးထားပေးပါ။

အာလူးနူးပါက အအေးခံပြီး အခွံခွာပါ။ အခွံခွာပြီးသား အာလူးကို စတီးဇလုံတစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် ပြောင်းကော်မှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ။ အာလူးကျေသွားပါက ငရုတ်ကျီပွေ့နဲ့ ငရုတ်ဆုံမရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ။

အာလူးများ စေးပိုင်လာပါက နံနံပင်ထည့်နယ်ပြီး ထမင်းစားဇွန်း တဇွန်းစာယူပြီး လက်နှင့်ဆုတ်ပေးပါ။
အားလုံးဆုတ်ပေးပြီးပါက လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ဝိုင်းသွားအောင် လုံးပေးပါ။ အာလူးများ အဆင်သင့်ဖြစ်ပါက ဆီကိုဒယ်အိုးထဲထည့်ပြီး အပူပေးပါ။

ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ။ မီးလျော့ပြီးမှ အာလူးလုံးများကို တလုံးခြင်းထည့်ပြီး ကြော်ပေးပါ။ တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ။ တလုံးလုံ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ။ ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ် အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

Source; Myo Thaw
My Mandalay


Read 151 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.