Print this page
Friday, 20 March 2020 16:52

kkk_1.jpg

 


Covid 19 ကူးစက္မႈဟာ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ကေန စတင္ခဲ့တာျဖစ္ၿပီး ခုခ်ိန္မွာေတာ့ ကမာၻ႔ႏိုင္ငံေပါင္း ၁၂၀ ေက်ာ္ကိုပ်ံ႕ႏွံ႔ေနၿပီျဖစ္တဲ့အတြက္ WHO ကကမာၻ႔ကပ္ေရာဂါလို႔သတ္မွတ္လိုက္ၿပီပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာေတာ့ ေရာဂါပိုးေတြ႕ရွိလူနာတစ္ေယာက္မွ မရွိေသးဘူးလို႔သိရထားေပမယ့္တ ကယ္ျဖစ္လာခဲ့ရင္ေတာ့ အဲဒီဗိုင္းရပ္စ္ရဲ႕ကူးစက္မႈဒဏ္ကိုကာကြယ္ဖို ႔အတြက္ မၾကာခဏလက္ေဆးတာ၊ လူစုလူေဝးမ်ားတဲ့ေနရာကိုမသြားတာ၊ လူစုလူေဝးမ်ားတဲ့ေနရာကိုမသြားတာ၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအစာ စားတာေတြကိုျပဳလုပ္ရပါမယ္။ ဒါေၾကာင့္ ဗိုင္းရပ္စ္ပိုးကိုတြန္းလွန္ႏိုင္ၿပီး ေဈး ကြက္ထဲမွာလည္း အလြယ္တကူရႏိုင္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴမွာပါဝင္တဲ့ျဒပ္ေပါင္း အလက္စင္ဟာ ဗိုင္းရပ္စ္ပိုးမႊားေတြကိုတြန္းလွန္ႏိုင္ၿပီး ခုခံအားစနစ္ကို ျမႇင့္တင္ႏိုင္ပါတယ္။ ၾကက္သြန္ျဖဴကို အစိမ္းလိုက္ပုံမွန္ စားသုံးသင့္ပါတယ္။

၂။ သစ္ႀကံပိုးေခါက္

အေမရိကန္ႏိုင္ငံ နယူးေယာက္ေတာ္႐ိုတကၠသိုလ္မွ ေလ့လာမႈအရသစ္ႀကံပိုးေခါက္မွာ ဗိုင္းရပ္စ္ကိုတြန္းလွန္ႏိုင္တဲ့ ဂုဏ္သတၱိရွိတယ္လို႔ သိရပါတယ္။ သူကေသြးဖိအားကို ပုံမွန္ျဖစ္ေအာင္ထိန္း ခ်ဳပ္ႏိုင္တဲ့အျပင္ ခႏၶာကိုယ္တြင္းဗိုင္းရပ္စ္ပိုး မဝင္ေရာက္ေအာင္လည္း ကာကြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Read More>>>Covid-19 ကာကြယ္ေရးအတြက္ ႏိုင္ငံျခားသားမ်ား နယ္စပ္ဂိတ္မွ ဝင္ေရာက္ခြင့္ ယာယီပိတ္ပင္တားျမစ္ထား

၃။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာ လူ႔အက်ိဳးျပဳဘက္တီးရီးယားေတြ အဓိကပါဝင္တဲ့အတြက္ တုပ္ေကြးဗိုင္းရပ္စ္ေရာဂါပိုးေၾကာင့္ ျဖစ္ေပၚ လာတဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစႏိုင္ ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားဇီဝနည္းပညာဆိုင္ရာ သတင္းအခ်က္အလက္ရဲ႕ ေလ့လာမႈေတြအရ လူ႔အက်ိဳးျပဳဘက္တီး ရီးယားေတြမ်ားစြာရွိေနတာက အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါပိုးဝင္ေရာက္ႏိုင္ေျခနည္းတယ္လို႔ သိရပါတယ္။

၄။ မႈိ

ရွီးတိတ္မႈိမွာ ပါဝင္တဲ့ဘီတာဂလူကင္ဟာ ဗိုင္းရပ္စ္ပိုးမႊားနဲ ႔ဘက္တီးရီးယားပိုးမႊားေတြကို တြန္းလွန္ႏိုင္တဲ့ျဒပ္ေပါင္း ျဖစ္ပါတယ္။ မႈိကခုခံအားစနစ္ကို ျမႇင့္တင္ေပး႐ုံမက ေရာင္ရမ္းမႈျဖစ္စဥ္ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

၅။ ႏြယ္ခ်ိဳ

အမ်ိဳးသားဇီဝနည္းပညာဆိုင္ရာ သတင္းအခ်က္အလက္ရဲ႕ ေလ့လာမႈေတြအရ ႏြယ္ခ်ိဳမွာ ဗိုင္းရပ္စ္ပိုးမႊားေတြကို တြန္းလွန္တာ၊ ေရာင္ရမ္းမႈျဖစ္စဥ္ကို ေလ်ာ့က်တာ၊ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္တာလိုမ်ိဳး ေဆးဝါးေဗဒဆိုင္ရာ အက်ိဳး က်းဇူးေတြမ်ားစြာရွိတယ္လို ႔ေတြ႕ရွိခဲ့ပါတယ္။

ဒီအစားအစာေတြကို စားသံုးေပးျခင္းအားျဖင့္ ကိုရုိနာဗုိင္းရပ္ပုိးဝင္ေရာက္ျခင္းကို ကာကြယ္ႏုိင္မွာပဲ ျဖစ္ပါတယ္။

Source; Sport News Myanmar
My Mandalay

 

Zawgyi

 

Covid 19 ကူးစက်မှုဟာ တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်ကိုပျံ့နှံ့နေပြီဖြစ်တဲ့အတွက် WHO ကကမ္ဘာ့ကပ်ရောဂါလို့သတ်မှတ်လိုက်ပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ ရောဂါပိုးတွေ့ရှိလူနာတစ်ယောက်မှ မရှိသေးဘူးလို့သိရထားပေမယ့်တ ကယ်ဖြစ်လာခဲ့ရင်တော့ အဲဒီဗိုင်းရပ်စ်ရဲ့ကူးစက်မှုဒဏ်ကိုကာကွယ်ဖို ့အတွက် မကြာခဏလက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာကိုမသွားတာ၊ လူစုလူဝေးများတဲ့နေရာကိုမသွားတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ စားတာတွေကိုပြုလုပ်ရပါမယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပိုးကိုတွန်းလှန်နိုင်ပြီး ဈေး ကွက်ထဲမှာလည်း အလွယ်တကူရနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ဒြပ်ပေါင်း အလက်စင်ဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကိုတွန်းလှန်နိုင်ပြီး ခုခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်ပုံမှန် စားသုံးသင့်ပါတယ်။

၂။ သစ်ကြံပိုးခေါက်

အမေရိကန်နိုင်ငံ နယူးယောက်တော်ရိုတက္ကသိုလ်မှ လေ့လာမှုအရသစ်ကြံပိုးခေါက်မှာ ဗိုင်းရပ်စ်ကိုတွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ သူကသွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်း ချုပ်နိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းဗိုင်းရပ်စ်ပိုး မဝင်ရောက်အောင်လည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

၃။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ အဓိကပါဝင်တဲ့အတွက် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပေါ် လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင် ပါတယ်။ ဒါ့အပြင် အမျိုးသားဇီဝနည်းပညာဆိုင်ရာ သတင်းအချက်အလက်ရဲ့ လေ့လာမှုတွေအရ လူ့အကျိုးပြုဘက်တီး ရီးယားတွေများစွာရှိနေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။

၄။ မှို

ရှီးတိတ်မှိုမှာ ပါဝင်တဲ့ဘီတာဂလူကင်ဟာ ဗိုင်းရပ်စ်ပိုးမွှားနဲ ့ဘက်တီးရီးယားပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ဒြပ်ပေါင်း ဖြစ်ပါတယ်။ မှိုကခုခံအားစနစ်ကို မြှင့်တင်ပေးရုံမက ရောင်ရမ်းမှုဖြစ်စဉ်ကိုလည်း လျှော့ချပေးပါတယ်။

၅။ နွယ်ချို

အမျိုးသားဇီဝနည်းပညာဆိုင်ရာ သတင်းအချက်အလက်ရဲ့ လေ့လာမှုတွေအရ နွယ်ချိုမှာ ဗိုင်းရပ်စ်ပိုးမွှားတွေကို တွန်းလှန်တာ၊ ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျတာ၊ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တာလိုမျိုး ဆေးဝါးဗေဒဆိုင်ရာ အကျိုး ကျးဇူးတွေများစွာရှိတယ်လို ့တွေ့ရှိခဲ့ပါတယ်။

ဒီအစားအစာတွေကို စားသုံးပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

Source; Sport News Myanmar
My Mandalay


Read 346 times
Rate :
(1 Vote)

Related items