Thursday, 19 March 2020 13:57

MMTF_02_1.jpg

 

ျမန္မာမုန္႔ေတြကို ႀကိဳက္နွစ္သက္ၿပီးေတာ့ ကိုယ္တုိင္အိမ္မွာလုပ္စားခ်င္သူေတြအတြက္ ငွက္ေပ်ာေရႊၾကည္ျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ငွက္ေပ်ာေရႊၾကည္ျပဳလုပ္ဖုိ႔ လုိအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့

​ေရႊၾကည္ - ၃၀သား
ဖီးၾကမ္​းငွက္​​ေပ်ာသီး 500gm (၅လံုးခန္​႔)
အုန္​းႏို႔ - 400ml ၁ဗူး(ရယ္​ဒီမိတ္​)
သၾကား -၂၅သား (400gm) ခန္​႔
ဆီ - ၁၀သား
ဆား - လက္​ဖက္​ဇြန္​း.၂ဇြန္​း
အနီ​ေရာင္​ - food Colour အနည္​းငယ္​
​ေရသန္​႔ - 300ml ( ငါးၾကင္​းဖန္​ခြက္​တစ္​ခြက္​ခန္​႔)

Read More>>>ေႏြရာသီမွာ စားသံုးဖုိ႔အသင့္ေတာ္ဆံုး ေရႊရင္ေအးမုန္႔လက္ေဆာင္း ျပဳလုပ္နည္း

ျပဳလုပ္နည္း

အရင္ဆံုး ​ေရႊၾကည္​မႉန္​႔ကို မီး​ေအး​ေအးနဲ႔​ ​ေမႊး​ေန​ေအာင္​ ​​ေလွာ္​​ေပးရပါတယ္​။ အ​ေရာင္​နဲနဲညိဳလာရင္​ မီးပိတ္လိုက္​ပါ။ ငွက္​​ေပ်ာသီးမ်ားကို ႀကိတ္​စက္​ျဖင္​့ႀကိတ္​ထားပါ။ ေရႊၾကည္​၊ ငွက္​​ေပ်ာသီးႀကိတ္​ၿပီးသား၊ အုန္​းႏို႔၊ ေရသန္​႔၊ ဆီ ၅က်ပ္​သား၊ သၾကား၊ ဆားတို႔ကိုေရာထည့္ၿပီး မီးအပူ​ေပးကာ​ေမႊ​ေပးပါ။

မုန္​႔သားမ်ား​ေစးၿပီးလံုးလာပါက က်န္​ ဆီ ၅က်ပ္​သားထည္​့ၿပီး မီနစ္​၂၀ခန္​႔ထပ္​​ေမႊပါ။ ေရႊၾကည္​မ်ားက်က္​ၿပီး မုန္​႔သားထဲမွ ဆီမ်ားထြက္​ပါက အနီ​ေရာင္​ Food Colour တစက္​ ႏွစ္​စက္​ခန္​႔ထည္​့ၿပီးသမ​ေအာင္​ ​ေမႊၿပီး မီးပိတ္​ပါ။ မုန္​႔ထည္​့ဖုတ္​မည္​့ဗန္​းထဲသို႔ မုန္​႔မ်ားထည္​့၍ ဇြန္​းျဖင္​့ဖိ​ေပးပါ။

ၿပီးရင္ ဘိန္​း​ေစ့ ​ေလွာ္​ၿပီးသားကို အ​ေပၚျဖဴး​ေပးပါ။ မီးပူခ်ိန္​ ၁၇၅°ျဖင္​့ မီနစ္​၄၀ခန္​႔ အ​ေပၚမီး​ေအာက္​မီးျဖင္​့ဖုတ္​​ေပးပါ။ မုန္​႔မ်က္​ႏွာျပင္​မ်ား အက္​ကြဲလာၿပီး ​ေရႊ​ေရာင္​သန္​းလာရင္​​ေတာ့ မုန္႔က်က္သြားၿပီ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ မုန္​႔ကို ​အ​ေအးခံၿပီးမွ လွီးျဖတ္​သံုး​ေဆာင္​ႏုိင္ၿပီ ျဖစ္ပါတယ္။

Source; Thida Lay Lay
My Mandalay

 

Zawgyi

 

မြန်မာမုန့်တွေကို ကြိုက်နှစ်သက်ပြီးတော့ ကိုယ်တိုင်အိမ်မှာလုပ်စားချင်သူတွေအတွက် ငှက်ပျောရွှေကြည်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောရွှေကြည်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

​ရွှေကြည် - ၃ဝသား
ဖီးကြမ်​းငှက်​​ပျောသီး 500gm (၅လုံးခန်​့)
အုန်​းနို့ - 400ml ၁ဗူး(ရယ်​ဒီမိတ်​)
သကြား -၂၅သား (400gm) ခန်​့
ဆီ - ၁ဝသား
ဆား - လက်​ဖက်​ဇွန်​း.၂ဇွန်​း
အနီ​ရောင်​ - food Colour အနည်​းငယ်​
​ရေသန်​့ - 300ml ( ငါးကြင်​းဖန်​ခွက်​တစ်​ခွက်​ခန်​့)

ပြုလုပ်နည်း

အရင်ဆုံး ​ရွှေကြည်​မှူန်​့ကို မီး​အေး​အေးနဲ့​ ​မွှေး​နေ​အောင်​ ​​လှော်​​ပေးရပါတယ်​။ အ​ရောင်​နဲနဲညိုလာရင်​ မီးပိတ်လိုက်​ပါ။ ငှက်​​ပျောသီးများကို ကြိတ်​စက်​ဖြင်​့ကြိတ်​ထားပါ။ ရွှေကြည်​၊ ငှက်​​ပျောသီးကြိတ်​ပြီးသား၊ အုန်​းနို့၊ ရေသန်​့၊ ဆီ ၅ကျပ်​သား၊ သကြား၊ ဆားတို့ကိုရောထည့်ပြီး မီးအပူ​ပေးကာ​မွှေ​ပေးပါ။

မုန်​့သားများ​စေးပြီးလုံးလာပါက ကျန်​ ဆီ ၅ကျပ်​သားထည်​့ပြီး မီနစ်​၂ဝခန်​့ထပ်​​မွှေပါ။ ရွှေကြည်​များကျက်​ပြီး မုန်​့သားထဲမှ ဆီများထွက်​ပါက အနီ​ရောင်​ Food Colour တစက်​ နှစ်​စက်​ခန်​့ထည်​့ပြီးသမ​အောင်​ ​မွှေပြီး မီးပိတ်​ပါ။ မုန်​့ထည်​့ဖုတ်​မည်​့ဗန်​းထဲသို့ မုန်​့များထည်​့၍ ဇွန်​းဖြင်​့ဖိ​ပေးပါ။

ပြီးရင် ဘိန်​း​စေ့ ​လှော်​ပြီးသားကို အ​ပေါ်ဖြူး​ပေးပါ။ မီးပူချိန်​ ၁၇၅°ဖြင်​့ မီနစ်​၄ဝခန်​့ အ​ပေါ်မီး​အောက်​မီးဖြင်​့ဖုတ်​​ပေးပါ။ မုန်​့မျက်​နှာပြင်​များ အက်​ကွဲလာပြီး ​ရွှေ​ရောင်​သန်​းလာရင်​​တော့ မုန့်ကျက်သွားပြီ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မုန်​့ကို ​အ​အေးခံပြီးမှ လှီးဖြတ်​သုံး​ဆောင်​နိုင်ပြီ ဖြစ်ပါတယ်။

Source; Thida Lay Lay
My Mandalay


Read 64 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.