Print this page
Wednesday, 18 March 2020 16:48

IMG_4284_1.jpg

 

ရာသီဥတုက အရမ္းကိုပူလာတာဆုိေတာ့ အစားအသောက္အတြက္ ရင္ေအးေစမယ့္ အစားအစာေလးေတြကိုပဲ စားခ်င္စိတ္ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ အရမ္းပူတဲ့အခါ စားသံုးဖို႔ အသင့္ေတာ္ဆံုးျဖစ္တဲ့ မုန္႔လက္ေဆာင္းလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါယ္။ ထန္းလ်က္နဲ႕ပဲျဖစ္ျဖစ္ အုန္းနို႔နဲ႕ပဲျဖစ္ျဖစ္ ကိုယ္ႀကိဳက္ႏွစ္သက္ရာကို အဆင္ေျပသလို စားသုံးနိုင္ပါတယ္။

လုိအပ္တဲ့ပါ၀င္ေသာပစၥည္း
မုန့္လက္ေဆာင္းဖတ္ - ၁ ျပည္
ထန္းလ်က္ - ၄၀၀ဂရမ္
ဆား - လက္ဖက္ရည္ဇြန္းတ၀က္
အုန္းသီး - ၁လုံး (အရည္ညွစ္ထားၿပီသား)
သၾကား -၂၀က်ပ္သား
ဆား - လက္ဖက္ရည္ဇြန္းတ၀က္

Read More>>>ပိတ္ရက္မွာ ထုိင္းစတုိင္သာကူအစာသြပ္ေလး အဆာေျပလုပ္စားၾကမယ္

ျပဳလုပ္နည္း

အရင္ဆုံး လုပ္ၿပီးသား မုန္႔လက္ေဆာင္းဖတ္မ်ားကို ဒယ္အိုးအႀကီးတစ္ခုထဲထည့္ၿပီး ေရစိမ္ထားေပးပါ။ အုန္းနို႔မုန္႔လက္ေဆာင္းအတြက္ ဒယ္ထဲသို႔ အုန္းနို႔ရည္မ်ားထည့္ၿပီး သၾကား(၂၀က်ပ္သား) ထည့္ၿပီ သၾကားမ်ား အရည္ေပ်ာ္ေအာင္ အပူအနည္းငယ္ေပးပါ။

ၿပီးေနာက္ ဆားအနည္းငယ္ထည့္ၿပီ အုန္းနို႔ရည္ မ်ားကို ျပန္အေအးခံထားေပးပါ။ အေအးခံၿပီေနာက္မွေတာ့ ခြက္တစ္ခုထဲကို မုန္႔လက္ေဆာင္း တ၀က္ခန္႔ထည့္ၿပီး အုန္းနို႔ရည္ထည့္ေပးပါ။ ၿပီးေနာက္မွာေတာ့ မုန္႔လက္ေဆာင္း ပိုစိမ့္သြားေစဖို႔အတြက္ နို႔စိမ္ စားပြဲတင္ဇြန္းခန့္ ထည့္လိုက္ပါ။

ၿပီးရင္ေတာ့ ေရခဲတုံးအနည္းငယ္ထည့္ၿပီး အုန္းနို႔မုန့္လက္ေဆာင္းကို သုံးေဆာင္နိုင္ပါတယ္။ ထန္းလ်က္ရည္နဲ႕ မုန့္လက္ေဆာင္းမွ ႀကိဳတ္တဲ့သူေတြအတြက္ ထန္းလ်က္မ်ားကို ဒယ္ထဲ ေရအနည္းငယ္ထည့္ၿပီး မီးျပင္းျပင္းျဖင့္ က်ိဳထားေပးပါ။

မပ်စ္မက်ဲအေနထားေရာက္လွ်င္ ဆားအနည္းငယ္ထည့္ၿပီး ထန္းလ်က္ရည္ကို ခြက္တစ္ခုထဲ ျပန္ထည့္ထားၿပီး အေအးခံထားေပးပါ။ ၿပီးရင္ေတာ့ ခြက္ထဲကို မုန္႔လက္ေဆာင္းဖတ္ တစ္၀က္ထည့္ၿပီး ထန္းလ်က္ရည္မ်ားထည့္ကာ ေရခဲတုံးထည့္ၿပီးရင္ေတာ့ သုံးေဆာင္နိုင္ၿပီျဖစ္ပါတယ္။

Source; အိမ္ရွင္မ
My Mandalay

 

Zawgyi 

ရာသီဥတုက အရမ်းကိုပူလာတာဆိုတော့ အစားအသောက်အတွက် ရင်အေးစေမယ့် အစားအစာလေးတွေကိုပဲ စားချင်စိတ်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အရမ်းပူတဲ့အခါ စားသုံးဖို့ အသင့်တော်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါယ်။ ထန်းလျက်နဲ့ပဲဖြစ်ဖြစ် အုန်းနို့နဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

လိုအပ်တဲ့ပါဝင်သောပစ္စည်း
မုန့်လက်ဆောင်းဖတ် - ၁ ပြည်
ထန်းလျက် - ၄ဝဝဂရမ်
ဆား - လက်ဖက်ရည်ဇွန်းတဝက်
အုန်းသီး - ၁လုံး (အရည်ညှစ်ထားပြီသား)
သကြား -၂ဝကျပ်သား
ဆား - လက်ဖက်ရည်ဇွန်းတဝက်

ပြုလုပ်နည်း

အရင်ဆုံး လုပ်ပြီးသား မုန့်လက်ဆောင်းဖတ်များကို ဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီး ရေစိမ်ထားပေးပါ။ အုန်းနို့မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များထည့်ပြီး သကြား(၂ဝကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးပါ။

ပြီးနောက် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည် များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီနောက်မှတော့ ခွက်တစ်ခုထဲကို မုန့်လက်ဆောင်း တဝက်ခန့်ထည့်ပြီး အုန်းနို့ရည်ထည့်ပေးပါ။ ပြီးနောက်မှာတော့ မုန့်လက်ဆောင်း ပိုစိမ့်သွားစေဖို့အတွက် နို့စိမ် စားပွဲတင်ဇွန်းခန့် ထည့်လိုက်ပါ။

ပြီးရင်တော့ ရေခဲတုံးအနည်းငယ်ထည့်ပြီး အုန်းနို့မုန့်လက်ဆောင်းကို သုံးဆောင်နိုင်ပါတယ်။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုတ်တဲ့သူတွေအတွက် ထန်းလျက်များကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပါ။

မပျစ်မကျဲအနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းလျက်ရည်ကို ခွက်တစ်ခုထဲ ပြန်ထည့်ထားပြီး အအေးခံထားပေးပါ။ ပြီးရင်တော့ ခွက်ထဲကို မုန့်လက်ဆောင်းဖတ် တစ်ဝက်ထည့်ပြီး ထန်းလျက်ရည်များထည့်ကာ ရေခဲတုံးထည့်ပြီးရင်တော့ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Source; အိမ်ရှင်မ
My Mandalay

 


Read 141 times
Rate :
(3 votes)

Related items

  • က်န္းမာေရးနဲ႔ ညီညႊတ္ၿပီး အရသာရွိတဲ့ အာလူးကတ္သလိတ္ေလး လုပ္စားၾကမယ္

    jjm_1.jpg

     

    ရံုးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြမွာ ကိုရိုနာဗုိင္းရပ္ေတြေၾကာင့္ အျပင္မထြက္ခ်င္ဘူး အိမ္ထဲမွာပ်င္းေနမယ့္အစား အကုန္က်နည္းနည္းနဲ႔ အလြယ္တကူလုပ္စားလုိ႔ရမယ့္ အားလူးကတ္သလိတ္ေက်ာ္နည္းေလးကို ေဖာ္ျပေပးလုိက္ပါတယ္။ ေက်ာ္နည္းေတြအမ်ားႀကီး ရွိတဲ့အထဲမွာမွ နံနံပင္နံ့ေမႊးေမႊးေလးနဲ႔ စားလို႔ေကာင္းမယ့္ နည္းလမ္းေလးကို ေျပာျပေပးလိုက္ပါတယ္။

  • ေႏြရာသီမွာ လြတ္လပ္ေပါ့ပါးၿပီး အပူဒဏ္ကိုခံႏုိင္ဖုိ႔ ေရႊးခ်ယ္သင့္တဲ့ဖက္ရွင္(၆)မ်ိဳး

    Fashion-Trendify--1024x683_1.jpg

     

    အခုက အရမ္းပူတဲ့ေႏြရာသီကိုေရာက္ေနၿပီဆုိေတာ့ အဝတ္အစားဝတ္တဲ့အခါမွာ ဖက္ရွင္လည္းက်က်နဲ႔ လြတ္လပ္ေပါ့ပါးတာမ်ိဳးေတြကို ေရြးခ်ယ္ဝတ္ဆင္ရပါတယ္။ ဒါေၾကာင့္ ေႏြရာသီမွာ ဝတ္ဆင္ဖုိ႔ ဘယ္လုိမ်ိဳးဖက္ရွင္ေတြက အသင့္ေတာ္ဆံုးလဲဆုိတာကို ေဖာ္ျပေပးလုိက္ပါတယ္။

  • ေႏြရာသီမွာ အပူဒဏ္ကိုအံတုနိုင္ဖုိ႔အတြက္ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ား

    heatstroke_1.jpg

     

    အခုရက္ပုိင္းအတြင္းမွာ အပူခ်ိန္ဟာ အရမ္းကိုျမင့္တက္လာတာေၾကာင့္ မိုးလင္းကတည္းက ေခၽြးတဒီးဒီက်ၿပီး ေနရထိုင္ရခက္လာၾကပါတယ္။ လူတုိင္းရဲ႕ နွုတ္ဖ်ားမွာလဲ ''ပူလိုက္တာ'' ဆုိတဲ့ စကားကိုပဲ ေန႔စဥ္ၾကားေနရတက္ပါတယ္။ ဒါေၾကာင့္ ေႏြရာသီမွာ အပူဒဏ္ကို အံတုနိုင္ဖုိ႔အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။