Saturday, 14 March 2020 11:13

Thar_Guu_Stuffed6_1.jpg

 

ဒီေန႔ စူပါဆန္းေဒးဆုိေတာ့ အိမ္မွာ အပ်င္းေျပ၊ အဆာေျပမုန္ု႔လုပ္စားခ်င္သူေတြအတြက္ ထုိင္းစတုိင္ သာကူအစာသြပ္ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။ သာကူထဲကို ၀က္သား(သုိ႔) ၾကက္သားနဲ႔ ေျမပဲကို အစာသြပ္ထားတာပါ။

ပါ၀င္ပစၥည္းမ်ား

- သာကူ ( ၁ခြက္ခြဲ )
- ေရေႏြး ( ၁ခြက္ )
- ၾကက္သြန္ျဖဴဆီခ်က္
- ၀က္သား(သုိ႔) ၾကက္သား (၂၀က်ပ္သား (နွုတ္နွုတ္စဥ္းပါ))
- ၾကက္သြန္နီ၂ဥ (နွုတ္နွုတ္စဥ္းပါ)
- ေျမပဲ ( စားပြဲတင္ဇြန္း ၄ဇြန္း (မညက္တညက္ေထာင္းပါ) )
- ငါးငံျပာရည္ ( စားပြဲတင္ဇြန္း ၂ဇြန္း )
- သၾကား( စားပြဲတင္ဇြန္း ၂ဇြန္း )
- ဆီ ( စားပြဲတင္ဇြန္း ၁ဇြန္း)

Read More>>>ရာသီစာ ခ်ဥ္ငံစပ္မရမ္းသီးသုပ္ေလး ကိုယ္တုိင္လုပ္စားၾကမယ္


ျပဳလုပ္နည္း

အရင္ဆံုး သာကူကုိ ေရနဲ႔အနည္းငယ္ေဆးၿပီး ဇလံုတစ္ခုထဲတြင္ (သာကူေစ႔ထည္႔၊ ေရ)ထည္႔ထားပါ။ ၿပီးမွ လက္ျဖင္႔ သာကူေစ႔မ်ားကို အနည္းငယ္ေျခၿပီး ေစးကပ္ေအာင္ လုပ္ေပးပါ။ အေပၚက ေရစို၀တ္ျဖင္႔ ၁နာရီခန္႔ အုပ္ထားေပးပါ။ အဲဒီေနာက္ ဒယ္ထဲ ဆီထည့္ဆီပူလာရင္ ၾကက္သြန္နီမ်ားကို ဆီသပ္ေပးပါ။

ဆီပူလာၿပီဆုိရင္ ၾကက္သားထည္႔ အေရာင္ေျပာင္းမွ ငါးငံျပာရည္၊ သၾကား ထည္႔ေပးပါ။ အဲဒီေနာက္ ေျမပဲ ထည္႔ကာ လံုးသြားျပီး ေစးကပ္သြားေအာင္ ေၾကာ္ေပးပါ။ ျပီမွ မီးပိတ္ျပီ အေအးခံထားပါ။ ရၿပီဆုိရင္ေတာ့ သာကူကို ၁လက္မခြဲအရြယ္ အ၀ိုင္းျပားလုိပ္ ၾကက္သားေျမပဲ အစာသြပ္ေပးပါ။

>>>>စားေသာက္ကုန္မ်ား (880) ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

အစားသြပ္ၿပီး သာကူကိုလက္ျဖင္႔ အလံုးပံုျပန္လံုးေပးပါ။ ဒီနည္းအတုိင္း က်န္သာကူမ်ားကို အစာသြပ္ေပးပါ။ ဌက္ေပ်ာရြက္ေပၚ သာကူအစာသြပ္လံုးမ်ားကို တင္ၿပီး ေပါင္းအုိးျဖင္႔ ၅မိနစ္ ေပါင္းေပးပါ။ မွတ္ခ်က္- အခ်ိန္ပိုၿပီး မေပါင္းပါနဲ႔။

ေပါင္းၿပီးရင္ သာကူကို ကုိင္လုိ႔ရတဲ့အထိ ေခတၱေအးခံပါ။ သာကူမ်ားဟာ အလြန္စီးကပ္တာျဖစ္လုိ႔ ပန္းကန္အလက္တြင္ ၾကက္သြန္ျဖဴဆီခ်က္ ဆီမ်ားကို အရင္သုတ္ပါ။ ၿပီးမွ သာကူအစာသြပ္မ်ားကို ပန္းကန္ေပၚတင္ၿပီး အေပၚမွ ၾကက္သြန္ျဖဴဆီခ်က္မ်ားကို ျဖဴးကာ အရသာရွိစြာ စားသံုးနုိင္ပါတယ္။

My Mandalay

 

Zawgyi

 

ဒီနေ့ စူပါဆန်းဒေးဆိုတော့ အိမ်မှာ အပျင်းပြေ၊ အဆာပြေမုန်ု့လုပ်စားချင်သူတွေအတွက် ထိုင်းစတိုင် သာကူအစာသွပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ သာကူထဲကို ဝက်သား(သို့) ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။

ပါဝင်ပစ္စည်းများ

- သာကူ ( ၁ခွက်ခွဲ )
- ရေနွေး ( ၁ခွက် )
- ကြက်သွန်ဖြူဆီချက်
- ဝက်သား(သို့) ကြက်သား (၂ဝကျပ်သား (နှုတ်နှုတ်စဉ်းပါ))
- ကြက်သွန်နီ၂ဥ (နှုတ်နှုတ်စဉ်းပါ)
- မြေပဲ ( စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ) )
- ငါးငံပြာရည် ( စားပွဲတင်ဇွန်း ၂ဇွန်း )
- သကြား( စားပွဲတင်ဇွန်း ၂ဇွန်း )
- ဆီ ( စားပွဲတင်ဇွန်း ၁ဇွန်း)


ပြုလုပ်နည်း

အရင်ဆုံး သာကူကို ရေနဲ့အနည်းငယ်ဆေးပြီး ဇလုံတစ်ခုထဲတွင် (သာကူစေ့ထည့်၊ ရေ)ထည့်ထားပါ။ ပြီးမှ လက်ဖြင့် သာကူစေ့များကို အနည်းငယ်ခြေပြီး စေးကပ်အောင် လုပ်ပေးပါ။ အပေါ်က ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ။ အဲဒီနောက် ဒယ်ထဲ ဆီထည့်ဆီပူလာရင် ကြက်သွန်နီများကို ဆီသပ်ပေးပါ။

ဆီပူလာပြီဆိုရင် ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည်၊ သကြား ထည့်ပေးပါ။ အဲဒီနောက် မြေပဲ ထည့်ကာ လုံးသွားပြီး စေးကပ်သွားအောင် ကြော်ပေးပါ။ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ။ ရပြီဆိုရင်တော့ သာကူကို ၁လက်မခွဲအရွယ် အဝိုင်းပြားလိုပ် ကြက်သားမြေပဲ အစာသွပ်ပေးပါ။

အစားသွပ်ပြီး သာကူကိုလက်ဖြင့် အလုံးပုံပြန်လုံးပေးပါ။ ဒီနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။ ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီး ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါ။ မှတ်ချက်- အချိန်ပိုပြီး မပေါင်းပါနဲ့။

ပေါင်းပြီးရင် သာကူကို ကိုင်လို့ရတဲ့အထိ ခေတ္တအေးခံပါ။ သာကူများဟာ အလွန်စီးကပ်တာဖြစ်လို့ ပန်းကန်အလက်တွင် ကြက်သွန်ဖြူဆီချက် ဆီများကို အရင်သုတ်ပါ။ ပြီးမှ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီး အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ စားသုံးနိုင်ပါတယ်။

My Mandalay

 


Read 156 times Last modified on Saturday, 14 March 2020 11:22
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.