Print this page
Thursday, 12 March 2020 13:13

 bb_1.jpg

လတ္တေလာရာသီဥတုအျေခအေနဟာ ေန႔ပူညခ်မ္းျဖစ္ေနေတာ့ စားေသာက္ရတာေတြကလည္း ပါးစပ္မေတြ႕ျဖစ္ေနတက္ပါတယ္။ ဒါေၾကာင့္ ရာသီစာလို႔ေျပာရမလား မရမ္းသီးေတြကလည္း ေစ်းေပါလာၿပီဆုိေတာ့ အိမ္မွာ ကိုယ္တုိင္ မရမ္းသီးေလး သုပ္စားႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

လိုအပ္တဲ့ပစၥည္းေလးေတြကေတာ့

မရမ္းသီးအစိမ္း
ေဂၚဖီထုပ္
ၾကက္သြန္နီ
ပဲမႈန္႕အက်က္မႈန္႕
ငရုတ္သီးအေလွာ္မႈန္႕
ေျမပဲေထာင္း
ဆီခ်က္
ငံျပာရည္
ငါးပိစိမ္းစား
ပုဇြန္ေျခာက္မႈန္႕နဲ႕ အခ်ဳိမႈန္႕ အနည္းငယ္တုိ႕ လိုအပ္ပါတယ္။

Read More>>>ေႏြရာသီေရာက္တဲ့အခါ ဒီအသီးအနွံေလးေတြစားၿပီး အပူဒဏ္ကို ကာကြယ္ၾကမယ္

ျပဳလုပ္နည္း

အရင္ဆံုး မရမ္းသီးကုိ ေရေဆးထားပါ။ ၿပီးရင္ အလယ္ကျခမ္းၿပီး အေစ့ကုိ ထုတ္ပစ္ပါ။ မရမ္းသီးက အထဲက အေစ့မယွက္ေသးတာမုိ႕ ဒီအတုိင္း အလြယ္တကူ ခပ္ပါးပါးလွီးလုိက္ရံုပါပဲ။ အေစ့ယွက္ခဲ့ျပီဆုိရင္ေတာ့ မရမ္းသီးအသားနဲ႕ ကပ္လ်က္ရွိေနတဲ့ အခြံကုိ ဖယ္ထုတ္ပစ္ျပီးမွ ပါးပါးလွီးပါေနာ္။

ေဂၚဖီထုပ္ကုိ အဖတ္ခြာ ေရေဆးၿပီး ခပ္ပါးပါးေလးလွီးေပးပါ။ ၾကက္သြန္နီကုိ အခြံႏႊာ၊ ေရေဆးၿပီး ပါးပါးလီွးပါ။ အခုိးမမႊန္ေအာင္ လွီးၿပီးသား ၾကက္သြန္ကုိ ေရျပန္ေဆးေပးၿပီး ေရစင္ေအာင္ ညွစ္ေပးပါ။ ေျမပဲေလွာ္ကုိ ငရုတ္ဆံုထဲထည့္ၿပီး မညက္တညက္ေလး ေထာင္းေပးပါ။ ပုဇြန္ေျခာက္ကုိလည္း ေထာင္းေပးပါေနာ္။

ဆီခ်က္ကေတာ့ အသင့္ရွိၿပီးသားမုိ႕ မခ်က္ေနေတာ့ဘူးေနာ္။ ငါးပိစိမ္းစားကုိေတာ့ မီးနည္းနည္းအံုးေပးပါ။ မီးအံုးဖို႕ အဆင္မေျပခဲ့ရင္ ဒယ္အုိးထဲ ဆီထည့္ျပီး ဆီေလးနဲ႕လွိမ့္ေပးပါ။

အားလံုးအသင့္ျဖစ္ၿပီဆုိရင္ေတာ့ ဇလံုတစ္လံုးထဲ လွီးထားတဲ့ မရမ္းသီး၊ ေဂၚဖီ၊ ၾကက္သြန္နီတုိ႕ကုိထည့္၊ ၿပီးရင္ ေထာင္းထားတဲ့ ေျမပဲ၊ ပုဇြန္ေျခာက္၊ ငါးပိစိမ္းစားအနည္းငယ္၊ ငံျပာရည္အနည္းငယ္၊ အခ်ဳိမႈန္႕အနည္းငယ္၊ ဆီခ်က္၊ ပဲမႈန္႕နဲ႕ ငရုတ္သီးမႈန္႕တုိ႕ကုိထည့္ၿပီး ေသခ်ာႏွံ႕ေအာင္ နယ္ေပးပါေနာ္။

>>>>စားေသာက္ဆိုင္မ်ား (ျမန္မာ႐ိုးရာ) (350)ခုရဲ႕ ဖုန္းနံပါတ္နဲ႔ လိပ္စာမ်ား

ၿပီးေတာ့မွ အေပါ့အငံကုိျမည္းၿပီး ကုိယ္ႏွစ္သက္တဲ့အရသာကုိ ပုိကဲထည့္ေပးပါ။ ၿပီးရင္ ပန္းကန္ျပားေလးထဲ ထည့္ၿပီး အေပၚကေန ၾကက္သြန္ျဖဴေၾကာ္ေလး ျဖဴးလုိက္ပါေနာ္။ အဲ့ဒါဆုိရင္ေတာ့ ခ်ဥ္ငံစပ္အရသာေလးနဲ႕ မရမ္းသီးသုပ္ေလးကို သံုးေဆာင္ႏုိင္ပါၿပီ။

Source; ေမတၱာရပ္ဝန္း
My Mandalay

 

Zawgyi

လတ်တလောရာသီဥတုအြခေအနေဟာ နေ့ပူညချမ်းဖြစ်နေတော့ စားသောက်ရတာတွေကလည်း ပါးစပ်မတွေ့ဖြစ်နေတက်ပါတယ်။ ဒါကြောင့် ရာသီစာလို့ပြောရမလား မရမ်းသီးတွေကလည်း စျေးပေါလာပြီဆိုတော့ အိမ်မှာ ကိုယ်တိုင် မရမ်းသီးလေး သုပ်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

မရမ်းသီးအစိမ်း
ဂေါ်ဖီထုပ်
ကြက်သွန်နီ
ပဲမှုန့်အကျက်မှုန့်
ငရုတ်သီးအလှော်မှုန့်
မြေပဲထောင်း
ဆီချက်
ငံပြာရည်
ငါးပိစိမ်းစား
ပုဇွန်ခြောက်မှုန့်နဲ့ အချိုမှုန့် အနည်းငယ်တို့ လိုအပ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး မရမ်းသီးကို ရေဆေးထားပါ။ ပြီးရင် အလယ်ကခြမ်းပြီး အစေ့ကို ထုတ်ပစ်ပါ။ မရမ်းသီးက အထဲက အစေ့မယှက်သေးတာမို့ ဒီအတိုင်း အလွယ်တကူ ခပ်ပါးပါးလှီးလိုက်ရုံပါပဲ။ အစေ့ယှက်ခဲ့ပြီဆိုရင်တော့ မရမ်းသီးအသားနဲ့ ကပ်လျက်ရှိနေတဲ့ အခွံကို ဖယ်ထုတ်ပစ်ပြီးမှ ပါးပါးလှီးပါနော်။

ဂေါ်ဖီထုပ်ကို အဖတ်ခွာ ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ အခိုးမမွှန်အောင် လှီးပြီးသား ကြက်သွန်ကို ရေပြန်ဆေးပေးပြီး ရေစင်အောင် ညှစ်ပေးပါ။ မြေပဲလှော်ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေး ထောင်းပေးပါ။ ပုဇွန်ခြောက်ကိုလည်း ထောင်းပေးပါနော်။

ဆီချက်ကတော့ အသင့်ရှိပြီးသားမို့ မချက်နေတော့ဘူးနော်။ ငါးပိစိမ်းစားကိုတော့ မီးနည်းနည်းအုံးပေးပါ။ မီးအုံးဖို့ အဆင်မပြေခဲ့ရင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီလေးနဲ့လှိမ့်ပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲ လှီးထားတဲ့ မရမ်းသီး၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကိုထည့်၊ ပြီးရင် ထောင်းထားတဲ့ မြေပဲ၊ ပုဇွန်ခြောက်၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ဆီချက်၊ ပဲမှုန့်နဲ့ ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါနော်။

ပြီးတော့မှ အပေါ့အငံကိုမြည်းပြီး ကိုယ်နှစ်သက်တဲ့အရသာကို ပိုကဲထည့်ပေးပါ။ ပြီးရင် ပန်းကန်ပြားလေးထဲ ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူကြော်လေး ဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ မရမ်းသီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source; မေတ္တာရပ်ဝန်း
My Mandalay

 

 


Read 113 times
Rate :
(2 votes)

Related items