Monday, 17 February 2020 13:27

DSC_5089_1.jpg

အိမ်မှာ ရုတ်တရက် ဗိုက်ဆာလာရင်ပဲဖြစ်ဖြစ်၊ ရုံးပိတ်ရက်တွေမှာ ကိုရီးကားလေးကြည့်ရင်း ခေါက်ဆွဲပြုတ်လေးသောက်ချင်တာတဲ့အခါ လုပ်စားလို့ရမယ့် ကိုရီးယားကင်မ်ချီ ခေါက်ဆွဲပြုတ် အစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်း

ဝက်သား သုံးထပ်သား

ကြက်သွန်ဖြူ

ဂျင်း

နှမ်းဆီ

ပဲငံပြာရည်

ကြက်သွန်နီ

ကင်မ်ချီ

Gochujang (ကိုရီယား ငရုတ်နှစ်)

Gochugaru (ကိုရီးယား ငရုတ်သီးမှုန့်)

အသင့်စား ခေါက်ဆွဲခြောက်ထုပ်

ကြက်ဥ

ကြက်သွန်မြိတ်တို့ လိုပါတယ်။

Read More>>>အတြင္းေရာ အျပင္ပါ အရသာရွိေစမယ့္ ဒူးရင္းသီးေခါင္းအုုံးမုုန္ ့ (durian pillow) ျပဳလုပ္နည္း

 

ပြုလုပ်နည်း

အရင်ဆုံး ဝက်သား သုံးထပ်သားကို အနေတော် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီတို့နဲ့ နယ်ပြီး ၁၅ မိနစ်လောက် အရသာ သွင်းထားပါ။ ပြီးရင် မီးမျှင်းမျှင်းနဲ့ ၁၀ မိနစ်လောက် ချက်ပါ။ ကြက်သွန်နီကို ခပ်ပါးပါး လှီးပြီး နောက်ထပ် ၈ မိနစ်လောက် ထပ်ချက်ပါ။ ပြီးရင် ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။

ခေါက်ဆွဲပြုတ်မယ့်အိုးထဲ ရေသင့်တော်ရုံ ထည့်ပြီး ဆူပွက်လာရင် ခေါက်ဆွဲခြောက်ချည်းပဲကို ဘာမှ မထည့်သေးပဲ ၁ မိနစ် လောက် တည်ပြီး ရေသွန်ပစ်ပါ။ ခေါက်ဆွဲခြောက်အပေါ်က လူကို ဒုက္ခပေးနိုင်တဲ့ ဓာတ်တွေ လျော့နည်းသွားအောင်လို့ အသင့်စား ခေါက်ဆွဲခြောက်တွေ မကြာခဏ စားဖြစ်တယ်ဆိုရင် အန္တရာယ် မရှိအောင် ဒီနည်းလမ်းအတိုင်း အရင် လုပ်လိုက်တာ အကောင်းဆုံးပါပဲ။

ခေါက်ဆွဲကို ရေစစ်ထားပြီး နောက်ထပ် ရေထပ်တည်ပါ။ ဆူလာပြီဆိုရင် အရသာမှုန့်ထုပ်၊ ကင်မ်ချီ၊ ကိုရီးယား ငရုတ်နှစ်ထည့် ၂ မိနစ်လောက် ပြုတ်ပါ။ ပြီးရင် ဝက်သား သုံးထပ်သား ထည့်၊ ခေါက်ဆွဲခြောက် ထည့်ပြီး ၅ မိနစ် လောက်ပြုတ်ပါ။ မာဆတ်ဆတ်လေး ကြိုက်တယ်ဆိုရင် ၃ ၊ ၄ မိနစ်လောက်ဆို အတော်ပါပဲ။ မချခင် ကြက်ဥလေး ထည့်လိုက်ပါ။

ပြီးရင် စားမယ့် ပန်းကန်လုံးထဲ ထည့်၊ ကိုရီးယား ငရုတ်သီးမှုန့်လေးဖြူး၊ ကြက်သွန်မြိတ် လှီးထားတာလေး ထည့်စား လိုက်ရင် မိုးအေးအေးနဲ့ အချိန်လည်း မကုန်၊ အရသာလည်း ရှိတဲ့ “ရှုးရှဲအရသာ ကိုရီးယားကင်မ်ချီ ခေါက်ဆွဲပြုတ်” လေးကို သုံးဆောင်လို့ရပါပြီ။

Source; ဧရာဝတီ
My Mandalay

 

Unicode

 

အိမ္မွာ ရုတ္တရက္ ဗုိက္ဆာလာရင္ပဲျဖစ္ျဖစ္၊ ရံုးပိတ္ရက္ေတြမွာ ကိုရီးကားေလးၾကည့္ရင္း ေခါက္ဆြဲျပဳတ္ေလးေသာက္ခ်င္တာတဲ့အခါ လုပ္စားလုိ႔ရမယ့္ ကိုရီးယားကင္မ္ခ်ီ ေခါက္ဆြဲျပဳတ္ အစပ္ခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

လိုအပ္တဲ့ ပါဝင္ပစၥည္း

ဝက္သား သုံးထပ္သား

ၾကက္သြန္ျဖဴ

ဂ်င္း

ႏွမ္းဆီ

ပဲငံျပာရည္

ၾကက္သြန္နီ

ကင္မ္ခ်ီ

Gochujang (ကိုရီယား င႐ုတ္ႏွစ္)

Gochugaru (ကိုရီးယား င႐ုတ္သီးမႈန႔္)

အသင့္စား ေခါက္ဆြဲေျခာက္ထုပ္

ၾကက္ဥ

ၾကက္သြန္ၿမိတ္တို႔ လိုပါတယ္။

 

ျပဳလုပ္နည္း

အရင္ဆုံး ဝက္သား သုံးထပ္သားကို အေနေတာ္ အတုံးေလးေတြ တုံးၿပီး ပဲငံျပာရည္၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ႏွမ္းဆီတို႔နဲ႔ နယ္ၿပီး ၁၅ မိနစ္ေလာက္ အရသာ သြင္းထားပါ။ ၿပီးရင္ မီးမၽွင္းမၽွင္းနဲ႔ ၁၀ မိနစ္ေလာက္ ခ်က္ပါ။ ၾကက္သြန္နီကို ခပ္ပါးပါး လွီးၿပီး ေနာက္ထပ္ ၈ မိနစ္ေလာက္ ထပ္ခ်က္ပါ။ ၿပီးရင္ ပန္းကန္လုံးတစ္ခုထဲ ထည့္ထားပါ။

ေခါက္ဆြဲျပဳတ္မယ့္အိုးထဲ ေရသင့္ေတာ္႐ုံ ထည့္ၿပီး ဆူပြက္လာရင္ ေခါက္ဆြဲေျခာက္ခ်ည္းပဲကို ဘာမွ မထည့္ေသးပဲ ၁ မိနစ္ ေလာက္ တည္ၿပီး ေရသြန္ပစ္ပါ။ ေခါက္ဆြဲေျခာက္အေပၚက လူကို ဒုကၡေပးနိုင္တဲ့ ဓာတ္ေတြ ေလ်ာ့နည္းသြားေအာင္လို႔ အသင့္စား ေခါက္ဆြဲေျခာက္ေတြ မၾကာခဏ စားျဖစ္တယ္ဆိုရင္ အႏၲရာယ္ မရွိေအာင္ ဒီနည္းလမ္းအတိုင္း အရင္ လုပ္လိုက္တာ အေကာင္းဆုံးပါပဲ။

ေခါက္ဆြဲကို ေရစစ္ထားၿပီး ေနာက္ထပ္ ေရထပ္တည္ပါ။ ဆူလာၿပီဆိုရင္ အရသာမႈန႔္ထုပ္၊ ကင္မ္ခ်ီ၊ ကိုရီးယား င႐ုတ္ႏွစ္ထည့္ ၂ မိနစ္ေလာက္ ျပဳတ္ပါ။ ၿပီးရင္ ဝက္သား သုံးထပ္သား ထည့္၊ ေခါက္ဆြဲေျခာက္ ထည့္ၿပီး ၅ မိနစ္ ေလာက္ျပဳတ္ပါ။ မာဆတ္ဆတ္ေလး ႀကိဳက္တယ္ဆိုရင္ ၃ ၊ ၄ မိနစ္ေလာက္ဆို အေတာ္ပါပဲ။ မခ်ခင္ ၾကက္ဥေလး ထည့္လိုက္ပါ။

ၿပီးရင္ စားမယ့္ ပန္းကန္လုံးထဲ ထည့္၊ ကိုရီးယား င႐ုတ္သီးမႈန႔္ေလးျဖဴး၊ ၾကက္သြန္ၿမိတ္ လွီးထားတာေလး ထည့္စား လိုက္ရင္ မိုးေအးေအးနဲ႔ အခ်ိန္လည္း မကုန္၊ အရသာလည္း ရွိတဲ့ “ရႈးရွဲအရသာ ကိုရီးယားကင္မ္ခ်ီ ေခါက္ဆြဲျပဳတ္” ေလးကို သံုးေဆာင္လုိ႔ရပါၿပီ။

Source; ဧရာဝတီ
My Mandalay

 


Read 126 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.