Saturday, 08 February 2020 11:37
image-202_1.jpg
အခုဖော်ပြပေးမှာကတော့ စားနေကျအစားအစာတွေနဲ့ ကွဲပြားတဲ့အရသာကို ခံစားနိုင်မယ့် ကျိုင်းတုံမြီှးရှည်ပြုလုပ်နည်းနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေက-
- ဝက်ရိုး သို့ နံရိုး ၅၀ ကျပ်သား
- ကြက်သား ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်)
- ရှမ်းပဲပုပ် မှုန့် ၅ ချပ် (ကင်ပီးထောင်းထားရန်)
- ခရမ်းချဉ်သီး ၉ လုံး
- ဆနွင်း အနည်းငယ်
- အရောင်တင်မှုန့် အနည်းငယ်
- မုန့်တီဖက် (နန်းကြီး)
- နှမ်းလှော် အနည်းငယ်
- ပဲပင်ပေါက် -အနည်းငယ်
- ကြက်သွန်မြိတ် အနည်းငယ်
- သံပုရာသီး (ကြိုက်နှစ်သက်ရင်ထည့်နိုင်ပါတယ်)
ဟင်းရည်ပြင်ဆင်နည်း
၁။ ရေသန့်ထဲကို ဝက်နံရိုး၊ ပဲပုပ်မှုန့်၊ ခရမ်းချဉ်သီးထည့်ပြီး ဆူပွက်လာအောင်တည်ပါ။
၂။ ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲရင် ဆယ်ပြီး နူတ်နူတ်စင်းပါ။ အသားကိုလည်း နူတ်နူတ်စင်းထားပါ။
၃။ ဒယ်အိုးတစ်လုံးတွင် ဆီအနည်းငယ်၊ ဆနွင်းနှင့် အရောင်တင်မှုန့်ထည့်ပါ။ ပြီးရင် နူတ်နူတ်စင်းထားတဲ့ အသားကိုထည့်ပြီး ဆီသပ်ပါ။ အသားအနည်းငယ်ကျက်ရင် ခရမ်းချဉ်သီးထည့်ကာ ၅ မိနစ်ခန့် ရောပြီး ဆီသပ်ပါ။
၄။ ဆီသပ်ထားတဲ့အသားနဲ့ ခရမ်းချဉ်သီးများကို ဟင်းရည်အိုးထဲထည့်ပြီး မိနစ်၃၀ မှ ၄၅ မိနစ်လောက် အရည်ကျအောက်တည်ပေးပါ။ အရသာကို နှစ်သက်ရာ ထည့်နိုင်ပါတယ်။
ပွဲပြင်ဆင်နည်း
မြှီးရှည်မုန့်တီဖတ်ကို ကြက်သွန်ဖြူဆီချက်၊ နှမ်းလှော်၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ် တို့ထည့်ပြီး ဟင်းရည်ဆမ်းကာ သုံးဆောင်နိုင်ပါတယ်။ သံပုရာသီး ကြိုက်နှစ်သက်ရင် ညှစ်ထည့်နိုင်ပါတယ်။ ပြီးရင် ရှမ်းမုန်ညင်းချဉ်၊ ဝက်ခေါက်ကြော်တို့နဲ့ တွဲဖက်ကာ အရသာရှိစွာ စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။
Psyche
( My Mandalay )
Zawgyi
အခုဖော်ပြပေးမှာကတော့ စားနေကျအစားအစာတွေနဲ့ ကွဲပြားတဲ့အရသာကို ခံစားနိုင်မယ့် ကျိုင်းတုံမြှီးရှည်ပြုလုပ်နည်းနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေက
- ခရမ်းချဉ်သီး ၉ လုံး
- ဆနွင်း အနည်းငယ်
- မုန့်တီဖက် (နန်းကြီး)
- နှမ်းလှော် အနည်းငယ်
- ပဲပင်ပေါက် -အနည်းငယ်
ဟင်းရည်ပြင်ဆင်နည်း
ပွဲပြင်ဆင်နည်း
Psyche 
( My Mandalay )
Read 110 times
Rate :
(2 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.