Print this page
Monday, 03 February 2020 17:11

durian-crepe-resipi-foto-utama_1.jpg

 

ဒူးရင္းခ်စ္သူေတြအတြက္ အျပင္ေရာအတြင္းပါ အလြန္အရသာရွိတဲ့ ဒူးရင္းသီးေခါင္းအုုံးမုုန္ ့(durian pillow) ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ဒူးရင္းသီး - ၁ လုုံး

၂။ ၾကက္ဥ - ၄ လုုံး

၃။ ႏြားႏိုု ့- ၁ ခြက္နွင့္ ထမင္းစားဇြန္း ၆ ဇြန္း (သိုု ့) ၃၃၀ ml

၄။ ေထာပတ္ - ထမင္းစားဇြန္း ၂ ဇြန္း

၅။ ဂ်ံဳမွုုန္ ့- ၁ ခြက္ (သိုု ့) ထမင္းစားဇြန္း ၁၆ ဇြန္း

၆။ သၾကား - ထမင္းစားဇြန္း ၂ ဇြန္း

၇။ ဆား - လက္ဖက္ရည္ဇြန္း ေလးပုုံတပုုံ

၈။ cream ခရင္မ္ (creamခရင္မ္ ျပဳလုုပ္နည္းကိုုေအာက္မွာ ေဖာ္ျပေပးထားပါတယ္။ 

(၁ ခြက္ = 240 ml = ရိုးရိုးေကာ္ဖီခြက္ ၁ခြက္)

(ထမင္းစားဇြန္း ၁ ဇြန္း = 1 tablespoon = 15 ml )

(လက္ဖက္ရည္ဇြန္း ၁ ဇြန္း = 1 teaspoon = 5 ml)

ခရင္မ္ cream ျပဳလုုပ္နည္း ( ႀကိဳက္နွစ္သက္တဲနည္းကို အသံုးျပဳႏုိင္ပါတယ္ )

၁။ whipping cream

whipping cream ျပဳလုုပ္ဖိုု ့အတြက္

- whipping cream အရည္ - ၁ ခြက္

- သၾကားေပါင္ဒါ (icing sugar)- ထမင္းစားဇြန္း ၃ ဇြန္း

အားလုုံးကိုု ဇလုုံတခုုထဲထည့္ၿပီး cream ခရင္မ္ ျဖစ္လာတဲ့အထိေမႊပါ။ electric mixer ကိုု အသုုံးျပဳရင္ပိုုေကာင္းပါတယ္။

၂။ butter cream (ေထာပတ္ခရင္မ္) ျပဳလုုပ္ဖိုု ့အတြက္

- ေထာပတ္အခဲ - ၁ ခြက္

- သၾကားေပါင္ဒါ (icing sugar) - ၃ ခြက္ခြဲ

- အဆီမထုုတ္ထားေသာ က်က္ၿပီးသား ႏြားနိုု ့- ထမင္းစားဇြန္း ၂ ဇြန္း

အားလုုံးကိုု ဇလုုံတခုထဲထည့္ၿပီး cream ခရင္မ္ ျဖစ္လာတဲ့အထိေမႊပါ။

Read More>>>အရသာရွိၿပီး စားေကာင္းတဲ့ ကိုရီးယားထမင္းသုပ္ေလး ကိုယ္တုိင္လုပ္စားၾကမယ္

ျပဳလုုပ္နည္း

ဒူးရင္းသီးကိုုခြာၿပီး ဒူးရင္းသီးအသားမ်ားကိုုခြာထားပါ။ ေဖ်ာ္ရည္ေဖ်ာ္စက္ (blender) ထဲကိုု ႏြားႏိုု ့၊ ေထာပတ္၊ သၾကား၊ ဆား၊ ၾကက္ဥ၊ ဒူးရင္းသီးအသားဖတ္ ထမင္းစားဇြန္း ၁ ဇြန္းခြဲထည့္ၿပီး ဒူးရင္းသီးအသားဖတ္မ်ား ေၾကညက္သြားေအာင္လုုပ္ပါ။

ဇလုုံတခုုထဲကိုု ေဖ်ာ္ရည္ေဖ်ာ္စက္ထဲမွ အႏွစ္ရည္မ်ားထည့္၊ ဂ်ံဳကိုု ဇကာခ်ထည့္ျပီး ဂ်ံဳမ်ား သမသြားေအာင္ခေလာက္ပါ။ (ဂ်ံဳလုုံးေလးမ်ားမရွိေတာ့တဲ့ အထိခေလာက္ပါ။ မကပ္ေသာအိုုး မီးေအးေအးျဖင့္အပူေပးၿပီး အိုုးထဲကိုု မုုန္ ့နွစ္ရည္မ်ားထည့္ ပါးပါးအျပားေလးျဖစ္ေအာင္လုုပ္ၿပီး မုုန္ ့အႏွစ္ တဖက္က်က္လွ်င္ ေနာက္တဖက္ကိုု လွန္ပါ။ 

ခနပဲထားၿပီးလွ်င္ မီးဖိုုေပၚမွခ်ပါ။ က်န္ေသာ မုုန္ ့အျပင္ခြံမ်ားကိုုလဲ အထက္ပါနည္းအတိုုင္းျပဳလုုပ္ထားပါ။

ဒူးရင္းသီးေခါင္းအုုံးမုုန္ ့ျပဳလုုပ္ရန္အတြက္ အျပင္ခြံကိုု အရင္ခင္း ၿပီးအလယ္မွာ ဒူးရင္းသီးအသား ထမင္းစားဇြန္း ၂ ဇြန္းထည့္၊ ခရင္မ္ ထမင္းစားဇြန္း ၂ ဇြန္းထည့္ျပီး ေခါင္းအုုံးပုုံစံျဖစ္ေအာင္ေခါက္ပါ။ အနံ ့ေမြွးေမြွး အရသာရွိရွိ ဒူးရင္းသီးေခါင္းအုုံးမုုန္ ့ကိုုသုုံးေဆာင္ႏိုုင္ပါၿပီ။

Source; Ei San's Homemade Inspiration

 

Unicode

 

ဒူးရင်းချစ်သူတွေအတွက် အပြင်ရောအတွင်းပါ အလွန်အရသာရှိတဲ့ ဒူးရင်းသီးခေါင်းအုံးမုန့် (durian pillow) ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ဒူးရင်းသီး - ၁ လုံး
၂။ ကြက်ဥ - ၄ လုံး
၃။ နွားနို့- ၁ ခွက်နှင့် ထမင်းစားဇွန်း ၆ ဇွန်း (သို့) ၃၃၀ ml
၄။ ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ဂျုံမှုန့်- ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၆။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ cream ခရင်မ် (creamခရင်မ် ပြုလုပ်နည်းကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ခရင်မ် cream ပြုလုပ်နည်း ( ကြိုက်နှစ်သက်တဲနည်းကို အသုံးပြုနိုင်ပါတယ် )

၁။ whipping cream

whipping cream ပြုလုပ်ဖို့အတွက်

- whipping cream အရည် - ၁ ခွက်
- သကြားပေါင်ဒါ (icing sugar)- ထမင်းစားဇွန်း ၃ ဇွန်း

အားလုံးကို ဇလုံတခုထဲထည့်ပြီး cream ခရင်မ် ဖြစ်လာတဲ့အထိမွှေပါ။ electric mixer ကို အသုံးပြုရင်ပိုကောင်းပါတယ်။

၂။ butter cream (ထောပတ်ခရင်မ်) ပြုလုပ်ဖို့အတွက်

- ထောပတ်အခဲ - ၁ ခွက်
- သကြားပေါင်ဒါ (icing sugar) - ၃ ခွက်ခွဲ
- အဆီမထုတ်ထားသော ကျက်ပြီးသား နွားနို့- ထမင်းစားဇွန်း ၂ ဇွန်း
အားလုံးကို ဇလုံတခုထဲထည့်ပြီး cream ခရင်မ် ဖြစ်လာတဲ့အထိမွှေပါ။

ပြုလုပ်နည်း

ဒူးရင်းသီးကိုခွာပြီး ဒူးရင်းသီးအသားများကိုခွာထားပါ။ ဖျော်ရည်ဖျော်စက် (blender) ထဲကို နွားနို့၊ ထောပတ်၊ သကြား၊ ဆား၊ ကြက်ဥ၊ ဒူးရင်းသီးအသားဖတ် ထမင်းစားဇွန်း ၁ ဇွန်းခွဲထည့်ပြီး ဒူးရင်းသီးအသားဖတ်များ ကြေညက်သွားအောင်လုပ်ပါ။

ဇလုံတခုထဲကို ဖျော်ရည်ဖျော်စက်ထဲမှ အနှစ်ရည်များထည့်၊ ဂျုံကို ဇကာချထည့်ပြီး ဂျုံများ သမသွားအောင်ခလောက်ပါ။ (ဂျုံလုံးလေးများမရှိတော့တဲ့ အထိခလောက်ပါ။ မကပ်သောအိုး မီးအေးအေးဖြင့်အပူပေးပြီး အိုးထဲကို မုန့်နှစ်ရည်များထည့် ပါးပါးအပြားလေးဖြစ်အောင်လုပ်ပြီး မုန့်အနှစ် တဖက်ကျက်လျှင် နောက်တဖက်ကို လှန်ပါ။

ခနပဲထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ကျန်သော မုန့်အပြင်ခွံများကိုလဲ အထက်ပါနည်းအတိုင်းပြုလုပ်ထားပါ။
ဒူးရင်းသီးခေါင်းအုံးမုန့်ပြုလုပ်ရန်အတွက် အပြင်ခွံကို အရင်ခင်း ပြီးအလယ်မှာ ဒူးရင်းသီးအသား ထမင်းစားဇွန်း ၂ ဇွန်းထည့်၊ ခရင်မ် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပြီး ခေါင်းအုံးပုံစံဖြစ်အောင်ခေါက်ပါ။ အနံ့မွှေးမွှေး အရသာရှိရှိ ဒူးရင်းသီးခေါင်းအုံးမုန့်ကိုသုံးဆောင်နိုင်ပါပြီ။

Source; Ei San's Homemade Inspiration


Read 314 times
Rate :
(1 Vote)

Related items