Saturday, 01 February 2020 13:35

bibimbap-14_1.jpg

 

ဒီတစ္ပါတ္မွာေတာ႔ ျမန္မာအစားအေသာက္ေတြ စားရတာ ရိုးေနတဲ႔သူေတြအတြက္ ကိုရီးယားထမင္းသုပ္ကို အိမ္မွာ ျပဳလုပ္တဲ႔နည္းကို ေျပာျပခ်င္ပါတယ္။

ကိုရီးယားထမင္းသုပ္ေတြထဲမွာ ပါဝင္တဲ႔အရာေတြက အသီးအရြတ္ေတြမ်ားတာေၾကာင့္ က်မ္းမာေရးနဲ႔လည္း ညီညြတ္ေစပါတယ္။ ႏွမ္းဆီနံ႔ေမႊးေမႊးေလးျဖစ္ေနတာေၾကာင့္ စားလိုက္တိုင္း ေမႊးၿပီး အရသာရွိေစမွာပါ။ 

လိုအပ္တဲ့ပါဝင္ပစၥည္း

ထမင္း - ၃ ပြဲစာ

ၾကက္ဥ - ၃ လုံး

ကိုယ္ၾကိဳက္ႏွစ္သက္တဲ့အသား - ၁၀ သား

မုန္လာဥနီ - ၁ ဥ

သခြားသီးအေသး - ၁ လုံး

ၾကိဳက္ႏွစ္သက္ရာမိႈ - အနည္းငယ္

ဟင္းႏုႏြယ္ရြက္ - လက္တဆုပ္စာ

ပဲပင္ေပါက္္ - လက္တဆုပ္စာ

အသင့္စားလို႔ရတဲ့ေရညိုေျခာက္ (Seasoned seaweed) - ၃ ခ်ပ္

ပဲငံျပာရည္ - ထမင္းစားဇြန္း ၃ ဇြန္း

ႏွမ္းဆီေမႊး - ထမင္းစားဇြန္း ၃ ဇြန္း

သၾကား - ထမင္းစားဇြန္း ၁ ဇြန္းနဲ႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ၾကက္သြန္ျဖဴ - ၃ မႊာ

ရွာလကာရည္ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ကိုရီးယားငရုတ္အႏွစ္ - ထမင္းစားဇြန္း ၁ ဇြန္္း

ႏွမ္းေလွာ္ - ထမင္းစားဇြန္း ၁ ဇြန္း

ေရ - ထမင္းစားဇြန္း ၂ ဇြန္း

ဆီ - အနည္းငယ္

 

Read More>>>သင့္အတြက္ တမူထူးျခားတဲ့ ခံစားခ်က္ကိုေပးေစတဲ့ ၁၀၀ တန္ လက္ဖက္ရည္

ျပဳလုပ္နည္း

အရင္ဆုံးအသားကိုပါးပါးလွီး (ဒါမွမဟုတ္) ေတာက္ေတာက္ဆင္းေပးပါ။ ၾကက္သြန္ျဖဴ ၁ မႊာကိုညက္ေနေအာင္ ေထာင္းထားပါ။

ၿပီးရင္ အသားကို ပဲငံျပာရည္ထမင္းစားဇြန္း ၂ ဇြန္း၊ ႏွမ္းဆီေမႊး ထမင္းစားဇြန္း ၁ ဇြန္း၊ သၾကားလက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ညက္ေနေအာင္ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ ၁ မႊာတို႔နဲ ႔ႏွပ္ထားပါ။

မုန္လာဥနီနဲ႔ သခြားသီးတို႔ကို အေခ်ာင္းရွည္ရွည္ေလးေတြ လွီးထားျပီး ဟင္းႏုႏြယ္ရြက္ကို သင္ထားေပးပါ။

မိႈကိုမထူမပါးလွီးထားၿပီး ေရညိုေျခာက္ကို အေခ်ာင္းအရွည္ေလးေတြျဖစ္ေအာင္ ကတ္ေၾကးနဲ႔ ညုပ္ထားေပးပါ။ ၿပီးလွ်င္က်န္တဲ့ ၾကက္သြန္ျဖဴ ၂ မႊာကို ညက္ေနေအာင္ေထာင္းထားပါ။

ေဆာ့စ္ျပဳလုပ္ဖို႔အတြက္ ကိုရီးယားငရုတ္အႏွစ္ ထမင္းစားဇြန္း ၂ ဇြန္္း၊ ေရထမင္းစားဇြန္း ၂ ဇြန္း၊ သၾကားထမင္းစားဇြန္း ၁ ဇြန္း၊ ႏွမ္းဆီေမႊး ထမင္းစားဇြန္း ၁ ဇြန္း၊ ရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ေထာင္းထားတဲ့ၾကက္သြန္ျဖဴ၊ ႏွမ္းေလွာ္ ထမင္းစားဇြန္း ၁ ဇြန္းတို႔ကို သမေအာင္ေမႊေပးပါ။

ၿပီးရင္ မုန္လာဥနီ၊ ဟင္းႏုႏြယ္ရြက္၊ မိႈ၊ ပဲပင္ေပါက္တို႔ကို ဒယ္အိုးထဲမွာ တခုခ်င္းဆီကိုေၾကာ္ပါ။

ေၾကာ္နည္းကေတာ့ ဒယ္အိုးထဲကို ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ထည့္ျပီးဆီပူလာလွ်င္ မုန္လာဥနီ၊ ဟင္းႏုႏြယ္ရြက္၊ မိႈ၊ ပဲပင္ေပါက္ထည့္ ဆားအနည္းငယ္ထည့္ျပီး အိုးေပၚမွာလွိမ့္ေပးပါ။

အနည္းငယ္ႏြမ္းလာၿပီဆိုရင္ေတာ့ မီးဖိုေပၚကေနခ်ပါ။ (တခုခ်င္းစီ သတ္သတ္စီေၾကာ္ေပးပါ။) အသားကိုလဲ ဒယ္အိုးထဲ ဆီ ထမင္းစားဇြန္း ၁ ဇြန္းထည့္ျပီး အသားက်က္ေအာင္ေၾကာ္ပါ။

ၾကက္ဥကို တလုံးစီေၾကာ္ထားေပးပါ။ (အႏွစ္ကိုမက်က္ေအာင္ေၾကာ္ပါ) တခ်ိဳ႕ကေတာ့ ထမင္းသုပ္ျပင္ဆင္ျပီးမွ ၾကက္ဥကိုအစိမ္းလိုက္ေဖာက္ျပီး ထည့္ပါတယ္။

ထမင္းသုပ္ဖို႔ အားလုံးအဆင့္သင့္ျဖစ္ျပီဆို ပန္းကန္တခုထဲက ထမင္းအရင္ထည့္ ျပီးလွ်င္အေပၚကေနေၾကာ္ထားတဲ့ မုန္လာဥနီ၊ ဟင္းႏုႏြယ္ရြက္၊ မိႈ၊ ပဲပင္ေပါက္တို႔ထည့္ပါ။

ၿပီးလွ်င္ သခြားသီး၊ ေရညိုေျခာက္၊ ေဆာ့အႏွစ္တို႔ကိုတပုံဆီထည့္ျပီး ၾကက္ဥကို အေပၚကေနတင္ျပီးျပီဆိုရင္ေတာ့ အရသာရွိၿပီးစားေကာင္းတဲ့ ကိုရီးယားထမင္းသုပ္ကိုသုံးေဆာင္ႏိုင္ပါျပီ။

(စားမယ္ဆိုလွ်င္ ၾကက္ဥကိုေျခ ထမင္းထဲထည့္သုပ္ျပီး သုံးေဆာင္ႏိုင္ပါတယ္)

Ref: Ei San's Homemade Inspiration

 

Unicode

 

ဒီတစ်ပါတ်မှာတော့ မြန်မာအစားအသောက်တွေ စားရတာ ရိုးနေတဲ့သူတွေအတွက် ကိုရီးယားထမင်းသုပ်ကို အိမ်မှာ ပြုလုပ်တဲ့နည်းကို ပြောပြချင်ပါတယ်။

ကိုရီးယားထမင်းသုပ်တွေထဲမှာ ပါဝင်တဲ့အရာတွေက အသီးအရွတ်တွေများတာကြောင့် ကျမ်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ နှမ်းဆီနံ့မွှေးမွှေးလေးဖြစ်နေတာကြောင့် စားလိုက်တိုင်း မွှေးပြီး အရသာရှိစေမှာပါ။

လိုအပ်တဲ့ပါဝင်ပစ္စည်း

ထမင်း - ၃ ပွဲစာ
ကြက်ဥ - ၃ လုံး
ကိုယ်ကြိုက်နှစ်သက်တဲ့အသား - ၁၀ သား
မုန်လာဥနီ - ၁ ဥ
သခွားသီးအသေး - ၁ လုံး
ကြိုက်နှစ်သက်ရာမှို - အနည်းငယ်
ဟင်းနုနွယ်ရွက် - လက်တဆုပ်စာ
ပဲပင်ပေါက်် - လက်တဆုပ်စာ
အသင့်စားလို့ရတဲ့ရေညိုခြောက် (Seasoned seaweed) - ၃ ချပ်
ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း
နှမ်းဆီမွှေး - ထမင်းစားဇွန်း ၃ ဇွန်း
သကြား - ထမင်းစားဇွန်း ၁ ဇွန်းနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ - ၃ မွှာ
ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကိုရီးယားငရုတ်အနှစ် - ထမင်းစားဇွန်း ၁ ဇွန််း
နှမ်းလှော် - ထမင်းစားဇွန်း ၁ ဇွန်း
ရေ - ထမင်းစားဇွန်း ၂ ဇွန်း
ဆီ - အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးအသားကိုပါးပါးလှီး (ဒါမှမဟုတ်) တောက်တောက်ဆင်းပေးပါ။ ကြက်သွန်ဖြူ ၁ မွှာကိုညက်နေအောင် ထောင်းထားပါ။

ပြီးရင် အသားကို ပဲငံပြာရည်ထမင်းစားဇွန်း ၂ ဇွန်း၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ညက်နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၁ မွှာတို့နဲ ့နှပ်ထားပါ။

မုန်လာဥနီနဲ့ သခွားသီးတို့ကို အချောင်းရှည်ရှည်လေးတွေ လှီးထားပြီး ဟင်းနုနွယ်ရွက်ကို သင်ထားပေးပါ။

မှိုကိုမထူမပါးလှီးထားပြီး ရေညိုခြောက်ကို အချောင်းအရှည်လေးတွေဖြစ်အောင် ကတ်ကြေးနဲ့ ညုပ်ထားပေးပါ။ ပြီးလျှင်ကျန်တဲ့ ကြက်သွန်ဖြူ ၂ မွှာကို ညက်နေအောင်ထောင်းထားပါ။

ဆော့စ်ပြုလုပ်ဖို့အတွက် ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန််း၊ ရေထမင်းစားဇွန်း ၂ ဇွန်း၊ သကြားထမင်းစားဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ထောင်းထားတဲ့ကြက်သွန်ဖြူ၊ နှမ်းလှော် ထမင်းစားဇွန်း ၁ ဇွန်းတို့ကို သမအောင်မွှေပေးပါ။

ပြီးရင် မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ မှို၊ ပဲပင်ပေါက်တို့ကို ဒယ်အိုးထဲမှာ တခုချင်းဆီကိုကြော်ပါ။

ကြော်နည်းကတော့ ဒယ်အိုးထဲကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီးဆီပူလာလျှင် မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ မှို၊ ပဲပင်ပေါက်ထည့် ဆားအနည်းငယ်ထည့်ပြီး အိုးပေါ်မှာလှိမ့်ပေးပါ။

အနည်းငယ်နွမ်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကနေချပါ။ (တခုချင်းစီ သတ်သတ်စီကြော်ပေးပါ။) အသားကိုလဲ ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း ၁ ဇွန်းထည့်ပြီး အသားကျက်အောင်ကြော်ပါ။

ကြက်ဥကို တလုံးစီကြော်ထားပေးပါ။ (အနှစ်ကိုမကျက်အောင်ကြော်ပါ) တချို့ကတော့ ထမင်းသုပ်ပြင်ဆင်ပြီးမှ ကြက်ဥကိုအစိမ်းလိုက်ဖောက်ပြီး ထည့်ပါတယ်။

ထမင်းသုပ်ဖို့ အားလုံးအဆင့်သင့်ဖြစ်ပြီဆို ပန်းကန်တခုထဲက ထမင်းအရင်ထည့် ပြီးလျှင်အပေါ်ကနေကြော်ထားတဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ မှို၊ ပဲပင်ပေါက်တို့ထည့်ပါ။

ပြီးလျှင် သခွားသီး၊ ရေညိုခြောက်၊ ဆော့အနှစ်တို့ကိုတပုံဆီထည့်ပြီး ကြက်ဥကို အပေါ်ကနေတင်ပြီးပြီဆိုရင်တော့ အရသာရှိပြီးစားကောင်းတဲ့ ကိုရီးယားထမင်းသုပ်ကိုသုံးဆောင်နိုင်ပါပြီ။

(စားမယ်ဆိုလျှင် ကြက်ဥကိုခြေ ထမင်းထဲထည့်သုပ်ပြီး သုံးဆောင်နိုင်ပါတယ်)

Ref: Ei San's Homemade Inspiration


Read 146 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.