Friday, 31 January 2020 17:21
tea.jpg
Read More>>>ရှမ်းစာတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တို့ဟူးနွေးလုပ်စားနည်း
unicode
ပိုက်ဆံ ၁၀၀ တန်တရွက်နဲ့ Ready Made လက်ဖက်ရည်၊ ကော်ဖီထုပ်တွေသာ ရနေနိုင်တဲ့ ခေတ်မှာ လက်ဖက်ရည် ၁ ခွက်ကို ၁၀၀ နဲ့ ဝယ်သောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် " ဘဝသစ်" လို့ နာမည်ပေးထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာတော့ သင့်အနေနဲ့ လက်ဖက်ရည် ၁ ခွက်ကို ၁၀၀ ကျပ်နဲ့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
လက်ဖက်ရည် ဆိုင်သောက်ဆိုပြီး ဆိုင်ခန်းအကြီးကြီးလို့တော့ မအောက်မေ့လိုက်ပါနဲ့။ "ဘဝသစ်"ဆိုင် အကျယ်အဝန်းက ကွမ်းယာဆိုင်လေးလို ခပ်သေးသေး အနေအထားပဲဖြစ်ပါတယ်။ တခြားဆိုင်တွေလို ထိုင်သောက်လို့မရဘဲနဲ့ အိန္ဒိယ ရုပ်ရှင်တွေထဲကလို မတ်တပ်ရပ်ပြီး သောက်ရတဲ့အတွက် သောက်သုံးသူတွေအနေနဲ့ စိတ်ခံစားမှု အသစ်အဆန်းကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။
တစ်ခွက် ၁၀၀ တန်ဆိုတော့ အရသာက သာမန်လောက်ပဲလို ့မထင်လိုက်ပါနဲ့။ အဲ့ဒီဆိုင်ရဲ့ လကဖက်ရည်အရသာက ကောင်းတဲ့အထဲမှာ ပါပါတယ်။ မျက်နှာထားရွှင်ရွှင်နဲ့ ဆိုင်ရှင်လေးရဲ့ ဖော်ရွေမှုဟာလည်း ကောင်းတဲ့ဝန်ဆောင်မှုထဲမှာ ပါပါတယ်။
လက်ဖက်ရည်ချစ်သူတွေအနေနဲ့ ပိုက်ဆံ ၁၀၀ ထဲနဲ့ လက်ဖက်ရည် တစ်ခွက်ရတာဆိုတော့ သောက်ပျော်တာပေါ့။ အဲ့ဒီဆိုင်က မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ပါတယ်။ ဒါပေမယ့် ဥပုသ်နေ့တိုင်းပိတ်တာကိုတော့ မမေ့နဲ့နော်။ ဆိုင်လိပ်စာကတော့ ၈၄ × ၂၅ လမ်းထောင့်လေးပဲဖြစ်ပါတယ်။ စျေးချိုနဲ့ နီးတာမို့ အဲ့ဒီဘက်ရောက်ရင် လက်ဖက်ရည် အရသာလေးကို မြည်းစမ်းကြည့်ဖို့ မမေ့နဲ့နော် .....
Photo & Source Credit; The Villager - ရွာသား
Read 129 times
Rate :
(1 Vote)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.