Tuesday, 21 January 2020 17:29

mate_tee.jpg

 

မႏၱေလးၿမိဳ႕သူၿမိဳ႕သားေတြကေတာ့ ကြ်မ္းက်င္ၿပီးသားျဖစ္ေပမယ့္ တျခားေနရာေဒသေတြက မုန္႔တီသုပ္ႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ မုန္႔တီသုပ္ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလုိက္ပါတယ္။ ရန္ကုန္သူေတြအတြက္ မႏၲေလးမုန့္တီသုပ္ကို နန္းျကီးသုပ္ထက္ပိုျကိုက္ၾကတာက အသားမပါပဲ အသီးအရြက္ေလးေတြ မ်ားမ်ားပါလို႕ပါ။ မတ္ပဲေျကာ္မြမြေလးနဲ႕တြဲစားလိုက္ရင္လည္း အရမ္းကိုအရသာရွိပါတယ္။

ျပဳလုပ္နည္း

 

၁။ ၾကက္သြန္အျဖဴနဲ႔ အနီကို  နံႏြင္းေလးထည္႔ၿပီးဆီသတ္ပါ။ ဆီျပန္ေလးသတ္မယ္ဆိုရင္ ပိုေမႊးပါတယ္။

ဆီအစိမ္းနဲ႕မတူပါဘူး။ 

 

၂။ ပဲမွုန္႔ကုိ အစစ္သံုးေစခ်င္ပါတယ္။ မုန္႔တီသုပ္မွာ ပဲမႈန္႔နဲ႕ဆီခ်က္က အဓိကက်ပါတယ္။ မႏၲေလးၿမိဳ႕မွာဆုိရင္ စိန္ၿဖိဳးသံုးၾကပါတယ္။

 

၃။ ၾကက္သြန္နီပါးပါး၊ ေဂၚဖီပါးပါး၊ ပဲသီးစိမ္းပါးပါး လွီးၿပီး နံနံပင္လည္းလွီးးထားပါ။ ပဲပင္ေပါက္ကို ေရေႏြးေဖ်ာထားပါ။

 

၄။ ငံျပာရည္ဟာ ဟင္းခ်က္ရာမွာပဲျဖစ္ျဖစ္ အသုပ္သုပ္ရာမွာပဲျဖစ္ျဖစ္ အဓိကက်တဲ႕အရသာထဲမွာ ပါဝင္ပါတယ္။ ဒါ့ေျကာင့္ ငံျပာရည္ကို အေကာင္းစားပဲသံုးသင့္တယ္လို႕အၾကံျပဳခ်င္ပါတယ္။

 

Read More>>>ရွမ္းစာေတြကိုမွ ႀကိဳက္နွစ္သက္သူေတြအတြက္ တုိ႔ဟူးေႏြးလုပ္စားနည္း

၅။ အခ်ိဳမွုန့္စားသူကေတာ့ အခ်ိဳမွုန္႔သံုး မစားသူေတြက ၾကက္သားမႈန္႕ကို နည္းနည္းေလ်ာ့ထည့္ပါ။ ၾကက္သားမႈန္္႔က အငံအရသာပိုလို႔ပါ။ ဒါမွမဟုတ္ Dashi အခပ္မႈန္႔ ႀကိဳက္တာသံုးပါ။

 

၆။ ျငုပ္သီးမွႈန္႔ကို ရိုးရိုးအမွုန့္ထက္ ဆီပူေလးေလာင္းထားရင္ ပိုေမႊးၿပီးအနံအရသာပိုေကာင္းသလို မွိုတက္တဲ႕ရန္ကကာကြယ္ျပီးျဖစ္ပါတယ္။

 

၇။ အားလံုးစံုျပီဆိုရင္ေတာ့ ဇလံုတစ္လံုးထဲမွာ ထည့္နယ္ၿပီးအေပါ့အငန္ျမည္းပါ။ အခ်ဥ္ျကိုက္သူက ေဂၚဖီခ်ဥ္နဲ႕တြဲစားလို႕ရသလို သံပုရာသီးေလး ညွစ္စားနိုင္ပါတယ္။

 

၈။ မတ္ပဲေျကာ္မြမြေလးရယ္ ငါးဖယ္ေျကာ္ေလးရယ္ တြဲစားရင္ေတာ့ မႏၲေလးမသြားနိုင္ျကေပမယ့္ အရသာရွိတဲ႕မႏၲေလးမုန့္တီသုပ္ကို ကိုယ့္မီးဖိုေခ်ာင္ထဲမွာပဲ လုပ္စားနိုင္ၿပီျဖစ္ပါတယ္။

 

ဒါဆုိရင္ တျခားေဒသကိုေရာက္ေနလုိ႔ပဲ ျဖစ္ျဖစ္ မႏၱေလးၿမိဳ႕ မုန္႔တီသုပ္ကို လြမ္းတဲ့အခ်ိန္တုိင္း လုပ္စားလို႔ရပါၿပီ။

 

Ref; Koo's Sweet Kitchen

 

Unicode

 

မန္တလေးမြို့သူမြို့သားတွေကတော့ ကျွမ်းကျင်ပြီးသားဖြစ်ပေမယ့် တခြားနေရာဒေသတွေက မုန့်တီသုပ်ကြိုက်တဲ့ ပရိသတ်တွေအတွက် မုန့်တီသုပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်သူတွေအတွက် မန္တလေးမုန့်တီသုပ်ကို နန်းကြီးသုပ်ထက်ပိုကြိုက်ကြတာက အသားမပါပဲ အသီးအရွက်လေးတွေ များများပါလို့ပါ။ မတ်ပဲကြော်မွမွလေးနဲ့တွဲစားလိုက်ရင်လည်း အရမ်းကိုအရသာရှိပါတယ်။

ပြုလုပ်နည်း

၁။ ကြက်သွန်အဖြူနဲ့ အနီကို နံနွင်းလေးထည့်ပြီးဆီသတ်ပါ။ ဆီပြန်လေးသတ်မယ်ဆိုရင် ပိုမွှေးပါတယ်။
ဆီအစိမ်းနဲ့မတူပါဘူး။

၂။ ပဲမှုန့်ကို အစစ်သုံးစေချင်ပါတယ်။ မုန့်တီသုပ်မှာ ပဲမှုန့်နဲ့ဆီချက်က အဓိကကျပါတယ်။ မန္တလေးမြို့မှာဆိုရင် စိန်ဖြိုးသုံးကြပါတယ်။

၃။ ကြက်သွန်နီပါးပါး၊ ဂေါ်ဖီပါးပါး၊ ပဲသီးစိမ်းပါးပါး လှီးပြီး နံနံပင်လည်းလှီးးထားပါ။ ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။

၄။ ငံပြာရည်ဟာ ဟင်းချက်ရာမှာပဲဖြစ်ဖြစ် အသုပ်သုပ်ရာမှာပဲဖြစ်ဖြစ် အဓိကကျတဲ့အရသာထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ငံပြာရည်ကို အကောင်းစားပဲသုံးသင့်တယ်လို့အကြံပြုချင်ပါတယ်။

၅။ အချိုမှုန့်စားသူကတော့ အချိုမှုန့်သုံး မစားသူတွေက ကြက်သားမှုန့်ကို နည်းနည်းလျော့ထည့်ပါ။ ကြက်သားမှုန့််က အငံအရသာပိုလို့ပါ။ ဒါမှမဟုတ် Dashi အခပ်မှုန့် ကြိုက်တာသုံးပါ။

၆။ ငြုပ်သီးမှှုန့်ကို ရိုးရိုးအမှုန့်ထက် ဆီပူလေးလောင်းထားရင် ပိုမွှေးပြီးအနံအရသာပိုကောင်းသလို မှိုတက်တဲ့ရန်ကကာကွယ်ပြီးဖြစ်ပါတယ်။

၇။ အားလုံးစုံပြီဆိုရင်တော့ ဇလုံတစ်လုံးထဲမှာ ထည့်နယ်ပြီးအပေါ့အငန်မြည်းပါ။ အချဉ်ကြိုက်သူက ဂေါ်ဖီချဉ်နဲ့တွဲစားလို့ရသလို သံပုရာသီးလေး ညှစ်စားနိုင်ပါတယ်။

၈။ မတ်ပဲကြော်မွမွလေးရယ် ငါးဖယ်ကြော်လေးရယ် တွဲစားရင်တော့ မန္တလေးမသွားနိုင်ကြပေမယ့် အရသာရှိတဲ့မန္တလေးမုန့်တီသုပ်ကို ကိုယ့်မီးဖိုချောင်ထဲမှာပဲ လုပ်စားနိုင်ပြီဖြစ်ပါတယ်။

ဒါဆိုရင် တခြားဒေသကိုရောက်နေလို့ပဲ ဖြစ်ဖြစ် မန္တလေးမြို့ မုန့်တီသုပ်ကို လွမ်းတဲ့အချိန်တိုင်း လုပ်စားလို့ရပါပြီ။

Ref; Koo's Sweet Kitchen

 


Read 152 times Last modified on Tuesday, 21 January 2020 17:59
Rate :
(12 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.