Monday, 13 January 2020 14:49

3_1_1.jpg

အလည္အပတ္ထြက္ရင္းပဲျဖစ္ျဖစ္၊ အလုပ္ကိစၥနဲ႔လမ္းႀကံဳလုိ႔ပဲျဖစ္ျဖစ္ ​ေစ်းခ်ိဳ​ကိုေရာက္​တဲ့အခါ ဘာစားရမယ္​မွန္​းမသိ ျဖစ္​​ေနသူေတြအတြက္ မႏၱေလးေစ်းခ်ိဳရဲ႕ နာမည္ႀကီးအစားအေသာက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၾကာဇံ​ေၾကာ္​၊ ငါး​ေရ ခြံ​ေၾကာ္​

ဒီလိုအသည္​​ေတြ မ်ားေပမယ့္ ၈၄လမ္​းနဲ႔ ၂၇လမ္းေထာင့္ ​မ​ေရာက္​တ​ေရာက္​နား​ေလးက ဆိုင္​ေလးကို ညႊန္းေပးခ်င္ပါတယ္။ ၾကာဇံ​ေၾကာ္​က တစ္ပြဲမွ ၅၀၀ ထဲပါ။ ငါးဖယ္​၊ ၾကက္​အူ​ေခ်ာင္​း ၊ အသားတု​ေၾကာ္​ အစံု​ေရာ အခ်ဥ္ရည္​​ေလးစမ္​း င႐ုတ္​သီးမုန္​႔​ေလးထည္​့ တစ္ခါထဲႏွယ္​ခိုင္​းၿပီးစား ဟင္​းရည္​​ေလးနဲ႔ ရွယ္ပဲ ႂကြပ္​ႂကြပ္​ရြရြ​ေလးနဲ႔ စားလို႔​သိပ္​​ေကာင္​းပါတယ္။ ငါး​​ေရ ခြံ​ေၾကာ္​​ေလး​ေတြ တစ္ထုပ္​ ၁၀၀၀ တဲ့ ပါဆယ္​ဆြဲခဲ့လို႔လည္း ရ​ပါေသးတယ္​။

၂။ ထိုင္​းမစ္​႐ွိတ္​၊ ဖာလူဒါ

တစ္ခြက္​မွ ၁၅၀၀ ထဲျဖစ္ၿပီး ခ်ိဳအီျပစ္​ႏွစ္​​ေန​ေအာင္ ေကာင္းပါတယ္။ တျခား အသ္ီး​ေဖ်ာ္​ရည္​​ေတြလည္​း ရ​ပါေသးတယ္​။

၃။ တိုဟူးသုပ္​၊ ပန္​းဂ်ံဳသုပ္​၊ ႐ွမ္​းထမင္​း၀ါ

႐ွမ္​းမ​ေခ်ာ​ေခ်ာ​ေလး​ေရာင္​းတဲ့ ႐ွမ္​းအစားအစာ​ေလး​ေတြကလည္း တကယ္ေကာင္းပါတယ္။ တိုဟူးသုပ္​အႏွစ္​က႐ွယ္​ပဲဆုိေတာ့ အရသာက အပိုအလိုမ႐ွိ စားလို႔​ေကာင္​း​ေန​တာေပါ့။  ​ေနာက္​တစ္ခု ပန္​းဂ်ံဳသုပ္​ ဒါက​ေတာ့ ႐ွမ္​းျပည္​ကလူ​ေတြ ပိုသိမယ္​ထင္​ပါတယ္​။ ႐ွမ္​း​ေခါက္​ဆြဲလိုပဲ ပိုႏုၿပီး ပိုစားလို႔​ေကာင္​းတယ္​။ ျခစ္​ျခစ္​ၿပီး ​ေခါက္​ဆြဲမွ်င္​​ေလး​ေတြ ုတ္​ပီး သုပ္​​ေပးတာပါ။ အရမ္းစားလို႔ေကာင္းပါတယ္။

၄။ ပိနၷဲသီး

ေနာက္​တစ္ခုက ​ေစ်းခ်ိဳ​ေရာက္​ရင္​​ေကာ diamond​ ေရာက္​ရင္​​ေကာ ယိုးဒယားပိနၷဲသီး အႂကြပ္​သီး​ေတြက စားလို႔သိပ္​​ေကာင္​းသလို အနံ႔​ေလးကလည္​း ​ေမႊး​ေန​တာပါပဲ။ ေစ်း​ေတာ့ နည္​းနည္​းမ်ားတယ္​။ ၁၀မႊာကို အႀကီး ၃၀၀၀ အ​ေသး ၂၅၀၀ ေလာက္က်ပါတယ္။

 

Read More>>>အရသာေကာင္းၿပီးထူးျခားလုိ႔ နာမည္ႀကီးတဲ့ မႏၱေလးၿမိဳ႕မွ လမ္းေဘးဆုိင္မ်ား

၅။ ျမန္​မာမုန္​႔​

​ေစ်း​လည္​းတန္​သလို စားလို႔လည္​းသိပ္​​ေကာင္​းတဲ့ ထန္​းသီးမုန္​႔ရယ္​ မုန္​႔ဆမ္​းရယ္​ မုန္​႔ပဲဆုပ္​ရယ္ကုိလည္း လူသိမ်ားပါတယ္။ အျမည္​း​ေတြလည္​း ​ေကြၽး​ပါေသးတယ္။ 

၇။ အခ်ဥ္​​ေပါင္​း

ဒါကေတာ့ မိန္းကေလးေတြအႀကိဳက္ေပါ့ ​တစ္ၿမိဳ႕လံုးမွာရ​ေနတဲ့အခ်ဥ္​​ေပါင္​းကို ဘာလို႔​ေစ်းခ်ိဳမွာ ထပ္​စားသင့္လည္းဆုိရင္ အအီ​ေျပအ​ေနနဲ႔ စားလုိ႔ရပါ။ ​၅၀၀ဖိုးဆို ​လံုလံုေလာက္ေလာက္စားလို႔ရပါတယ္။

​ဇီးျဖဴသီး​ေထာင္​းသုပ္​ရယ္​ ​ေဂြးသီးသုပ္​ရယ္​က စားလို႔​ေကာင္​းမွ​ေကာင္​းပဲ။ သ​ေဘၤာသီး​ေထာင္​း​လည္း ရပါေသးတယ္။

၈။ ဖရံု႐ို၊​ ပဲ​ေခ်ာင္​း

လည္ပတ္လုိ႔လဲ ၿပီးၿပီ စားလို႔ေသာက္လုိ႔က္လည္း ဝၿပီဆုိေတာ့ အိမ္အတြက္ လက္ေဆာင္ဝယ္ဖုိ႔ပဲ က်န္ပါေတာ့တယ္။ ၈၅ ၂၇​ေထာင့္ကိုထြက္​ၿပီး ဖရံု႐ိုရယ္​ ပဲ​ေခ်ာင္​းရယ္​ ၀ယ္​ခဲ့လို႔ပါတယ္​။၂၅က်ပ္​သားကို ၈၀၀က်ပ္ပဲၾကပါတယ္။ 

Ref

 

Unicode

 

အလည်အပတ်ထွက်ရင်းပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့လမ်းကြုံလို့ပဲဖြစ်ဖြစ် ဈေးချိုကိုရောက်တဲ့အခါ ဘာစားရမယ်မှန်းမသိ ဖြစ်နေသူတွေအတွက် မန္တလေးဈေးချိုရဲ့ နာမည်ကြီးအစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်

၁။ ကြာဇံကြော်၊ ငါးရေ ခွံကြော်

ဒီလိုအသည်တွေ များပေမယ့် ၈၄လမ်းနဲ့ ၂၇လမ်းထောင့် မရောက်တရောက်နားလေးက ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ ကြာဇံကြော်က တစ်ပွဲမှ ၅၀၀ ထဲပါ။ ငါးဖယ်၊ ကြက်အူချောင်း ၊ အသားတုကြော် အစုံရော အချဉ်ရည်လေးစမ်း ငရုတ်သီးမုန့်လေးထည့် တစ်ခါထဲနှယ်ခိုင်းပြီးစား ဟင်းရည်လေးနဲ့ ရှယ်ပဲ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့သိပ်ကောင်းပါတယ်။ ငါးရေ ခွံကြော်လေးတွေ တစ်ထုပ် ၁၀၀၀ တဲ့ ပါဆယ်ဆွဲခဲ့လို့လည်း ရပါသေးတယ်။

၂။ ထိုင်းမစ်ရှိတ်၊ ဖာလူဒါ

တစ်ခွက်မှ ၁၅၀၀ ထဲဖြစ်ပြီး ချိုအီပြစ်နှစ်နေအောင် ကောင်းပါတယ်။ တခြား အသ်ီးဖျော်ရည်တွေလည်း ရပါသေးတယ်။

၃။ တိုဟူးသုပ်၊ ပန်းဂျုံသုပ်၊ ရှမ်းထမင်းဝါ

ရှမ်းမချောချောလေးရောင်းတဲ့ ရှမ်းအစားအစာလေးတွေကလည်း တကယ်ကောင်းပါတ
ယ်။ တိုဟူးသုပ်အနှစ်ကရှယ်ပဲဆိုတော့ အရသာက အပိုအလိုမရှိ စားလို့ကောင်းနေတာပေါ့။ နောက်တစ်ခု ပန်းဂျုံသုပ် ဒါကတော့ ရှမ်းပြည်ကလူတွေ ပိုသိမယ်ထင်ပါတယ်။ ရှမ်းခေါက်ဆွဲလိုပဲ ပိုနုပြီး ပိုစားလို့ကောင်းတယ်။ ခြစ်ခြစ်ပြီး ခေါက်ဆွဲမျှင်လေးတွေ ုတ်ပီး သုပ်ပေးတာပါ။ အရမ်းစားလို့ကောင်းပါတယ်။

၄။ ပိန္နဲသီး

နောက်တစ်ခုက ဈေးချိုရောက်ရင်ကော diamond ရောက်ရင်ကော ယိုးဒယားပိန္နဲသီး အကြွပ်သီးတွေက စားလို့သိပ်ကောင်းသလို အနံ့လေးကလည်း မွှေးနေတာပါပဲ။ ဈေးတော့ နည်းနည်းများတယ်။ ၁၀မွှာကို အကြီး ၃၀၀၀ အသေး ၂၅၀၀ လောက်ကျပါတယ်။

၅။ မြန်မာမုန့်

ဈေးလည်းတန်သလို စားလို့လည်းသိပ်ကောင်းတဲ့ ထန်းသီးမုန့်ရယ် မုန့်ဆမ်းရယ် မုန့်ပဲဆုပ်ရယ်ကိုလည်း လူသိများပါတယ်။ အမြည်းတွေလည်း ကျွေးပါသေးတယ်။

၇။ အချဉ်ပေါင်း

ဒါကတော့ မိန်းကလေးတွေအကြိုက်ပေါ့ တစ်မြို့လုံးမှာရနေတဲ့အချဉ်ပေါင်းကို ဘာလို့ဈေးချိုမှာ ထပ်စားသင့်လည်းဆိုရင် အအီပြေအနေနဲ့ စားလို့ရပါ။ ၅၀၀ဖိုးဆို လုံလုံလောက်လောက်စားလို့ရပါတယ်။
ဇီးဖြူသီးထောင်းသုပ်ရယ် ဂွေးသီးသုပ်ရယ်က စားလို့ကောင်းမှကောင်းပဲ။ သင်္ဘောသီးထောင်းလည်း ရပါသေးတယ်။

၈။ ဖရုံရို၊ ပဲချောင်း

လည်ပတ်လို့လဲ ပြီးပြီ စားလို့သောက်လို့က်လည်း ဝပြီဆိုတော့ အိမ်အတွက် လက်ဆောင်ဝယ်ဖို့ပဲ ကျန်ပါတော့တယ်။ ၈၅ ၂၇ထောင့်ကိုထွက်ပြီး ဖရုံရိုရယ် ပဲချောင်းရယ် ဝယ်ခဲ့လို့ပါတယ်။၂၅ကျပ်သားကို ၈၀၀ကျပ်ပဲကြပါတယ်။

 


Read 648 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.