Wednesday, 08 January 2020 15:50

 

aut-Hanoi-street-food.jpg

မႏၱေလးၿမိဳ႕ကိုေရာက္ရင္ မျဖစ္မေနသြားေရာက္ စားသံုးၾကည့္သင့္တဲ့ လမ္းေဘးစားေသာက္ဆုိင္ တခ်ိဳ႕ကိုေဖာ္ျပေပးခ်င္ပါတယ္။ လမ္းေဘးဆိုင္ဆိုလို႔လဲ အထင္မေသးလုိက္ပါနဲ႔။ အရသာက ဆုိင္ႀကီးေတြထက္ေတာင္ လက္ရာေကာင္းပါေသးတယ္။ 

၁။ ေရႊျပည္မိုးလၻက္ရည္ဆိုင္

ဒီဆိုင္ေလးက ဆီဒိုးနားဟိုတယ္ရဲ႕ေဘးမွာရွိတာျဖစ္ၿပီး မႏၱေလးသားေတြအၾကား အင္မတန္ကို နာမည္ႀကီးတ့ဲ လၻက္ရည္ဆိုင္ပဲျဖစ္ပါတယ္။ အဲဒီဆုိင္မွာ သာမန္လၻက္ရည္ဆိုင္ေလး တစ္ဆိုင္မ်ိဳးမဟုတ္ပဲ တရုတ္ရိုးရာအစားအစာ၊ ရွမ္းရိုးရာအစားအစာအျပင္ မႏၱေလးစာေတြပါရရွိနုိင္တဲ့ ဆိုင္တစ္ဆိုင္ပဲျဖစ္ပါတယ္။ ဒီဆိုင္ရဲ႕နာမည္အႀကီးဆံုးအစားအစာကေတာ့ ရွမ္းေခါက္ဆြဲပဲျဖစ္ျပီး အရသာျမည္းစမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ လိပ္စာက ၆၆ လမ္း (၂၆ x ၂၇)ၾကား ပဲျဖစ္ပါတယ္။

၂။ ေရႊေတာင္တန္းေၾကးအိုး

တရုတ္ရိုးရာအစားအစာေတြကိုမွ သေဘာက်ႏွစ္ၿခိဳက္သူတစ္ဦးဆိုရင္ေတာ့ ေရႊေတာင္တန္းေၾကးအုိးဆိုင္ဟာ မျဖစ္မေနကိုသြားစားသင့္တဲ့ ဆိုင္တစ္ဆိုင္ပါပဲ။ ဒီဆိုင္မွာနာမည္အၾကီးဆုံးကေတာ့ ေၾကးအုိးပဲျဖစ္ျပီး တစ္ပြဲထဲနဲ႔ ေတာ္ေတာ္ဗိုက္ဆာေနတဲ့သူကိုေတာင္ ေကာင္းေကာင္းဗိုက္ျပည့္သြားေစနုိင္တဲ့အထိ အမ်ားႀကီးပါပါတယ္။ အသားတံုးေတြ၊ ငံုးဥေတြအျပည့္နဲ႔ ဒီဆိုင္ကေၾကးအိုးကို ျမည္းစမ္းခ်င္ပါတယ္ဆိုရင္ေတာ့ ၆၆ လမ္း၊ (၂၆ လမ္းနဲ႔ ၂၇ လမ္းၾကား) မွာ သြားေရာက္ျမည္းစမ္းၾကည့္နုိင္ပါတယ္။

၃။ ဆရာႀကီးမုန္႔ဟင္းခါး

ဒီမုန္႔ဟင္းခါးဟာဆိုရင္ ရန္ကုန္မွာစားေနက် မုန္႔ဟင္းခါးပံုစံမ်ိဳးမဟုတ္ပဲ ဟင္းရည္ပ်စ္ပ်စ္ကိုမွ မုန္႔ဖတ္မွ်င္မွ်င္ေလးေတြနဲ႔ အရမ္းစားလုိ႔ေကာင္းတဲ့ ဆိုင္ေလးပဲ ျဖစ္ပါတယ္။ ဒီဆိုင္ဟာ ဘယ္ေလာက္ေတာင္ေရာင္းေကာင္းသလဲဆိုရင္ စကၤာပူနုိင္ငံ၊ Panisular ပလာဇာမွာေတာင္ ဆိုင္ခြဲဖြင့္ထားပါတယ္။ ဆိုင္လိပ္စာကေတာ့ ၂၈ လမ္း (၇၀ နဲ႔ ၇၁ လမ္းၾကား) ပဲျဖစ္ပါတယ္။

 

Read More>>>ႏွစ္သစ္ကူးရံုးပိတ္ရက္ေလးမွာ ကိုရီးယားကားေလးၾကည့္ၿပီး ေတာ့ပုကီလုပ္စားၾကမယ္

၄။ တက္ေနဝန္းအကင္ဆိုင္

မႏၱေလးရဲ႕နာမည္ႀကီးအကင္ဆိုင္တစ္ဆိုင္ျဖစ္တဲ့ တက္ေနဝန္းအကင္ဆိုင္မွာဆိုရင္ အသားကင္ေပါင္းစံုအျပင္ အျခားေသာက္စရာေဖ်ာ္ရည္ေတြလဲ ရရွိနုိင္ပါတယ္။ နာမည္ၾကီးဆံုးကေတာ့ ငါးသံပုရာေပါင္းပဲျဖစ္ၿပီး ၿမိတ္ခ်ဥ္ေလးနဲ႔ ငါးကင္ေလးကို သာတြဲစားလိုက္ရလို႔ကေတာ့ လံုးဝကို နတ္သုဒၵါအရသာအတိုင္းပါပဲ။ ဆိုင္လိပ္စာကေတာ့ ၆၈ လမ္း ( ၃၄ လမ္းနဲ႔ ၃၅ လမ္းၾကား) ပဲျဖစ္ပါတယ္။

၅။ ေရႊရွမ္းဘူေဖး

ေရႊရွမ္းဘူေဖးဟာဆိုရင္ နာမည္နဲ႔လုိက္ေအာင္ ရွမ္းလူမ်ိဳးေတြပို္င္တဲ့ဆိုင္ျဖစ္ၿပီး ဒီဆိုင္မွာဆိုရင္ အင္မတန္ကိုမွ အရသာရွိလွျပီး အမယ္စံုလွတဲ့ ရွမ္းရိုးရာအစားအစာေတြကို ျမည္းစမ္းနုိင္မွာပဲျဖစ္ပါတယ္။ ဘူေဖးဆိုတဲ့အတိုင္း ကိုယ္စားခ်င္တာကို ကိုယ္တိုင္ေရြးယူႏိုင္ျပီး ဟင္းအမယ္ေတြကလဲ ၁၀ မ်ိဳးမကကိုရွိပါတယ္။ ေစ်းႏွုန္းကလဲတေယာက္စာမွ ၄ ေထာင္က်ပ္ပဲက်သင့္မွာျဖစ္ပါတယ္။ ဆိုင္လိပ္စာကေတာ့ ၈၄ လမ္း (၂၂ x ၂၃)ၾကား ပဲျဖစ္ပါတယ္။

၆။ တြတ္ပီဝက္သားဒုတ္ထုိး

ဒီဆိုင္ကေတာ့ ေထြေထြထူးထူးညႊန္စရာလုိမယ္ မထင္ပါဘူး။ ဒုတ္ထိုးဖန္တိုင္းသိၿပီးသားျဖစ္တဲ့ တြတ္ပီဒုတ္ထိုးဟာဆိုရင္ ဒုတ္ထိုးကမွေၾကာ္ထားတာ၊ ျပဳတ္ထားတာစသျဖင့္ အမ်ိဳးမ်ိဳးရွိျပီး အရသာကလဲ သူမတူေတာင္ထူးျခားလြန္းပါတယ္။ ဆိုင္လိပ္စာကေတာ့ ၃၃ လမ္း၊ ၈၄လမ္းနဲ႔၈၅လမ္းၾကားပဲျဖစ္ပါတယ္။


Ref; Mann YarZar Express

 

Unicode

မန္တလေးမြို့ကိုရောက်ရင် မဖြစ်မနေသွားရောက် စားသုံးကြည့်သင့်တဲ့ လမ်းဘေးစားသောက်ဆိုင် တချို့ကိုဖော်ပြပေးချင်ပါတယ်။ လမ်းဘေးဆိုင်ဆိုလို့လဲ အထင်မသေးလိုက်ပါနဲ့။ အရသာက ဆိုင်ကြီးတွေထက်တောင် လက်ရာကောင်းပါသေးတယ်။

၁။ ရွှေပြည်မိုးလ္ဘက်ရည်ဆိုင်

ဒီဆိုင်လေးက ဆီဒိုးနားဟိုတယ်ရဲ့ဘေးမှာရှိတာဖြစ်ပြီး မန္တလေးသားတွေအကြား အင်မတန်ကို နာမည်ကြီးတဲ့ လ္ဘက်ရည်ဆိုင်ပဲဖြစ်ပါတယ်။ အဲဒီဆိုင်မှာ သာမန်လ္ဘက်ရည်ဆိုင်လေး တစ်ဆိုင်မျိုးမဟုတ်ပဲ တရုတ်ရိုးရာအစားအစာ၊ ရှမ်းရိုးရာအစားအစာအပြင် မန္တလေးစာတွေပါရရှိနိုင်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့နာမည်အကြီးဆုံးအစားအစာကတော့ ရှမ်းခေါက်ဆွဲပဲဖြစ်ပြီး အရသာမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ လိပ်စာက ၆၆ လမ်း (၂၆ x ၂၇)ကြား ပဲဖြစ်ပါတယ်။

၂။ ရွှေတောင်တန်းကြေးအိုး

တရုတ်ရိုးရာအစားအစာတွေကိုမှ သဘောကျနှစ်ခြိုက်သူတစ်ဦးဆိုရင်တော့ ရွှေတောင်တန်းကြေးအိုးဆိုင်ဟာ မဖြစ်မနေကိုသွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါပဲ။ ဒီဆိုင်မှာနာမည်အကြီးဆုံးကတော့ ကြေးအိုးပဲဖြစ်ပြီး တစ်ပွဲထဲနဲ့ တော်တော်ဗိုက်ဆာနေတဲ့သူကိုတောင် ကောင်းကောင်းဗိုက်ပြည့်သွားစေနိုင်တဲ့အထိ အများကြီးပါပါတယ်။ အသားတုံးတွေ၊ ငုံးဥတွေအပြည့်နဲ့ ဒီဆိုင်ကကြေးအိုးကို မြည်းစမ်းချင်ပါတယ်ဆိုရင်တော့ ၆၆ လမ်း၊ (၂၆ လမ်းနဲ့ ၂၇ လမ်းကြား) မှာ သွားရောက်မြည်းစမ်းကြည့်နိုင်ပါတယ်။

၃။ ဆရာကြီးမုန့်ဟင်းခါး

ဒီမုန့်ဟင်းခါးဟာဆိုရင် ရန်ကုန်မှာစားနေကျ မုန့်ဟင်းခါးပုံစံမျိုးမဟုတ်ပဲ ဟင်းရည်ပျစ်ပျစ်ကိုမှ မုန့်ဖတ်မျှင်မျှင်လေးတွေနဲ့ အရမ်းစားလို့ကောင်းတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်ဟာ ဘယ်လောက်တောင်ရောင်းကောင်းသလဲဆိုရင် စင်္ကာပူနိုင်ငံ၊ Panisular ပလာဇာမှာတောင် ဆိုင်ခွဲဖွင့်ထားပါတယ်။ ဆိုင်လိပ်စာကတော့ ၂၈ လမ်း (၇၀ နဲ့ ၇၁ လမ်းကြား) ပဲဖြစ်ပါတယ်။

၄။ တက်နေဝန်းအကင်ဆိုင်

မန္တလေးရဲ့နာမည်ကြီးအကင်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ တက်နေဝန်းအကင်ဆိုင်မှာဆိုရင် အသားကင်ပေါင်းစုံအပြင် အခြားသောက်စရာဖျော်ရည်တွေလဲ ရရှိနိုင်ပါတယ်။ နာမည်ကြီးဆုံးကတော့ ငါးသံပုရာပေါင်းပဲဖြစ်ပြီး မြိတ်ချဉ်လေးနဲ့ ငါးကင်လေးကို သာတွဲစားလိုက်ရလို့ကတော့ လုံးဝကို နတ်သုဒ္ဒါအရသာအတိုင်းပါပဲ။ ဆိုင်လိပ်စာကတော့ ၆၈ လမ်း ( ၃၄ လမ်းနဲ့ ၃၅ လမ်းကြား) ပဲဖြစ်ပါတယ်။

၅။ ရွှေရှမ်းဘူဖေး

ရွှေရှမ်းဘူဖေးဟာဆိုရင် နာမည်နဲ့လိုက်အောင် ရှမ်းလူမျိုးတွေပိုင်တဲ့ဆိုင်ဖြစ်ပြီး ဒီဆိုင်မှာဆိုရင် အင်မတန်ကိုမှ အရသာရှိလှပြီး အမယ်စုံလှတဲ့ ရှမ်းရိုးရာအစားအစာတွေကို မြည်းစမ်းနိုင်မှာပဲဖြစ်ပါတယ်။ ဘူဖေးဆိုတဲ့အတိုင်း ကိုယ်စားချင်တာကို ကိုယ်တိုင်ရွေးယူနိုင်ပြီး ဟင်းအမယ်တွေကလဲ ၁၀ မျိုးမကကိုရှိပါတယ်။ ဈေးနှုန်းကလဲတယောက်စာမှ ၄ ထောင်ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ၈၄ လမ်း (၂၂ x ၂၃)ကြား ပဲဖြစ်ပါတယ်။

၆။ တွတ်ပီဝက်သားဒုတ်ထိုး

ဒီဆိုင်ကတော့ ထွေထွေထူးထူးညွှန်စရာလိုမယ် မထင်ပါဘူး။ ဒုတ်ထိုးဖန်တိုင်းသိပြီးသားဖြစ်တဲ့ တွတ်ပီဒုတ်ထိုးဟာဆိုရင် ဒုတ်ထိုးကမှကြော်ထားတာ၊ ပြုတ်ထားတာစသဖြင့် အမျိုးမျိုးရှိပြီး အရသာကလဲ သူမတူတောင်ထူးခြားလွန်းပါတယ်။ ဆိုင်လိပ်စာကတော့ ၃၃ လမ်း၊ ၈၄လမ်းနဲ့၈၅လမ်းကြားပဲဖြစ်ပါတယ်။


Ref; Mann YarZar Express

 


Read 614 times Last modified on Wednesday, 08 January 2020 17:04
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.