Thursday, 02 January 2020 13:32

nutritional_supplement.jpg

 

“ကၽြန္မကေလးကို ဘာေကၽြးရမလဲဆရာ”၊ “ဘယ္ေတာ့ႏုိ႔ျဖတ္ရမလဲ”၊ “ကေလးက ေကၽြးရခက္တယ္။ အဖက္ဆိုရင္ ေထြးထုတ္တာပဲ” စသည္တို႔က ေန႔စဥ္ၾကားေနရသည့္ ေမးခြန္းမ်ားျဖစ္သည္။

တစ္ဖန္ ကေလးကို “သံုးလကတည္းက ထမင္းခြံတယ္”၊ “အသားငါးေတြေတာ့ မေကၽြးရဲ႕ပါဘူး ဆရာရယ္။” စသည့္ ကေလးအာဟာရေကၽြးမႈႏွင့္ ပတ္သတ္ေသာ အယူအဆအမွားမ်ားကိုလည္း ေန႔စဥ္ၾကားေနရဆဲျဖစ္သည္။

ကေလးအာဟာရေကၽြးမႈႏွင့္ ပတ္သတ္၍ ကေလးဆရာဝန္မ်ား၊ အေထြေထြေရာဂါကုဆရာဝန္မ်ား၊ အာဟာရဆရာဝန္မ်ားက ပညာေပးေရးသားခဲ့သည္မွာ မ်ားျပားလွေပၿပီ။ သို႔ေသာ္ ျဖည့္စြက္အစာေကၽြးရာတြင္ မွန္ကန္စြာ လုပ္ေဆာင္ႏုိင္သူ မိဘမ်ားကား ရွားပါးေနဆဲျဖစ္ေသာေၾကာင့္ ဤစာကို ေရးျခင္းျဖစ္သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးမွ ထုတ္ျပန္ထားေသာ ျဖည့္စြက္အစာေကၽြးျခင္းဆုိင္ရာ မူ (၁၀) ခ်က္ကို ရွင္းျပခ်င္ပါသည္။

၁။ ျဖည့္စြက္အစာမ်ားကို ကေလးအသက္ ၆ လအရြယ္ေရာက္မွသာ စတင္ေကၽြးေမြးရပါမည္။ ေမြးစမွ ၆ လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းသာ တုိက္ရပါမည္။ ေရလည္း မတုိက္ရပါ။ ႏုိ႔ထဲတြင္ ေရပါၿပီးျဖစ္သည္။ မိခင္ႏို႔ကုိ ကေလးဆာတုိင္း တုိက္ေပးရပါမည္။ ျဖည့္စြက္အစာမ်ားကို ၆ လမွမစင တျဖည္းျဖည္းခ်င္းစီ အက်င့္လုပ္ေကၽြးရပါမည္။

၂။ မိခင္ႏို႔ကို အနည္းဆံုး ကေလးအသက္ ၂ ႏွစ္အထိ ဆက္တုိက္ရပါမည္။ ၂ ႏွစ္ေနာက္ပိုင္းတြင္လည္း ကေလးႏွင့္ မိခင္တို႔ ႀကိဳက္ႏွစ္သက္သေလာက္ ဆက္လက္တုိက္ေကၽြးႏုိင္ပါသည္။

၃။ ျဖည့္စြက္အစာေကၽြးရာတြင္ “ကေလးဆာမွ ေကၽြးေသာ အက်င့္ကို က်င့္သံုးပါ။” မိမိကေလး၏ ဆာေလာင္မႈႏွင့္ စားႏုိင္ႏႈန္းကို ခ်င့္ခ်ိန္ပါ။ တျဖည္းျဖည္းစီ စိတ္ရွည္လက္ရွည္ေကၽြးပါ။ ကေလးကို အားေပးေခ်ာ့ျမွဴေကၽြးေမြးပါ။ အတင္းအက်ပ္မေကၽြးပါႏွင့္ အရသာမ်ိဳးစံုရွိေသာ အစားအစာမ်ိဳးစံုကို စမ္းသပ္ေကၽြးေမြးပါ။ အစာေကၽြးေမြးခ်ိန္မ်ားသည္ ကေလးအတြက္ ေပ်ာ္ရႊင္ဖြယ္ရာ အခ်ိန္မ်ား ျဖစ္ပါေစ။

၄။ ျဖည့္စြက္စာမ်ား ျပင္ဆင္ရာႏွင့္ သိုေလွာင္သိမ္းဆည္းရာတြင္ အႏၱရာယ္ကင္းရန္ သတိျပဳပါ။ အစားအေသာက္ မျပင္ဆင္မီႏွင့္ မေကၽြးေမြးမီတြင္ သင္၏လက္ ကေလး၏လက္ႏွင့္ ပန္းကန္ခြက္ေယာက္တို႔ကို သန္႔ရွင္းစြာ ေဆးေၾကာပါ။ ခ်က္ျပဳတ္ၿပီးလွ်င္ၿပီးခ်င္း ေကၽြးေမြးႏုိင္လွ်င္ အေကာင္းဆံုးျဖစ္သည္။ ခ်က္ခ်င္း မေကၽြးျဖစ္ပါက ေရခဲေသတၱာတြင္ သိမ္းဆည္းႏုိင္ပါသည္။ ေရခဲေသတၱာမရွိပါက ၂ နာရီအတြင္း ေကၽြးေမြးပါ။ ေနာက္တစ္ႀကိမ္ ေကၽြးေမြးရာတြင္ ျပန္လည္၍ ေႏႊးသင့္ပါသည္။ ႏုိ႔ဘူးမ်ားသည္ ေဆးေၾကာရခက္သျဖင့္ ႏုိ႔ဘူးမ်ားကို အသံုးမျပဳသင့္ပါ။ 

၅။ ေကၽြးသည့္ပမာဏကို တျဖည္းျဖည္းခ်င္းစီတိုးပါ။ ၆ လအရြယ္ စတင္ေကၽြးခါစတြင္ အနညး္ငယ္သာေကၽြးပါ။ မိခင္ႏို႔ကို မၾကာခဏ တုိက္လ်က္ႏွင့္ပင္ ကေလးက ပုိမိုစားလိုပါက တျဖည္းျဖည္းခ်င္းစီ တိုး၍ ေကၽြးပါ။ ကေလးတစ္ေယာက္အတြက္ ျဖည့္စြက္အစာမွာ ခန္႔မွန္းေျခ တစ္ေန႔လွ်င္ ၆ လမွ ၈ လအထိတြင္ ၂၂၀ ကီလိုကယ္လိုရီ၊ ၉ လမွ ၁၁ လအထိတြင္ ၃၀၀ ကီလိုကယ္လိုရီႏွင့္ ၁ ႏွစ္မွ ၂ ႏွစ္အထိတြင္ ၅၅၀ ကီလိုကယ္လိုရီခန္႔ရရွိလွ်င္ လံုေလာက္ပါသည္။

၆။ ေကၽြးေမြးသည့္ ျဖည့္စြက္အစာ၏ အမ်ိဳးအစားႏွင့္ အေပ်ာ့အမာကုိ ကေလး၏ အႀကိဳက္ကုိလိုက္၍ ေျပာင္းလဲေပးပါ။ စတင္ေကၽြးစတြင္ အစာေပ်ာ့မ်ားကိုသာ ေကၽြးရမည္ျဖစ္ေသာ္လည္း ကေလးမ်ားသည္ “ဝါးစားျခင္းအတတ္” ကို အလြယ္တကူ တတ္ကၽြမ္းတတ္ပါသည္။ ၈ လအရြယ္ ကေလးမ်ားသည္ မိမိတို႔လက္ထဲ တည့္ေပးသည့္ အစားအစာကို ကိုင္၍ စားႏုိင္ၾကပါသည္။ ၁ ႏွစ္အရြယ္တြင္မူ မိသားစုထမင္းဝိုင္းမွ အစားအစာအမ်ားစုကို စားႏုိင္ႀကပါၿပီ။ လုိအပ္လွ်င္ ေပ်ာ့ေအာင္၊ အတံုးေသးေသးမ်ားျဖစ္ေအာင္ လုပ္ေပးရပါမည္။ သတိထားရန္မွာ မိသားစုထမင္းဝိုင္းမွ အာဟာရအျပည့္ဝဆံုး အေကာင္းဆံုး အစားအစာမ်ားကို ကေလးမ်ားအာ ဦးစားေပးေကၽြးေမြးရန္ ျဖစ္ပါသည္။

၇။ အသက္ရလာသည္ႏွင့္ ေကၽြးေမြးသည့္ ပမာဏႏွင့္ အႀကိမ္ကို တိုးရပါမည္။ ၆ လမွ ၈ လအထိ တစ္ေန႔ ႏွစ္ႀကိမ္မွ သံုးႀကိမ္၊ ၉ လမွ ၂ ႏွစ္အထိ တစ္ေန႔ ၃ ႀကိမ္မွ ၄ ႀကိမ္အထိ ေကၽြးေမြးရပါမည္။ ၎အျပင္ အာဟာရျပည့္ဝေသာ သေရစာမ်ားကိုလည္း ကေလးေတာင္းလွ်င္ တစ္ေန႔တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထပ္မ့ေကၽြးရပါမည္။ မိခင္ႏုိ႔ကိုလည္း ဆက္တုိက္ရပါမည္။

၈။ အာဟာရျပည့္ဝေသာ အစားအေသာက္မ်ိဳးစံုကို ေကၽြးေမြးရပါမည္။ အသား၊ ငါး၊ ဥမ်ားကို ေန႔စဥ္ သို႔မဟုတ္ တတ္ႏုိင္သမွ် မၾကာခဏ ေကၽြးေမြးရပါမည္။ ပဲအမ်ိဳးမ်ိဳး၊ ပဲႏွပ္၊ ေျမပဲ၊ ယို၊ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားကိုလည္း ေကၽြးေမြးရပါမည္။ အထူးသျဖင့္ အသား၊ ငါး၊ ဥမ်ားကို မေကၽြးျဖင့္လွ်င္ အထက္ပါ အစားအစာမ်ားကို ပိုမိုေကၽြးေမြးရပါမည္။ အေရာင္ရွိေသာ အသီးအႏွံႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ေန႔စဥ္ေကၽြးရပါမည္။ ထမင္းခ်ည္းမေကၽြးသင့္ပါ။ ဟင္းပါထည့္၍ ေကၽြးရန္ လုိအပ္ပါသည္။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ေရေႏြးၾကမ္း၊ လက္ဖက္၊ အခ်ိဳရည္၊ ဆိုဒါပါေသာ အေအး စသည္တို႔ကို တုိက္ေကၽြးျခင္း မျပဳပါႏွင့္။ ေရဆာလွ်င္ မိခင္ႏို႔ သို႔မဟုတ္ သန္႔ရွင္းေသာ ေသာက္ေရကိုသာ ေသာက္ပါေစ။

၉။ ေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးသည့္ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား လံုေလာက္စြာ ရရွိေစ၇န္ အသား၊ ငါး၊ အသီးအႏွံ၊ ဟင္းသီးဟင္းရြက္၊ စံုလင္ေအာင္ ေကၽြးပါ။ သက္သတ္လြတ္စားေသာ မိသားစုမ်ားတြင္ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားပါေသာ အားေဆးမ်ား ေသာက္သံုးရန္ လိုအပ္ပါသည္။ အျခားမိခင္ႏွင့္ ကေလးမ်ားတြင္လည္း ဗီတာမင္ႏွင့္ သတၱဳဓာတ္ပါေသာ အားေဆးမ်ား တုိက္ေကၽြးသင့္ပါသည္။

၁၀ ကေလးေနမေကာင္းလွ်င္ အစာျဖတ္မထားရပါ။ မိခင္ႏို႔ကို ပုိတိုက္ရပါမည္။ အရည္မ်ားမ်ားတုိက္ရန္ႏွင့္ ကေလးႀကိဳက္ႏွစ္သက္ေသာ အစာအာဟာရမ်ားကို ပိုမိုေကၽြးရန္ လိုအပ္ပါသည္။ နာလန္ထၿပီး ၂ ပတ္တိတိ အစာပို၍ ေကၽြးပါ။

Source : ေမ့ရင္ေသြး မဂၢဇင္း

## Unicode ##

 

ကလေးအတွက် လိုအပ်တဲ့ အာဟာပြည့်ဝသော ဖြည့်စွက်စာကို ဘယ်လို ကျွေးမလဲ

“ကျွန်မကလေးကို ဘာကျွေးရမလဲဆရာ”၊ “ဘယ်တော့နို့ဖြတ်ရမလဲ”၊ “ကလေးက ကျွေးရခက်တယ်။ အဖက်ဆိုရင် ထွေးထုတ်တာပဲ” စသည်တို့က နေ့စဉ်ကြားနေရသည့် မေးခွန်းများဖြစ်သည်။

တစ်ဖန် ကလေးကို “သုံးလကတည်းက ထမင်းခွံတယ်”၊ “အသားငါးတွေတော့ မကျွေးရဲ့ပါဘူး ဆရာရယ်။” စသည့် ကလေးအာဟာရကျွေးမှုနှင့် ပတ်သတ်သော အယူအဆအမှားများကိုလည်း နေ့စဉ်ကြားနေရဆဲဖြစ်သည်။

ကလေးအာဟာရကျွေးမှုနှင့် ပတ်သတ်၍ ကလေးဆရာဝန်များ၊ အထွေထွေရောဂါကုဆရာဝန်များ၊ အာဟာရဆရာဝန်များက ပညာပေးရေးသားခဲ့သည်မှာ များပြားလှပေပြီ။ သို့သော် ဖြည့်စွက်အစာကျွေးရာတွင် မှန်ကန်စွာ လုပ်ဆောင်နိုင်သူ မိဘများကား ရှားပါးနေဆဲဖြစ်သောကြောင့် ဤစာကို ရေးခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော ဖြည့်စွက်အစာကျွေးခြင်းဆိုင်ရာ မူ (၁၀) ချက်ကို ရှင်းပြချင်ပါသည်။

၁။ ဖြည့်စွက်အစာများကို ကလေးအသက် ၆ လအရွယ်ရောက်မှသာ စတင်ကျွေးမွေးရပါမည်။ မွေးစမှ ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ရပါမည်။ ရေလည်း မတိုက်ရပါ။ နို့ထဲတွင် ရေပါပြီးဖြစ်သည်။ မိခင်နို့ကို ကလေးဆာတိုင်း တိုက်ပေးရပါမည်။ ဖြည့်စွက်အစာများကို ၆ လမှမစင တဖြည်းဖြည်းချင်းစီ အကျင့်လုပ်ကျွေးရပါမည်။

၂။ မိခင်နို့ကို အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ ဆက်တိုက်ရပါမည်။ ၂ နှစ်နောက်ပိုင်းတွင်လည်း ကလေးနှင့် မိခင်တို့ ကြိုက်နှစ်သက်သလောက် ဆက်လက်တိုက်ကျွေးနိုင်ပါသည်။

၃။ ဖြည့်စွက်အစာကျွေးရာတွင် “ကလေးဆာမှ ကျွေးသော အကျင့်ကို ကျင့်သုံးပါ။” မိမိကလေး၏ ဆာလောင်မှုနှင့် စားနိုင်နှုန်းကို ချင့်ချိန်ပါ။ တဖြည်းဖြည်းစီ စိတ်ရှည်လက်ရှည်ကျွေးပါ။ ကလေးကို အားပေးချော့မြှူကျွေးမွေးပါ။ အတင်းအကျပ်မကျွေးပါနှင့် အရသာမျိုးစုံရှိသော အစားအစာမျိုးစုံကို စမ်းသပ်ကျွေးမွေးပါ။ အစာကျွေးမွေးချိန်များသည် ကလေးအတွက် ပျော်ရွှင်ဖွယ်ရာ အချိန်များ ဖြစ်ပါစေ။

၄။ ဖြည့်စွက်စာများ ပြင်ဆင်ရာနှင့် သိုလှောင်သိမ်းဆည်းရာတွင် အန္တရာယ်ကင်းရန် သတိပြုပါ။ အစားအသောက် မပြင်ဆင်မီနှင့် မကျွေးမွေးမီတွင် သင်၏လက် ကလေး၏လက်နှင့် ပန်းကန်ခွက်ယောက်တို့ကို သန့်ရှင်းစွာ ဆေးကြောပါ။ ချက်ပြုတ်ပြီးလျှင်ပြီးချင်း ကျွေးမွေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ချက်ချင်း မကျွေးဖြစ်ပါက ရေခဲသေတ္တာတွင် သိမ်းဆည်းနိုင်ပါသည်။ ရေခဲသေတ္တာမရှိပါက ၂ နာရီအတွင်း ကျွေးမွေးပါ။ နောက်တစ်ကြိမ် ကျွေးမွေးရာတွင် ပြန်လည်၍ နွှေးသင့်ပါသည်။ နို့ဘူးများသည် ဆေးကြောရခက်သဖြင့် နို့ဘူးများကို အသုံးမပြုသင့်ပါ။

၅။ ကျွေးသည့်ပမာဏကို တဖြည်းဖြည်းချင်းစီတိုးပါ။ ၆ လအရွယ် စတင်ကျွေးခါစတွင် အနည်းငယ်သာကျွေးပါ။ မိခင်နို့ကို မကြာခဏ တိုက်လျက်နှင့်ပင် ကလေးက ပိုမိုစားလိုပါက တဖြည်းဖြည်းချင်းစီ တိုး၍ ကျွေးပါ။ ကလေးတစ်ယောက်အတွက် ဖြည့်စွက်အစာမှာ ခန့်မှန်းခြေ တစ်နေ့လျှင် ၆ လမှ ၈ လအထိတွင် ၂၂၀ ကီလိုကယ်လိုရီ၊ ၉ လမှ ၁၁ လအထိတွင် ၃၀၀ ကီလိုကယ်လိုရီနှင့် ၁ နှစ်မှ ၂ နှစ်အထိတွင် ၅၅၀ ကီလိုကယ်လိုရီခန့်ရရှိလျှင် လုံလောက်ပါသည်။

၆။ ကျွေးမွေးသည့် ဖြည့်စွက်အစာ၏ အမျိုးအစားနှင့် အပျော့အမာကို ကလေး၏ အကြိုက်ကိုလိုက်၍ ပြောင်းလဲပေးပါ။ စတင်ကျွေးစတွင် အစာပျော့များကိုသာ ကျွေးရမည်ဖြစ်သော်လည်း ကလေးများသည် “ဝါးစားခြင်းအတတ်” ကို အလွယ်တကူ တတ်ကျွမ်းတတ်ပါသည်။ ၈ လအရွယ် ကလေးများသည် မိမိတို့လက်ထဲ တည့်ပေးသည့် အစားအစာကို ကိုင်၍ စားနိုင်ကြပါသည်။ ၁ နှစ်အရွယ်တွင်မူ မိသားစုထမင်းဝိုင်းမှ အစားအစာအများစုကို စားနိုင်ကြပါပြီ။ လိုအပ်လျှင် ပျော့အောင်၊ အတုံးသေးသေးများဖြစ်အောင် လုပ်ပေးရပါမည်။ သတိထားရန်မှာ မိသားစုထမင်းဝိုင်းမှ အာဟာရအပြည့်ဝဆုံး အကောင်းဆုံး အစားအစာများကို ကလေးများအာ ဦးစားပေးကျွေးမွေးရန် ဖြစ်ပါသည်။

၇။ အသက်ရလာသည်နှင့် ကျွေးမွေးသည့် ပမာဏနှင့် အကြိမ်ကို တိုးရပါမည်။ ၆ လမှ ၈ လအထိ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်၊ ၉ လမှ ၂ နှစ်အထိ တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်အထိ ကျွေးမွေးရပါမည်။ ၎င်းအပြင် အာဟာရပြည့်ဝသော သရေစာများကိုလည်း ကလေးတောင်းလျှင် တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ် ထပ်မ့ကျွေးရပါမည်။ မိခင်နို့ကိုလည်း ဆက်တိုက်ရပါမည်။

၈။ အာဟာရပြည့်ဝသော အစားအသောက်မျိုးစုံကို ကျွေးမွေးရပါမည်။ အသား၊ ငါး၊ ဥများကို နေ့စဉ် သို့မဟုတ် တတ်နိုင်သမျှ မကြာခဏ ကျွေးမွေးရပါမည်။ ပဲအမျိုးမျိုး၊ ပဲနှပ်၊ မြေပဲ၊ ယို၊ နို့နှင့် နို့ထွက်ပစ္စည်းများကိုလည်း ကျွေးမွေးရပါမည်။ အထူးသဖြင့် အသား၊ ငါး၊ ဥများကို မကျွေးဖြင့်လျှင် အထက်ပါ အစားအစာများကို ပိုမိုကျွေးမွေးရပါမည်။ အရောင်ရှိသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်ကျွေးရပါမည်။ ထမင်းချည်းမကျွေးသင့်ပါ။ ဟင်းပါထည့်၍ ကျွေးရန် လိုအပ်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်၊ အချိုရည်၊ ဆိုဒါပါသော အအေး စသည်တို့ကို တိုက်ကျွေးခြင်း မပြုပါနှင့်။ ရေဆာလျှင် မိခင်နို့ သို့မဟုတ် သန့်ရှင်းသော သောက်ရေကိုသာ သောက်ပါစေ။

၉။ ရောဂါမဖြစ်အောင် ကာကွယ်ပေးသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာ ရရှိစေရန် အသား၊ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ စုံလင်အောင် ကျွေးပါ။ သက်သတ်လွတ်စားသော မိသားစုများတွင် ဗီတာမင်နှင့် သတ္တုဓာတ်များပါသော အားဆေးများ သောက်သုံးရန် လိုအပ်ပါသည်။ အခြားမိခင်နှင့် ကလေးများတွင်လည်း ဗီတာမင်နှင့် သတ္တုဓာတ်ပါသော အားဆေးများ တိုက်ကျွေးသင့်ပါသည်။

၁၀ ကလေးနေမကောင်းလျှင် အစာဖြတ်မထားရပါ။ မိခင်နို့ကို ပိုတိုက်ရပါမည်။ အရည်များများတိုက်ရန်နှင့် ကလေးကြိုက်နှစ်သက်သော အစာအာဟာရများကို ပိုမိုကျွေးရန် လိုအပ်ပါသည်။ နာလန်ထပြီး ၂ ပတ်တိတိ အစာပို၍ ကျွေးပါ။

Source : မေ့ရင်သွေး မဂ္ဂဇင်း


Read 649 times Last modified on Thursday, 02 January 2020 13:39
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.