Tuesday, 24 December 2019 18:08

ice_cream.jpg

 

လူေတာ္ေတာ္မ်ားမ်ားက ႏွစ္သက္စားသုံးၾကၿပီး အရသာမ်ိဳးစုံ၊ အေရာင္အေသြးမ်ိဳးစုံရွိတဲ့ ေရခဲမုန႔္မွာ က်န္းမာေရးကို အက်ိဳးျပဳတဲ့ အာဟာရဓါတ္ေတြလည္း အမ်ားဆုံး ရွိပါတယ္။

ခႏၶာကိုယ္မွာ ျဖစ္တတ္တဲ့ ေသြးခဲျခင္း၊ ေသြးပ်စ္ျခင္းေတြကို ေရခဲမုန႔္မွာ ပါဝင္တဲ့ ဗီတာမင္ေကက ကာကြယ္တားဆီးေပးပါတယ္။

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ကာဗိုလ္ဟိုက္ၿဒိဳက္ေတြကိုလည္း ေရခဲမုန႔္က ေပးစြမ္းႏိုင္တဲ့အျပင္ ခႏၶာကိုယ္ က်န္းမာေစဖို႔အတြက္ စြမ္းအင္ေတြ ေပးစြမ္းႏိုင္ပါတယ္။

ေရခဲမုန႔္မွာ ကယ္လ္စီယမ္ဓါတ္ ပါဝင္ျခင္းဟာ အ႐ိုးေတြကို သန္မာေစၿပီး သတၱဳဓါတ္ပါဝင္ျခင္းကေတာ့ ေက်ာက္ကပ္ေရာဂါ ျဖစ္ပြားမႈကို ေလ်ာ့က်ေစပါတယ္။

ေရခဲမုန႔္ကို နံနက္ခင္း စားသုံးျခင္းဟာ ဦးေႏွာက္ဉာဏ္ရည္ ဖြံ႕ၿဖိဳးေစဖို႔ အေထာက္အကူျပဳတယ္လို႔ ဂ်ပန္ႏိုင္ငံမွ သုေတသီေတြက ဆိုထားပါတယ္။ ေတြးေခၚႏိုင္စြမ္းကို ပိုမိုေကာင္းမြန္ေစၿပီး စိတ္ၾကည္လင္ လန္းဆန္းမႈကို ေပးစြမ္းႏိုင္ပါတယ္။

ေရခဲမုန႔္မွာ ကယ္စီယမ္ဓါတ္ ပါဝင္ျခင္းဟာ အူမႀကီးကင္ဆာ ျဖစ္ပြားမႈကို ေလ်ာ့က်ေစပါတယ္။ ႏို႔နဲ႔ျပဳလုပ္ထားတဲ့ ေရခဲမုန႔္ေတြဟာ က်န္းမာေရးကို ပိုမိုအေထာက္အကူျပဳေၾကာင္း သုေတသီေတြက ဆိုထားပါတယ္။

ဒါေပမယ့္ ေရခဲမုန႔္မွာ သၾကားေတြ၊ ခရင္မ္ေတြ အမ်ားႀကီးပါတာေၾကာင့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ဝိတ္တက္မ်ားစိုးလို႔ ေရခဲမုန႔္စားျခင္းေတြကိုေရွာင္ၾကပါတယ္။ 

ဝိတ္ေလ်ာ့ေနသူမ်ားအတြက္ သူမ်ားေတြစားသလို ေရခဲမုန႔္ေလးကို  အရသာရွိရွိ စားႏိုင္ေစရန္အတြက္ ဝိတ္တက္မွာလည္း ပူစရာမလို က်န္းမာေရးနဲ႔လည္း ညီၫြတ္တဲ့ ေရခဲမုန႔္လုပ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းေတြကေတာ့

– သီးေမႊးငွက္ေပ်ာသီး ၃ လုံး

(ေရခဲေသတၱာ ေရခဲတဲ့ အကန႔္ထဲမွာ ခဲထားဖို႔လိုပါတယ္)

– အဆီမပါတဲ့ ႏြားႏို႔ တစ္ခြက္ (သို႔) ပဲႏို႔

– အခ်ိဳမပါ ဒိန္ခ်ဥ္တစ္ခြက္

– ပ်ားရည္ သင့္ေတာ္တဲ့ ပမာဏ ( အခ်ိဳႀကိဳက္ရင္ ပိုထည့္ႏိုင္ပါတယ္)

– ေခ်ာကလက္မႈန႔္

– dark chocolate တစ္ေတာင့္

ပါဝင္ပစၥည္းေတြ အားလုံးကို ေဖ်ာ္ရည္ေဖ်ာ္စက္ထဲ ထည့္ေမႊပါ။ ၿပီးရင္ ေလးေထာင့္ခြက္ထဲထည့္ၿပီး ေရခဲေသတၱာခဲတဲ့ အကန္မွာ ၄ – ၆ နာရီခဲထားၿပီးရင္ အရသာလဲေကာင္းၿပီး စားၿပီးရင္လဲ ေနာင္တရစရာမလိုတဲ့ ေခ်ာကလက္ေရခဲမုန႔္ကို ရပါၿပီ။

ပုံမွန္ေရခဲမုန္မွာပါတဲ့ အဆီတက္ေစတဲ့ Whipping Cream ေတြ၊ သၾကားေတြအစား ငွက္ေပ်ာသီးကို သုံးထားလို႔ က်န္းမာေရးနဲ႔ အရမ္းညီၫြတ္ပါတယ္။ Dark Chocolate ကို သုံးထားလို႔ အသားေရလဲ လွတယ္ အ႐ြယ္တင္ႏုပ်ိဳေစပါတယ္။

Ref: Momolay: Ondoctor

Khin Soe Paing (My Mandalay)

 

 #Unicode #

 

Diet လုပ်နေတဲ့သူတွေအတွက် စားလို့ရတဲ့ ဝိတ်လုံးဝမတက်စေတဲ့ ရေခဲမုန့်လုပ်နည်း

လူတော်တော်များများက နှစ်သက်စားသုံးကြပြီး အရသာမျိုးစုံ၊ အရောင်အသွေးမျိုးစုံရှိတဲ့ ရေခဲမုန့်မှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အာဟာရဓါတ်တွေလည်း အများဆုံး ရှိပါတယ်။

ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ သွေးခဲခြင်း၊ သွေးပျစ်ခြင်းတွေကို ရေခဲမုန့်မှာ ပါဝင်တဲ့ ဗီတာမင်ကေက ကာကွယ်တားဆီးပေးပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေကိုလည်း ရေခဲမုန့်က ပေးစွမ်းနိုင်တဲ့အပြင် ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်ပါတယ်။

ရေခဲမုန့်မှာ ကယ်လ်စီယမ်ဓါတ် ပါဝင်ခြင်းဟာ အရိုးတွေကို သန်မာစေပြီး သတ္တုဓါတ်ပါဝင်ခြင်းကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

ရေခဲမုန့်ကို နံနက်ခင်း စားသုံးခြင်းဟာ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုတယ်လို့ ဂျပန်နိုင်ငံမှ သုတေသီတွေက ဆိုထားပါတယ်။ တွေးခေါ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး စိတ်ကြည်လင် လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။

ရေခဲမုန့်မှာ ကယ်စီယမ်ဓါတ် ပါဝင်ခြင်းဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ နို့နဲ့ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေဟာ ကျန်းမာရေးကို ပိုမိုအထောက်အကူပြုကြောင်း သုတေသီတွေက ဆိုထားပါတယ်။

ဒါပေမယ့် ရေခဲမုန့်မှာ သကြားတွေ၊ ခရင်မ်တွေ အများကြီးပါတာကြောင့် မိန်းကလေးတော်တော်များများဟာ ဝိတ်တက်များစိုးလို့ ရေခဲမုန့်စားခြင်းတွေကိုရှောင်ကြပါတယ်။

ဝိတ်လျော့နေသူများအတွက် သူများတွေစားသလို ရေခဲမုန့်လေးကို အရသာရှိရှိ စားနိုင်စေရန်အတွက် ဝိတ်တက်မှာလည်း ပူစရာမလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ရေခဲမုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

– သီးမွှေးငှက်ပျောသီး ၃ လုံး

(ရေခဲသေတ္တာ ရေခဲတဲ့ အကန့်ထဲမှာ ခဲထားဖို့လိုပါတယ်)

– အဆီမပါတဲ့ နွားနို့ တစ်ခွက် (သို့) ပဲနို့

– အချိုမပါ ဒိန်ချဉ်တစ်ခွက်

– ပျားရည် သင့်တော်တဲ့ ပမာဏ ( အချိုကြိုက်ရင် ပိုထည့်နိုင်ပါတယ်)

– ချောကလက်မှုန့်

– dark chocolate တစ်တောင့်

ပါဝင်ပစ္စည်းတွေ အားလုံးကို ဖျော်ရည်ဖျော်စက်ထဲ ထည့်မွှေပါ။ ပြီးရင် လေးထောင့်ခွက်ထဲထည့်ပြီး ရေခဲသေတ္တာခဲတဲ့ အကန်မှာ ၄ – ၆ နာရီခဲထားပြီးရင် အရသာလဲကောင်းပြီး စားပြီးရင်လဲ နောင်တရစရာမလိုတဲ့ ချောကလက်ရေခဲမုန့်ကို ရပါပြီ။

ပုံမှန်ရေခဲမုန်မှာပါတဲ့ အဆီတက်စေတဲ့ Whipping Cream တွေ၊ သကြားတွေအစား ငှက်ပျောသီးကို သုံးထားလို့ ကျန်းမာရေးနဲ့ အရမ်းညီညွတ်ပါတယ်။ Dark Chocolate ကို သုံးထားလို့ အသားရေလဲ လှတယ် အရွယ်တင်နုပျိုစေပါတယ်။

Ref: Momolay: Ondoctor
Khin Soe Paing (My Mandalay)


Read 1087 times
Rate :
(4 votes)

Related items

  • ေႏြရာသီမွာ စားသံုးဖုိ႔အသင့္ေတာ္ဆံုး ေရႊရင္ေအးမုန္႔လက္ေဆာင္း ျပဳလုပ္နည္း

    IMG_4284_1.jpg

     

    ရာသီဥတုက အရမ္းကိုပူလာတာဆုိေတာ့ အစားအသောက္အတြက္ ရင္ေအးေစမယ့္ အစားအစာေလးေတြကိုပဲ စားခ်င္စိတ္ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ အရမ္းပူတဲ့အခါ စားသံုးဖို႔ အသင့္ေတာ္ဆံုးျဖစ္တဲ့ မုန္႔လက္ေဆာင္းလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါယ္။ ထန္းလ်က္နဲ႕ပဲျဖစ္ျဖစ္ အုန္းနို႔နဲ႕ပဲျဖစ္ျဖစ္ ကိုယ္ႀကိဳက္ႏွစ္သက္ရာကို အဆင္ေျပသလို စားသုံးနိုင္ပါတယ္။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.