Friday, 13 December 2019 17:27

shutterstock-694624951.jpg

 

အများစုက အိမ်မှာမကုန်ဘဲ ကျန်နေတဲ့အစားအစာတွေကို ရေခဲသေတ္တာထဲထည့်ပြီး နောက်တနေ့မနက်မှာ ပြန်နွှေးပြီးစားတတ်ကြပါတယ်။ ဒါဟာ ချွေတာရာရောက်ပေမယ့် တကယ့်တော့ ကျန်းမာရေးကို အရမ်းထိခိုက်စေပါတယ်။ အဲထဲမှာမှ လုံးဝပြန်နွေးစားဖို့မသင့်တော်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သား

ကြက်ဥနဲ ကြက်သားတွေကို လုံးဝပြန်နွှေးမစားသင့်ပါဘူး။ ဘာလို့ဆို တချို့အသားအစိတ်အပိုင်းတွေကို ပြန်နွှေးတဲ့အခါ နွှေးတဲ့အပူချိန်ပေါ်မူတည်ပြီး အစိတ်အပိုင်းတချို့က လိုတာထက်ပိုကျက်သွားနိုင်လို့ပါ။ ကြက်သားတွေပြန်နွှေးတဲ့အခါ အသားစိမ်းတွေထက် Protein ပါဝင်မှုပိုများတာမို့ လိုအပ်တာထက်ပိုတဲ့ပမာဏက အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်။

(၂) ထမင်း

ထမင်းဟာလည်း ဆန်အနေနဲ့သီးသန့်ထက် ထမင်းအဖြစ်ချက်လိုက်တဲ့အခါ ပြန်နွှေးစားရင် ထမင်းထဲက Spore လေးတွေက ၂ဆပွားသွားပြီး အန်တာတွေ၊ အစာမကြေတာတွေ စတဲ့ အန္တရာယ်တွေဖြစ်နိုင်ပါတယ်။

Read More>>>ဆောင်းရာသီမှာ ခြေဖနောင့်မကွဲအောင် ဘယ်လိုကာကွယ်မလဲ?

(၃) မှို

မှိုတွေမှာ Enzymes တွေကို အလွယ်တကူဖျက်စီးတတ်တဲ့ Protein ဓါတ်တွေပါပါတယ်။ ချက်ထားတဲ့ မှိုတွေကိုသေချာသာ မသိမ်းရင် ပိုအခြေနေဆိုးရွားပြီး အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ၂၄နာရီထက်မကျော်ဘဲ သိမ်းထားမယ်ဆိုရင်တော့ ပြန်အပူပေးတာက ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။

(၄) ဟင်းနုနွယ်ရွက်နဲ့ တခြားအစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်တွေမှာ Nitrate ပါဝင်မှုများတာမို့ Nitrate ဟာသူကိုယ်တိုင်အနေနဲ့ အန္တရာယ်ဖြစ်မှုနည်းပါးရင်တောင် ကြော်ချက်ပြီးသားအရွက်တွေကို ပြန်နွှေးစားတဲ့အခါ Nitrites နဲ့ Nitrosamines တွေအဖြစ်ပြောင်းနိုင်ပါတယ်။ အဲ့ဓါတ်တွေက ကင်ဆာကိုအားပေးတာမို့ အတတ်နိုင်ဆုံးပြန်နွှေးစားချင်းကို ရှောင်သင့်ပါတယ်။

ဒီလောက်ဆို နှမြောစာတွေထဲကမှ ကျန်းမာရေးထိခိုက်စေမယ့် ဒီအစားအစာတွေကိုတော့ အထူးသတိပြုသင့်ပါတယ်နော်။

Source; Akhayar


Read 731 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.