Saturday, 30 November 2019 10:50

33040856_432430503835723_3771988988294856704_n_1.jpg

အားလပ်ရက်ပိတ်ရက်တွေအိမ်မှာ စားစရာတစ်ခုခုလုပ်စားတဲ့အခါ ဆော့အချဉ်လေးတွေလည်း လိုအပ်တတ်ပါတယ်။ ဒါကြောင့် ဆော့အချဉ်လုပ်နည်း (၆)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ထိုင်း​ဆော့ ထိုင်းအကင်​၊ ဝက်​ဂုတ်​သားကင်​​တွေမှာ များ​သောအားဖြင့်​ တွဲစားတဲ့ ​ဆော့

Image may contain: food

ထန်းလျက်၊​ ငါးငံပြာရည်​၊ ပဲငံပြာရည်​၊ သကြား၊ ကြက်​သွန်​ဖြူ​၊ ​နံနံပင်​မြစ်​၊ ​ထောင်းပါ၊ ကြိုပါ၊ ဆန်​​လှော်​မုန်၊့​ ကြက်​သွန်​နီ ငြုတ်​ကြမ်းမုန့်​ ၊ နံနံပင်​ ထည့်​ရုံပါပဲ။


၂။ ငါးကင်​ ပုဇွန်​ Seafood ကင်​​တွေမှာ တွဲစားတဲ့ ​ဆော့

Image may contain: food

ငြုတ်​သီးစိမ်းကို အိ​နေ​အောင်​ ပြုတ်​ပြီး ကြက်​သွန်​ဖြူ၊ ဂျင်း၊ ထန်းလျက်​ ​​ထောင်းပါ။ ဆား၊ သကြား၊ သံပုရာသီး ညှစ်​ရုံပါပဲ။


၃။ မြေပဲ​ဆော့ အစပ်

Image may contain: food

ခု​နောက်​ပိုင်း ဝက်​သားတုတ်​ထိုးဆိုင်​ ​တော်​​တော်​များများသုံးကြပါတယ်​။ ​တောင်​ကြီး​နေတုန်းက သင်​ခဲ့ရတာ​လေး​ပေါ့။ တို့ဖူး​ကြော်​နဲ့ စားကောင်းပါ့။ ငြုတ်​နီ​တောင်၊့​ ထန်းလျက်​၊ ဂျင်း၊ ကြက်​သွန်​ဖြူ၊ ​မြေပဲနှမ်း
ထောင်းပါ။ မန်​ကျည်းချဉ်​၊ ဆား၊ သကြားနဲ့ ​မွှေလိုက်​ရင်​ ရပါပြီ။

Read More>>>ပင်လယ်စာဂုံးချဉ်စပ်လုပ်စားဖို့ ဘာတွေလိုအပ်လဲ


၎။ မြန်​မာ အ​ကြော်​စုံ​တွေမှာ စား​လေ့ရှိတဲ့အချဉ်

Image may contain: food

ဗူးသီး​ကြော်​နဲ့စားရင်​ ​ကောင်းမှ​ကောင်းပဲ ထန်းလျက်​၊ ဂျင်း၊ ကြက်​သွန်​ဖြူ၊ ငြုတ်​သီး​ထောင်းပါ။ မန်​ကျည်းရည်​။၊ ငြုတ်​ကြမ်း၊ ဆား၊ သကြား၊ နံနံပင်​ ​ရော​မွှေရင်​ ရပါပြီ။


၅။ ဖက်​ထုတ်​​ကြော်​ အသားလုံးပြုတ်​​ တွေနဲ့ စားရတဲ့ ​ဆော့

Image may contain: food

မန်​ကျည်းရည်​ အ​ပေါ်ယံအကြည်​​လေးပါ​နော်​။ ဂျင်းက​တော့ ကိုယ်​တိုင်​မလုပ်​​တော့ဘူး လက်​ဖက်​ဆိုင်​က ဝယ်​လို​က်​တာ။ သကြား၊ ဆား၊ ငြုတ်​နီ၊ နှမ်း ထည့်​ရုံပါပဲဗျာ

>>>စားသောက်ဆိုင် (ဘာဂါ၊ကြက်ကင်) (73)<<<


၆။ ဘိတ်​ချဉ်​ ​ဆော့ပါ

Image may contain: food

အသားလုံး ထမင်း​ကြော်​နဲ့စား အရမ်း​ကောင်း။ ကြက်​သွန်​ဖြူ၊ ငြုတ်​စိမ်းကိုလှီး၊ ပဲငံပြာရည်​၊ သံပုရာ၊ သကြား ထည့်​ရုံနဲ့ ရပါပြီ။

 

Credit by Kyaw Lay Lay

 


Read 205 times
Rate :
(1 Vote)

Related items

  • လုံးဝပြန်နွေးမစားသင့်တဲ့အထဲမှာ ဘယ်အစားအစာတွေပါလဲ

    shutterstock-694624951.jpg

     

    အများစုက အိမ်မှာမကုန်ဘဲ ကျန်နေတဲ့အစားအစာတွေကို ရေခဲသေတ္တာထဲထည့်ပြီး နောက်တနေ့မနက်မှာ ပြန်နွှေးပြီးစားတတ်ကြပါတယ်။ ဒါဟာ ချွေတာရာရောက်ပေမယ့် တကယ့်တော့ ကျန်းမာရေးကို အရမ်းထိခိုက်စေပါတယ်။ အဲထဲမှာမှ လုံးဝပြန်နွေးစားဖို့မသင့်တော်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ဆောင်းတွင်းအေးအေးလေးမှာ ပုဇွန်တန်ပူရာကြော်ပူပူနွေးနွေးလေး လုပ်စားကြမယ်

    5991150503_1.jpg

     

    ပင်လယ်စာထဲမှာဆိုရင် အချိန်မရွေးအလွယ်တကူဝယ်လို့ရတာဆိုလို့ ပုဇွန်လေးတွေပဲရှိတယ်လေ။ ရာသီမရွေးစားနေရတော့ ပုဇွန်ကိုဆီပြန်တွေ၊ ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားတာတွေက ရိုးအီလာပြီလေ။ ဒီတော့ ပုဇွန်တန်ပူရာကြော်လေး လုပ်စားကြရအောင်။ စားသောက်ဆိုင်တွေမှာဆို ဈေးတအားကြီးပြီး နည်းနည်းပဲပါတော့ စားရတာမတန်ဘူးရယ်။

  • ပင်လယ်စာဂုံးချဉ်စပ်လုပ်စားဖို့ ဘာတွေလိုအပ်လဲ

    saffronmussels1_1.jpg

     

    ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင် သွားရောက် သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ချက်ရတာလည်းမြန် စားလို့ကောင်းတဲ့အတွက် ဂုံးချဉ်စပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.