Saturday, 23 November 2019 15:27

healthy-fruit-combinations-and-what-to-avoid.jpg

 

ဆောင်းဦးလည်းရောက်ပြီဆိုတော့ မနက်ပိုင်းတွေဆို အအေးဓာတ်လေးကလည်း ပိုလာပြီနော်။ ဒီလိုရာသီအကူးအပြောင်းကာလတွေမှာ ရာသီအလိုက် အသီးအနှံတွေကလည်း ပေါများလာတာကို တွေ့နေရစမြဲပါပဲ။ နှစ်တိုင်းမှာတွေ့နေရပေမဲ့လည်း ဘယ်တော့မှလည်းရိုးမသွားပါဘူး။ မျှော်ပြီးအရသာခံစားသုံးရတာက ကြည်နူးမှုတစ်ခုပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ အသီးအနှံလေးတွေအပြင် ဘယ်လို အလွယ်ဆုံးစားရမလည်းပါ ဖော်ပြပေးထားလို့ သိပ်ခေါင်းစားစရာ မလိုပါဖူးနော်။

ကီဝီသီး

ဈေးကြီးတာကစရေးတယ်ဆိုပြီး မတွေးလိုက်ပါနဲ့ ပရိသတ်ကြီးတို့ရေ။ တကယ်ကိုလည်း တစ်နှစ်မှာတစ်ခါဖောဖောသီသီအပြင် ဈေးသက်သက်သာသာလည်း ဒီလိုအချိန်ပဲရနိုင်တာမို့ လက်မလွှတ်ပဲ ဝယ်သာစားလိုက်ပါ။ ဒီအတိုင်းစားလို့လည်းရသလို ဒိန်ချဉ်နဲ့လည်း ဖျော်သောက်လို့ရပါတယ်နော်။

စတော်ဘယ်ရီ

မကြိုက်တဲ့သူ ခပ်ရှားရှားရယ်ပါနော်။ ဖျော်သောက်လို့လည်းရပါတယ်။ ဒိန်ချဉ်နဲ့ရောဖျော်လည်းရပါတယ်။ ရေခဲမုန့်နဲ့ တွဲဖက်စားလို့လည်းရပါတယ်။ သုပ်စားလို့ကတော့ အရသာဆန်းတစ်မျိုးနဲ့ အကြိုက်တွေ့စေမှာပါ။

Read More>>>ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားနေရတဲ့ BBQ ကို အိမ်မှာ အကုန်ကျသက်သက်သာသာနဲ့ လုပ်စားကြမယ်

ပိန်းဥ

စာရေးသူကတော့ အာလူးအစားထိုးလို့ပဲ ခေါ်လေ့ရှိပါတယ်။ ပြုတ်ပြီး ဆီနှင့်ဆားတို့ပြီးစားလို့ ရသလို စာရေးသူကတော့ ပုဇွန်အသေးလေးတွေနေဲ့ရောပြီး မဆလာများများလေးနဲ့ အရည်ကျဲဟင်းလေးချက်စားပါတယ်။

ဖရဲသီး

တော်တော်ကိုဖောဖောသီသီလေးတွေ့နိုင်ပါတယ်။ စာရေးသူကတော့ ဖျော်သောက်ရတာ ပိုကြိုက်တယ်။

>>>သစ်သီးအမျိုမျိုးအရောင်းဆိုင်များ (16)<<<

ကြံ

နွေဘက်ရတဲ့ကြံနဲ့နည်းနည်းတော့ ကွာပါတယ်။ အရောင်ပိုညိုပြီး အရမ်းကြီးမချိုပါဖူး။ ဒီအတိုင်းကိုက်စားရတာ ပါးစပ်ညောင်းပေမဲ့ အရသာတော့ရှိလှပါတယ်။ အရည်ညှစ်သောက်ရင်လည်း တကယ့်ကို ချိုပြီး ရင်အေးစေပါတယ်။

ဒါဆိုရင် ရာသီပေါ်သီးနှံဘာတွေလည်းရှာနေစရာမလိုတော့သလို ဘယ်လိုစားရမလည်းဆိုတာကို ခေါင်းခဲပြီးတွေးနေစရာမလိုတော့ဖူးပေါ့နော်။

Doemal


Read 150 times Last modified on Saturday, 23 November 2019 15:55
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.