Tuesday, 19 November 2019 15:55

7c141e06abce6d7292894c8dfb6402573861e38d_1.jpg

အခုဆိုရင် ရာသီဥတုက အေးစပြုလာပြီဆိုတော့ ပူပူနွေးနွေး BBQ လုပ်စားဖို့ တကယ့်အချိန်ကောင်းပါပဲ။ မီးဖိုနွေးနွေးလေးဘေးမှာ အချမ်းဓာတ်လှုံရင်း အရသာရှိတဲ့ BBQ တွေကင်စားလိုက်ရင် လုံးဝရှယ်ပဲနော်။

BBQ ဆိုလို့ဆိုင်တွေမှာ ဈေးကြီးပေးပြီးသွားစားရတာ သိပ်တော့တွက်ချေမကိုက်ဘူးရယ်။ ဒီတော့ မိသားစုတွေအိမ်မှာစုပြီး  ပျော်ပျော်ပါးပါးနဲ့ အဝစားနိုင်ဖို့ BBQ လုပ်နည်းလေးကို ပြောပြပေးမယ်နော်။

>>>ကိတ်နှင့် မုန့်ဖုတ်လုပ်ငန်းများ (237)<<<

BBQ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

-ကြက်ရင်ပုံ/ပေါင်

-ဝက်သုံးထပ်သား

-ကြက်တောင်ပံ

-ကင်းမွန်

-ပုဇွန်

-တခြားကြိုက်နှစ်သက်ရာအသားများ

-ပျားရည်

-ဆား

-ကြက်သားမှုန့်

-ငရုတ်သီးအစိမ်းမှုန့်

-ကြက်သွန်ဖြူ/ဂျင်းထောင်း

-မဆလာ

Read More>>>လူကြိုက်များတဲ့ အပ်မှိုစားသုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

ပြုလုပ်ပုံကတော့-

(၁) မစားခင် အနည်းဆုံး(၅)နာရီအလိုလောက်မှာ အသားကိုကင်မယ့် အရွယ်အစားအတိုင်း လှီးဖြတ်ထားပါ။

(၂) စိတ်ကြိုက်လှီးပြီးသား အသားတွေကို ကြက်သွန်ဖြူ/ဂျင်းထောင်း၊ ပျားရည်၊ ငရုတ်သီးအစိမ်းမှုန့်၊ မဆလာ၊ ဆား၊ ကြက်သားမှုန့်တို့နဲ့ရောနယ်ပြီး (၅)နာရီခန့်နှပ်ထားပေးပါ။ မစားခင်အချိန်ထိ ရေခဲသေတ္တာထဲမှာထည့်ထားပါ။

(၃) ကင်တော့မယ့်အချိန်မှာ မီးသွေးဖို (သို့) အကင်စက်လေးပေါ်တင်ပြီး မီးအေးအေးနဲ့ဖြေးဖြေးချင်းကင်ပေးပါ။ မီးတောက်လာရင်တော့ ပဲငံပြာရည်အကြည်လေးနဲ့ သုတ်သုတ်ပေးပါ။

(၄)-အသားအရောင်နီမြန်းလာပြီး အသားအတွင်းထဲကျက်သွားပြီဆိုရင်တော့ အသင့်စားနိုင်တဲ့ BBQ လေးတွေရရှိပါပြီနော်။

(၅) BBQ နဲ့တို့စားဖို့အတွက် ဆော့စ်ကိုတော့ မန်ကျည်းနှစ်ကိုပျစ်ပျစ်လေးဖျော်၊ ငံပြာရည်ထည့်၊ ကြက်သွန်ဖြူ၊  ငရုတ်သီးစိမ်း၊ ထန်းလျက်ခဲတွေထောင်းထည့်ပြီး ဆော့စ်ပြုလုပ်ပေးလို့ရပါတယ်နော်။

 

Credit; foodie Navi


Read 167 times Last modified on Tuesday, 19 November 2019 16:16
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.