Tuesday, 05 November 2019 15:33

AdobeStock_162886390.jpg

မရောနိစ်ဟာဆိုရင်တော့ လူကြိုက်အများဆုံး ဆော့စ်တွေထဲကတစ်ခုဖြစ်သလို အသီးအရွက်သုပ်၊ ဆင်းဒဝှစ်ခ်ျ၊ ဟမ်ဘာဂါနဲ့ ပေါင်မုန့်၊ အချိုပွဲ စတာတွေမှာပါ ထည့်သွင်းစားသုံးလေ့ရှိကြတာပါ။ ဗီတာမင် အေ၊ဒီ၊ အီးနဲ့ Omega 3, Omega 6 fatty acid တို့ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရောဓာတ်တွေ မပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း သင့်တော်တဲ့ဆော့စ်တစ်မျိုး ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ အစားအသောက်ကြိုက်သူတွေ အများစုကြိုက်နှစ်သက်ကြတဲ့ မရောနိစ်ကို အိမ်မှာလွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့်နည်းလမ်းပဲ ဖြစ်ပါတယ်။

မရောနိစ်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံး၊ သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြားအနည်းငယ်၊ ဆားလက်ဖက်ရည်ဇွန်း တဝက်ခန့်နဲ့ ဆီတို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ထည့်မွှေဖို့ သန့်ရှင်းခြောက်သွေ့တဲ့ ဇလုံခပ်ကြီးကြီးတခုနဲ့ မွှေတံတို့လည်း လိုအပ်ပါတယ်။

Read More>>>ဓာတ်ပုံဝါသနာရှင်တွေသွားရောက်သင့်တဲ့ မန္တလေးမြို့ရဲ့အလှဆုံးနေရာများ

ပထမဦးဆုံးအနေနဲ့ ကြက်ဥကို အကာနဲ့အနှစ် သေချာခွဲပြီး အနှစ်ကို မွှေမယ့်ဇလုံထဲ ထည့်ပေးပါ။ ပြီးရင်တော့ ကြက်ဥအနှစ်ထည့်ထားတဲ့ ဇလုံထဲကို သံပရာရည်၊ ရှာလကာရည်နဲ့ဆားတို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။

ပါဝင်ပစ္စည်းတွေ အားလုံးသမသွားပြီး ခပ်ပျစ်ပျစ်အနေအထားကို ရောက်ရင်တော့ ဆီကို ဖြည်းညင်းစွာထည့်ကာ အဆက်မပြတ်မွှေပေးရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းပျစ်လာပြီး ကြက်ဥနှစ်ရောင်ကနေ အဖြူရောင်ဖြစ်လာတဲ့အထိ မွှေပေးနေရမှာပါ။

>>>စားသောက်ဆိုင်များ (2146)<<<

ဆက်ပြီးမွှေပေးနေရာကနေ အဖြူရောင်ဖြစ်လာပြီဆိုရင်တော့ သန့်ရှင်းခြောက်သွေ့ပြီး လေလုံတဲ့ပုလင်းတစ်လုံးထဲ ထည့်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ ဒီ Homemade Mayonnaise ဆော့စ်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းစားမယ်ဆိုရင်တော့ တပတ်လောက်အထိ အထားခံမှာဖြစ်ပြီး ကြာရှည်ခံတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် ကျန်းမာရေးအတွက် စိတ်ချလက်ချ စားသုံးနိုင်မှာဖြစ်ပါတယ်။

Source; ဧရာဝတီ

 


Read 58 times Last modified on Tuesday, 05 November 2019 15:47
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.