Wednesday, 23 October 2019 10:50

332d4a3766768f28d667_1.jpg

 

ဖရဲသီးကို အရည်ရွှမ်းပြီးချိုမြတဲ့  အသားကိုပဲ အများစုက စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံက ဘယ်လိုအကျိုးပြုနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

ဖရဲသီး အသားမှာလိုပဲအခွံမှာရေဓာတ် အပြည့်အဝပါဝင်ပါတယ်။ ဒီလို ရေဓာတ်ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓာတ်အလုံအလောက်ရရှိမှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။

 

ဖရဲခွံသားကဗီတာမင် C ၊ B6  နဲ့   A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့် ရရှိနိုင်ပါတယ်။ ဗီတာမင် စီပါဝင်လို့ free radical ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီးကိုယ်ခံအားကို ကောင်းစေပါတယ်။

 

Read More>>>မန္တလေးရောက်ရင် မဖြစ်မနေဝင်သင့်တဲ့ မြန်မာထမင်းဆိုင် (၁၁) ဆိုင်

 

ဖရဲသီးအခွံသားကိုစားရင်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

 

သွေးတိုးထိန်းပေးနိုင်တယ်

 

ဖရဲသီးအခွံသားကသွေးတိုးကို ကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးဖိအားကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

 

ကျောက်ကပ်မှာကျောက်ကြေစေတယ်

 

ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကိုထိန်းညှိ၊ ထိန်းသိမ်းပေးတာ ဖြစ်လို့ ကျောက်ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကိုကြေကျစေပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသနိုင်တယ်

 

ဖရဲသီးအခွံရဲ့ ရေဓာတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့ အာနိသင်က ဆီးပိုးဝင်ခြင်းကို ကုသရာမှာထိရောက်စေမှာပါ။ ဒါ့ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကိုသောက်နိုင်ပါတယ်။

 

>>>>သစ်သီးအမျိုမျိုးအရောင်းဆိုင်များ (14)<<<<

ကိုယ်အလေးချိန်ကျစေတယ်

 

ဗီတာမင် C  ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီးအမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။

 

 

ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်

 

ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဖောရောင်မှုတွေကျိုလျာ့ပါးစေပါတယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

 

 

ရောင်ရမ်းမှုလျော့ကျစေတယ်

 

ဖရဲသီးခွံမှာပါတဲ့ lycopene ဓာတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျစေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက် ကောင်းတဲ့ beta carotene ဓာတ်လည်း တော်တော်လေးပါဝင်ပါတယ်။

 

 

Source; Myanmar Times

 


Read 205 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.