Wednesday, 09 October 2019 17:21

shake_2.jpg

 

ေဖ်ာ္စက္ဟာ အရမ္းအသုံးဝင္တဲ့ မီးဖိုေခ်ာင္သုံးပစၥည္းတခု ျဖစ္ပါတယ္။ အိမ္ရွင္မေတြကို အလုပ္ရႈပ္သက္သာေစတဲ့ အရာဆိုလည္း မမွားပါဘူး။

အသီးအႏွံေတြကို ေဖ်ာ္စက္ထဲထည့္ၿပီး ေဖ်ာ္ၾကတယ္ ဆိုေပမယ့္ ထည့္မေဖ်ာ္သင့္တဲ့ အစားအေသာက္ေတြ ရွိပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ ေဖ်ာ္စက္ထဲ ထည့္မေဖ်ာ္သင့္တဲ့ အစားအေသာက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အစိမ္းေရာင္ မရြက္မာ်း

အစိမ္းေရာင္ အ႐ြက္ေတြကို ေဈးကဝယ္လာၿပီးၿပီးခ်င္ ေဖ်ာ္စက္ထဲ ထည့္မေဖ်ာ္သင့္ပါဘူး။ ေဖ်ာ္စက္က ေမာ္တာက အ႐ြက္ကိုေတာင္ အေရာင္ေျပာင္းေစတာေၾကာင့္ ၅ မိနစ္ခန႔္ ေရခဲေသတၱာထဲမွာ ထားၿပီးမွသာ ေဖ်ာ္ဖို႔ တိုက္တြန္း ခ်င္ပါတယ္။

အမွ်င္ဓာတ္မ်ားေသာ အစားအစာမ်ား

အမွ်င္ဓာတ္မ်ားတဲ့ အစားအစားေတြကိုေတာ့ ေဖ်ာ္စက္ထဲ လုံးဝ ထည့္မေဖ်ာ္သင့္ပါဘူး။ သင့္ရဲ႕ ေဖ်ာ္စက္က ဘယ္ေလာက္ပဲ ေကာင္းေနေစဦးေတာ့ မထည့္သင့္ဘူးလို႔ စားဖိုမႉးေတြက အႀကံေပးထားၾကပါတယ္။

ေအးခဲေနေသာ အသီးမ်ား

ေအးခဲေနတဲ့ အသီးေတြကို ေဖ်ာ္စက္ထဲ ထည့္ၿပီး ေဖ်ာ္ေသာက္မယ္ဆိုရင္ ခဲခ်င္ခ်င္ျဖစ္ေနတဲ့ ေဖ်ာ္ရည္ကို ရနိုင္ေပမယ့္ စက္ကို ပ်က္စီးပါတယ္။ ေဖ်ာ္စက္ထဲကို ေရခဲ အတုံးလိုက္ ထည္ၿပီး ေဖ်ာ္ျခင္းက စက္မွာပါတဲ့ အသြားေတြကို က်ိဳးပဲ့ေစနိုင္ပါေသးတယ္။

Read More>>>ငရုတ္္သီးအစပ္ေတြ စားျခင္းဟာ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္လား

အခြံမာေစ့မ်ား

အခြံမာေစ့ေတြအျပင္ ေကာ္ဖီေစ့နဲ႕ ပဲေစ့ေတြကို ေဖ်ာ္စက္ထဲ ထည့္မႀကိတ္သင့္ပါဘူး။ အခြံမာေစ့ေတြကို ထည့္ႀကိတ္ျခင္းက ေစးကပ္ကပ္အႏွစ္ေတြကို ျဖစ္ေစနိုင္ၿပီး တခ်ိဳ႕စက္ေတြဆိုရင္ အရမ္းမာတဲ့ အေစ့ေတြကို ႀကိတ္ရတဲ့ အတြက္ အသြားက်ိဳးတာေတြ ျဖစ္တတ္ပါတယ္။

အနံ႔ဆိုးေသာ အစားေသာက္မ်ား

ေဖ်ာ္စက္ထဲကို ၾကက္သြန္၊ င႐ုတ္ေကာင္း၊ စတဲ့ အစားအေသာက္ေတြ ထည့္ၿပီး ႀကိတ္မယ္ဆိုရင္ ခဏတာဟင္းခ်က္ဖို႔ အဆင္ေျပသြားေပမယ့္ စက္မွာ အနံ႕စြဲေနတတ္ပါတယ္။ ၾကက္သြန္ျဖဴ စတဲ့ အရာေတြဟာ အနံ႕ျပင္းလြန္းတာေၾကာင့္ တခါတေလမွာ စက္ကို ေသခ်ာေဆးရင္ေတာင္ အနံ႕ရေနတတ္တာေၾကာင့္ ထည့္မႀကိတ္တာ အေကာင္းဆုံးပဲ ျဖစ္ပါလိမ့္မယ္။

>>>စားေသာက္ဆုိင္မ်ား<<<

Unicode

ဖျော်စက်ဟာ အရမ်းအသုံးဝင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတခု ဖြစ်ပါတယ်။ အိမ်ရှင်မတွေကို အလုပ်ရှုပ်သက်သာစေတဲ့ အရာဆိုလည်း မမှားပါဘူး။ အသီးအနှံတွေကို ဖျော်စက်ထဲထည့်ပြီး ဖျော်ကြတယ် ဆိုပေမယ့် ထည့်မဖျော်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အစိမ်းရောင် မရွက်မာျး

အစိမ်းရောင် အရွက်တွေကို ဈေးကဝယ်လာပြီးပြီးချင် ဖျော်စက်ထဲ ထည့်မဖျော်သင့်ပါဘူး။ ဖျော်စက်က မော်တာက အရွက်ကိုတောင် အရောင်ပြောင်းစေတာကြောင့် ၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှာ ထားပြီးမှသာ ဖျော်ဖို့ တိုက်တွန်း ချင်ပါတယ်။

အမျှင်ဓာတ်များသော အစားအစာများ

အမျှင်ဓာတ်များတဲ့ အစားအစားတွေကိုတော့ ဖျော်စက်ထဲ လုံးဝ ထည့်မဖျော်သင့်ပါဘူး။ သင့်ရဲ့ ဖျော်စက်က ဘယ်လောက်ပဲ ကောင်းနေစေဦးတော့ မထည့်သင့်ဘူးလို့ စားဖိုမှူးတွေက အကြံပေးထားကြပါတယ်။

Read More>>>အဝတ္ေလွ်ာ္စက္ထဲမွာ ခုိေအာင္းေနတဲ့ ပုိးမႊားျပႆနာကို ဘယ္လုိေျဖရွင္းမလဲ

အေးခဲနေသော အသီးများ

အေးခဲနေတဲ့ အသီးတွေကို ဖျော်စက်ထဲ ထည့်ပြီး ဖျော်သောက်မယ်ဆိုရင် ခဲချင်ချင်ဖြစ်နေတဲ့ ဖျော်ရည်ကို ရနိုင်ပေမယ့် စက်ကို ပျက်စီးပါတယ်။ ဖျော်စက်ထဲကို ရေခဲ အတုံးလိုက် ထည်ပြီး ဖျော်ခြင်းက စက်မှာပါတဲ့ အသွားတွေကို ကျိုးပဲ့စေနိုင်ပါသေးတယ်။

အခွံမာစေ့များ

အခွံမာစေ့တွေအပြင် ကော်ဖီစေ့နဲ့ ပဲစေ့တွေကို ဖျော်စက်ထဲ ထည့်မကြိတ်သင့်ပါဘူး။ အခွံမာစေ့တွေကို ထည့်ကြိတ်ခြင်းက စေးကပ်ကပ်အနှစ်တွေကို ဖြစ်စေနိုင်ပြီး တချို့စက်တွေဆိုရင် အရမ်းမာတဲ့ အစေ့တွေကို ကြိတ်ရတဲ့ အတွက် အသွားကျိုးတာတွေ ဖြစ်တတ်ပါတယ်။

အနံ့ဆိုးသော အစားသောက်များ

ဖျော်စက်ထဲကို ကြက်သွန်၊ ငရုတ်ကောင်း၊ စတဲ့ အစားအသောက်တွေ ထည့်ပြီး ကြိတ်မယ်ဆိုရင် ခဏတာဟင်းချက်ဖို့ အဆင်ပြေသွားပေမယ့် စက်မှာ အနံ့စွဲနေတတ်ပါတယ်။ ကြက်သွန်ဖြူ စတဲ့ အရာတွေဟာ အနံ့ပြင်းလွန်းတာကြောင့် တခါတလေမှာ စက်ကို သေချာဆေးရင်တောင် အနံ့ရနေတတ်တာကြောင့် ထည့်မကြိတ်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

Source: Burma irrawaddy

 


Read 307 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.