Wednesday, 09 October 2019 17:00
shutterstock_1182925042-1024x683_1.jpg
Read More>>>သင့် ဖုန်းမှာ Storage ပြည့်သွားလို့ ဒေတာများ သိမ်းလို့ မရတော့ပါဘူးဆိုရင်...
>>>စားသောက်ဆိုင်များ<<<
Unicode
“ငရုတ်သီး တွေ သိပ်မစားဖို့ သတိပေးတဲ့ စကားဟာ” ငရုတ်သီး စွဲစွဲ မြဲမြဲ စားသူတွေ အမြဲ လိုလို ကြားရတဲ့ စကားဖြစ်ပါတယ်။ “အစပ် မပါရင် ထမင်းစားရတာ ဘာလို လို့ လိုနေမှန်း မသိဘူး” ဆိုတဲ့ စကားဟာလည်း အစပ် ကြိုက်သူ တွေရဲ့ လက်စွဲ စကားပင် မဟုတ်ပါလား။ လေ့လာ တွေ့ရှိချက် အသစ်တွေအရ ဆိုရင် ငရုတ်သီး အစပ် စားခြင်းဟာ ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်ပါသတဲ့။
၁။ ငရုတ်သီးထဲမှာ Calcium ၊ vitamins A ၊ C နှင့် အခြား ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ vitamins ဓါတ်တွေ ပါဝင်ပါသတဲ့။
၂။ ခန္ဓာကိုယ် အလေးချိန် ထိန်းညှိလိုသူ တွေ အဖို့လည်း ငရုတ်သီးကို စားသင့်ပါသတဲ့။ အပူ ၊ အစပ် တွေကို စားသုံးလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ် ရဲ့ အပူချိန်ကို မြှင့်တက်စေပြီး ၊ ယင်းဟာ ဇီဝ ရုပ်ဖြစ်ပျက်မှုကို လျှင်မြန်စေပြီး ၊ အဆီ လောက်ကျွမ်းမှု နှုန်းကို ထောက်ပံ့ ပေးပါသတဲ့။ စားလိုက်တဲ့ အစားထဲက အဆီ စုပ်ယူ နိုင်မှုကို ဟန့်တား နိုင်သည်ကို လည်း တွေ့ရပါတယ်။
Read More>>>ကိုယ့်အိမ်မှာပဲ အရသာရှိတဲ့ Sandwich လုပ်စားဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းများ
၃။ အင်ဆူလင် ပမာဏ ကိုလည်း ထိန်းပေးပြီး၊ ဆီးချို သွေးချို ရောဂါ အားလည်း ဟန့်တားစေပါတယ်။
၄။ Blood pressure lowering ဖြစ်စေတဲ့ သွေးကြောတွေကို ချဲ့ပေးနိုင်ခြင်း နှင့် သွေးလည်ပတ်မှု အားကိုလည်း ကောင်းစေပါတယ်။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါ တွေ အတွက်လည်း အစပ် စားပေးခြင်းဖြင့် သက်သာစေပါသတဲ့။
၅။ သက်ကြီးရွယ်အို တွေ အနေနဲ့လည်း တစ်ပတ်မှာ ခြောက်ကြိမ် ကနေ ၊ ခုနှစ်ကြိမ်ထိ အစပ် စားပေးခြင်းအားဖြင့် အချိန်မတိုင်မီ သေဆုံးခြင်းအား ကာကွယ်ပေး နိုင်မှာ ဖြစ်ပါတယ်။
၆။ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ ၊ အူမကြီးကင်ဆာ အပါအဝင် အခြား ကင်ဆာများ နှင့် ပတ်သတ်၍ ကင်ဆာ ဆဲလ် တွေ ကြီးထွားခြင်း အားလည်း ဟန့်တားပေးနိုင်ပါတယ်။
၇။ အဆစ်ရောင်နာ စသည့် ခန္ဓာကိုယ် အတွင်းပိုင်း နာကျင်မှု တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
အစပ် စားခြင်းဟာ ပျော်ရွှင်စေပါသတဲ့။ အဘယ်ကြောင့်ဆိုသော စပ်သော အရသာ ရှိသည့် အစားအစာများသည် ဦးနှောက် အတွင်း ရှိ ပျော်ရွှင်စေသော ဟော်မုန်းတွေကို ထွက်စေသောကြောင့်ဖြစ်ပါတယ်။
My Mandalay
Read 102 times
Rate :
(4 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.